ကော့မှူးမြို့နယ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲ

ပို့စ်တင်ချိန် - 12/14/2013 03:03:00 PM




ကော့မှူးမြို့နယ်- ဒီဇင်ဘာ၁၄

ကော့မှူးမြို့နယ် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ ဦးဌေးဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံန့က်က ဟောပြော ရှင်းလင်းသည်။

အခမ်းအနားကို နံနက် ၈:၃၀ နာရီစတင်ပြီး ၁၁နာရီကျော်တွင်ပြီးဆုံးသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးသည်။

နေ့လည် ၁း၀၀နာရီတွင် ကော့မှူးမြို့နယ် ပညာရေးမှူးရုံးတွင် ဆိုလာမီးအိမ်များ လှုဒါန်းမည်ဖြစ်ပြီးဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးမည်ဟုသိရသည်။

ကော့မှူးမြို့နယ်မှ နေ့လည် ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွါမည် ဖြစ်သည်။
Popular Myanmar News Journal