ရန်ကုန်ရှိ တရုတ်တိုင်းရင်းဆေးခန်းများ နှင့် တရုတ်ဆေး ဆရာဝန်များကို ဆေးကုသခွင့် အစိုးရကတရားဝင်ခွင့်ပြုမထား

ပို့စ်တင်ချိန် - 12/14/2013 03:13:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။ ။ ရန်ကုန် တိုင်းဒေသကြီးတွင် တည်ရှိနေ သည့် တရုတ်ဆေးခန်းများနှင့် တရုတ်ဆေး ဆရာဝန်များကို ဆေးကုသခွင့်အတွက် အစိုးရပိုင်း မှ တရားဝင်ခွင့်ပြုထားခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ပြောကြားမှုအရ သိရသည်။

ဒီဇင်ဘာ ၁၂ရက်ကကျင်းပ သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် စမ်းချောင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က'တရုတ်ဆေး ခန်းများနှင့် တရုတ်ဆရာဝန်များ ကို ဆေးကုသမှုခွင့်ပြုရာတွင် သက် ဆိုင်ရာဆေးပညာတတ်ကျွမ်းမှု အထောက်အထားလိုင်စင်ရှိ/ မ ရှိ'သိရှိလိုကြောင်းမေးမြန်းမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှု ရေး ဝန်ကြီးကဖြေကြားရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီးအ တွင်း တရုတ်ဆေးခန်းများနှင့် တရုတ်ဆေး ဆရာဝန် များအား ခွင့်ပြုချက်မရှိက ဆေးကုသခွင့်မ ပေးပါ။ ယနေ့အထိခွင့်ပြုထား သော တရုတ်ဆေးခန်း၊ တရုတ် ဆေးဆရာဝန်များ မရှိသေးပါ''ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက လွှတ်တော် မေးခွန်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန် မြို့တွင်အများအပြားပေါ်ပေါက် လာနေသည့် ခေတ်မီနည်းဖြင့်ဆေး ကုသပေးမည်ဆိုသည့် တရုတ်ဆေး ခန်းများကြောင့် သာမန်ပြည်သူ များ ငွေကြေးကုန်ကျမှု များနှင့် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်နေ သည့်အပေါ်တွင် အဆိုပါဆေးခန်း များသည် အစိုးရအဖွဲ့၏ တရား ဝင်အသိအမှတ်ပြုဆေးခန်းများ ဟုတ်/မဟုတ်ကို စမ်းချောင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က မေးမြန်းခဲ့ခြင်းဖြစ် သည်။

တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဝန်ကြီးက အဆိုပါခွင့်ပြုချက်မ ရှိဘဲဆေးခန်းဖွင့် လှစ်ထားသည့် ဆေးခန်းများကို စစ်ဆေးအရေး ယူခြင်းများပြုလုပ်ရန် သက်ဆိုင် ရာမြို့နယ်ဆေးမှူး၊ ခရိုင်ဆေး မှူးများကို ညွှန်ကြားထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နကိုလည်း တရားမဝင်ဆေးခန်း များကိုစစ်ဆေးအရေးယူခိုင်း ထားကြောင်း ဖြေကြားခဲ့သည်။

လွန်ခဲ့သည့်အောက်တိုဘာ လအတွင်းက ရန်ကုန်မြို့တွင်းရှိ တရုတ်တိုင်း ရင်းဆေး ခန်းတစ်ခု တွင် အမျိုးသမီးတစ်ဦး သာမန် ခြေချော် လဲမှုတစ်ခုကို တရုတ်တိုင်း ရင်းဆေးဝါးဖြင့် ဆေးကု သသည့် ဆေးခန်းတစ်ခု ကိုပြသဆေးကု သမှုခံယူခဲ့ရာမှ ခြေထောက်ဖြတ် ခဲ့ရသည်အထိ ဘေးထွက် ဆိုးကျိုး ဖြစ်ပေါ်ခဲ့မှုကို နစ်နာသူကာယကံ ရှင်များက ပြည်တွင်းမီဒီယာများ ကို ထုတ်ဖော်ပြောကြားမှုများပြု လုပ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ကျော်ဇေယျ
Yangon Media Group