တီဗွီရှေ့မှာ အစားစားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကလေးတွေကို ပိုဝစေ

ပို့စ်တင်ချိန် - 5/08/2014 07:09:00 PM


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တီဗွီရှေ့မှာ အစားစားလေ့ရှိရင် မွေးလာတဲ့ကလေးတွေကို အ၀လွန်စေတယ်လို့ သုတေသနသစ်တစ်ရပ်က ဆိုပါတယ်။ အစားစားတုန်း တီဗွီကြည့်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တီဗွီရှေ့မှာ အထိုင်များတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။ ကလေးက အစာဝမှန်းမသိ မ၀မှန်းမသိ သတိမမူမိဘဲ အစာဆက်ကျွေးနေမိတတ်တာကြောင့် ဒါမျိုးမလုပ်သင့်ပါဘူး။ ကလေးတွေ လိုအပ်တဲ့ အစာပမာဏထက် ကျော်တဲ့အခါ ကလေးတွေက အ၀လွန်လာတော့တာပါပဲ။

“ကိုယ်ဝန်ဆောင်တုန်းမှာ မိခင်က ကျန်းမာရေးနဲ့ကိုက်ညီတဲ့ မီဒီယာအလေ့အကျင့်ကို အားပေးလိုက်မယ်ဆိုရင် မွေးကင်းစ ကလေးငယ်ရဲ့ အစာစားချိန်၊ မီဒီယာ ထိတွေ့မှု နဲ့ မီဒီယာကြည့်တဲ့ ရေရှည် အကျင့်တွေကို လျှော့ချပေးနိုင်ပါတယ်။ မိခင်ဖြစ်မယ့်သူက ကိုယ်ဝန်ဆောင်နေတုန်း တီဗွီကြည့်ပြီး အစာစားတဲ့ အကျင့်ကို လျှော့ချပေးခြင်းဟာ မွေးကာစကလေး အ၀လွန် တားဆီးရေး အစီအစဉ်တွေအတွက် သိပ်ကို အရေးပါပါတယ်။” သုတေသနစာတမ်းပြု ခေါင်းဆောင် ဒေါက်တာ Mary Jo Messito ကပြောပါတယ်။

Ref:dailymail.co.uk
Trend Myanmar