ဒီဇင်ဘာ၂ရရက်တွင် ကမ္ဘာ့ဆုဖလားကြီးကို သုဝဏ္ဏအမျိုးသားအားကစားရုံ၌ ပြသသွားမည်

ပို့စ်တင်ချိန် - 11/13/2013 02:56:00 PM


[ ညီသစ်လူ ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ]

မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် ယူဆောင် လာမည့် ရွှေသားအစစ်ဖြင့် ပြု လုပ်ထားသည့် ကမ္ဘာ့ဖလားကြီး ကို ဒီဇင်ဘာ၂ရရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏအမျိုးသားအားက စားရုံ(၁)၌ ပြသမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။ယင်းဆုဖလားကို မြန်မာ နိုင်ငံအပါအဝင် တစ်ကြိမ်မှလက်ခံ ပြသခဲ့ဖူးခြင်းမရှိသည့်နိုင်ငံပေါင်း ၅၀ ကို ပထမဆုံးအကြိမ်အဖြစ် လှည့်လည်ပြသမည်ဖြစ်သည်။

ဖီဖာကမ္ဘာ့ဖလား မြန်မာ နိုင်ငံသို့ရောက်ရှိလာခြင်းနှင့်ပတ် သက်၍ ကိုကာကိုလာမြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါ ရိုက်တာRommel p. fuente-bella က''ဒီဆုဖလားကို မြန်မာ နိုင်ငံကိုယူဆောင်လာခွင့်ရရှိတဲ့ အတွက် အလွန်အမင်းစိတ်လှုပ် ရှားမိတယ်။ အထူးသဖြင့် ဖီဖာ နဲ့ ကိုကာကိုလာက အတူယူ ဆောင်လာမယ့် ကမ္ဘာ့ဆုဖလား ကြီးကို ကိုယ်တိုင်မြင်တွေ့ခွင့်ရ တာဟာ မမေ့နိုင်တဲ့ အတွေ့အ ကြုံတစ်ရပ်ပါ''ဟု ၎င်းကပြော သည်။

အဆိုပါဆုဖလားသည် အ မြင့် ၁၄ဒသမ၅လက်မ၊ အလေး ချိန် ၁၃ဒသမ၆၁ပေါင်ရှိပြီး ၁၈ ကာရက်ဖြင့် ရွှေအတိသွန်းလုပ် ထားခြင်းဖြစ်ပြီး ကမ္ဘ္ဘာ့ဖလားပြိုင် ပွဲတိုင်းတွင် ဗိုလ်စွဲသည့်အသင်း များအနေဖြင့် ယင်းဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိသော်လည်း အနိုင်ရရှိသည့်အသင်းအား ဆု ချီးမြှင့်ရာတွင်မူ ရွှေပြားကွပ်ထား သည့် ပုံစံတူဆုဖလားကိုသာ ပေး အပ်သည်။

ယင်းနှင့်ပတ်သက်၍ FIFA World Cup Tour မှတာဝန်ရှိသူ က ''၂၅ရက်နေ့မှ ရန်ကုန်ကို ရောက်မယ်။ ၂ရရက်နေ့မှာ ပြန် ထွက်မှာဖြစ်ပါတယ်။ ဘယ်သူ တွေလိုက်ပါလာမလဲဆိုတာတော့ နီးရင် အသေးစိတ်သတင်းထုတ် ပြန်ပေးသွားမယ်''ဟု ရန်ကုန်တိုင်းမ် သတင်းစာ၏မေးမြန်းချက်ကို အီးမေးလ်ဖြင့်ပြန်လည်ဖြေကြား ခဲ့သည်။

ယင်းကမ္ဘာ့ဖလားကို ဖီဖာ မှ နိုင်ငံပေါင်း၈၉နိုင်ငံသို့ လှည့် လည်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်လာရာတွင် ဖီဖာ၏ အ ဓိက စပွန်ဆာကုမ္ပဏီတစ်ခုဖြစ် သည့် ကမ္ဘာကျော် ကိုကာကိုလာ လည်းပါဝင်လာရာ မြန်မာနိုင်ငံ သို့ဝင်ရောက်ပြသနိုင်ရန် စီစဉ် ခြင်းဖြစ်သည်။
Yangon Media Group