မြန်မာနိုင်ငံမှ ရွှေချောင်းများသယ်လာသူ ဘင်္ဂလားဒေ့ရှ်တွင် အဖမ်းခံရ

ပို့စ်တင်ချိန် - 5/08/2014 04:02:00 PM


စစ်တကောင်း၊ မေ ၇

ဘင်္ဂလားဒေ့ရှ်ငွေကြေး တာကာ သုံးသန်းခန့် (မြန်မာငွေသိန်းပေါင်း ၃၇၀ ကျော်) တန်ဖိုးရှိသော ရွှေချောင်း ခြောက်ချောင်းနှင့် တွေ့ရသော မြန်မာနိုင်ငံသားတစ်ဦးကို အင်္ဂါနေ့ စောစောပိုင်းတွင် စစ်တကောင်းမြို့ရှိ ရှား အမာနတ်တံတားဒေသမှ ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံ၊ မောင် တောမြို့၊ (၅) ရပ်ကွက်မှ ဟာစုမီယဉ်၏သား မိုဟာမက်ဆာလမ် (၄၀)နှစ် ဖြစ်သည်ဟု ဆိုသည်။

ဘာကိုဂျီယာရဲစခန်းမှ ကြီးကြပ်သူ ရဲအရာရှိ မိုဟာမက်မိုဆင်က ဆာလမ်သည် ရှားအမာနတ်တံတားဒေသ တွင် မသင်္ကာဖွယ် ဟိုဟိုသည်သည် လျှောက်နေစဉ် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းအား ရှာဖွေသည့်အခါ စီးလာသည့် ဖိနပ်အတွင်း သေချာစွာထည့်ယူလာသော ရွှေချောင်း ခြောက်ချောင်း ကို တွေ့ရသည်ဟု ရဲက ပြောသည်။

စစ်ဆေးမေးမြန်းသည့်အခါ မြန်မာနိုင်ငံမှ လူတစ်ဦးက ၎င်းအား ထိုရွှေချောင်းများကို သူ့အားပေးလိုက်ပြီး ရှာ အမာနတ် တံတားသို့ သယ်ဆောင်သွားရန်နှင့် ထိုတံတားတွင် တစ်စုံတစ်ဦးက သူ့အား လာတွေ့မည်ဟု ပြောကြောင်းသိရသည်ဟု ရဲ တပ်ဖွဲ့ကဆိုသည်။

ဆာလမ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တဲခ်နတ်ဖ်ဆိပ်ကမ်းမှတစ်ဆင့် မေ ၂ ရက်တွင် ၀င်ရောက်ခဲ့ သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

သည်ဆန်း ဒေးလီး
Mizzima Burmese