တယ်လီဖုန်းလိုင်း မကောင်းတာကို သည်းခံတော်မူကြပါတဲ့

ပို့စ်တင်ချိန် - 11/13/2013 12:11:00 PM


အခုတလော မြန်မာပြည်မှာ တယ်လီဖုန်းတွေဆက်ရတာ အဆင်မပြေဘူး။ တခါတခါ ဖုန်းပြောနေရင်းက လိုင်းကျသွား တတ်တယ်။ ခေါ်ရင်လည်း ဖုန်းနံပတ် တခုကို အနည်းဆုံး ၂ ခါ၊ ၃ ခါလောက် ခေါ်နေရတယ်။ ဒါတောင် လူကြီးမင်းနဲ့ တွေ့ ရင်တွေ့မတွေ့ရင် အလုပ်များနေတတ်ပြန်တယ်။

တယ်လီဖုန်းနဲ့ အင်တာနက် သုံးရတာ က လည်း အဆင်မပြေဖြစ်နေတာ တွေ ဆက်တိုက်ကြုံတွေ့နေ ရ တာပါ။

ပြောရရင် အခုရက်ပိုင်း မြန်မာပြည် တယ်လီဖုန်းလိုင်းတွေ မကောင်း ဖြစ်နေတာတွေကို ဆက်သွယ်ရေး ဒုဝန်ကြီး ဖြေကြား ချက်ကို ရှမ်းပြည်နယ် သီပေါလွှတ်တော်အမတ် ဦးရဲထွန်းက အခုလို သူ့ဖေ့စ်ဘုတ်က တဆင့် တင်ပြလာပါတယ်။

“ဆက်သွယ်ရေး ဒုဝန်ကြီးဖြေကြားချက်မှာ-

ဖုံးလိုင်း မ ကောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အောက်ခြေကို မေးမြန်းကာ ကောင်းအောင်ဆောင် ရွက်ပေးမည်။ အင်တာနက်ဆက်သွယ်ရေး SEA GAME အမှီ အကောင်းဆုံးဖြစ်စေ ရန် ပြုပြင်ဆောင် ရွက်နေဆဲကာလဖြစ်၍ ခေတ္တခဏ ပြတ်တောက်ခြင်း နှေးခြင်း များဖြစ်နေအုံးမည်။ ယခုလကုန် လောက်အထိ သီးခံ စောင့်ဆိုင်းပေးပါ ဟုဆိုပါသည်။”တဲ့။

အားလုံးပဲ သည်းခံစောင့်ဆိုင်းပေးကြပါတဲ့။
Irrawaddy