ပွဲကြီးပွဲကောင်းဖြစ်လာမယ့် မြန်မာနဲ့ထိုင်း ဘောလုံးပွဲ

ပို့စ်တင်ချိန် - 12/14/2013 11:47:00 AM



ပွဲမစခင် ရက်ပေါင်းများစွာကတည်းက လက်မှတ်အတွက် ကြိုးစားကြရ ၀င်ခွင့်ကဒ်တွေလုပ်ကြနဲ့ ဒီနေ့ ကျင်းပမယ့် မြန်မာနဲ့ထိုင်းဘောလုံးပွဲဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းမယ့်ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ် ။ အထူးသဖြင့် တခြားနိုင်ငံတွေနဲ့အသာထား မြန်မာရဲ့ပြိုင်ဘက်ဟာ ထိုင်းဖြစ်လာပြီဆိုတာနဲ့ ကျုပ်တို့စိတ်ထဲ အောင့်တောင့်တောင့်ရယ် ။ ဘာလို့အောင့်သလဲဆို ဟိုးအရင့်အရင် တွေ့ဆုံမှုတွေပဲကြည့် မျိုးလှိုင်ဝင်း ၊ အောင်ကျော်ကျော် ၊ သန်းတိုးအောင်တို့ခေတ်ကတည်းက ထိုင်းနဲ့အကြိတ်အနယ် ပြိုင်ခဲ့ရတာချည်းပဲမဟုတ်လား ။ ကပ်ကပ်ပြီး နာကျင်စရာကောင်းလောက်အောင်ရှုံးခဲ့ရတာများတော့ ထိုင်းဆိုရင်ပဲ စိတ်ထဲမှာ အနိုင်ယူချင်စိတ်တွေကများနေတော့တယ် ။

ကြိုတင်ပြီး လက်မှတ်ဝယ်ယူထားသူတွေအတွက် အခက်အခဲမရှိလှဘူးဆိုပေမယ့် အခုရက်ပိုင်း ကပ်ပြီး ၀ယ်ဖို့ကြိုးစားသူတွေကတော့ မှောင်ခိုဈေးတွေမိနေတယ်လို့လည်းကြားရတယ် ။ တကယ်တော့ မှောင်ခို လက်မှတ်တွေ ပပျောက်ဖို့ဆိုတာ တင်းတင်းကြပ်ကြပ်မဆောင်ရွက်ပဲနဲ့သိပ်တော့မလွယ်ကူလှပါဘူး ။တကယ်ပဲဖမ်းချင်ရင် အဲဒီနားမှာ လက်မှတ်ဝယ်ချင်ယောင်ဆောင်ပြီး ၀င်ဖမ်းလို့ရနိုင်ပါတယ် ဒါပေမယ့်လည်း ဘာတွေ ဘယ်လို ပတ်သတ်နေသလဲမသိတော့မနေ့ကဆို လက်မှတ်က တစ်သောင်းခွဲအထိတက်သွားခဲ့ပြီး မနေ့က ည ဆို သုံးသောင်းလောက်အထိ ဈေးခေါ်ခဲ့တယ်လို့သိရပါတယ် ။ လက်မှတ်တွေကတော့အကုန်အစင်ရောင်းချပြီးဖြစ်ကြောင်း ကြေငြာခဲ့ပြီး မရရှိခဲ့သူ ပြည်သူတွေကိုလည်း ဘောလုံးကွင်းမှာ ဆန့်တဲ့ဦးရေ ၃၀၀၀၀ ထက်ကျော်လွန်ပြီးရောင်းလို့မဖြစ်နိုင်တာကြောင့်နားလည်ပေးပါဆိုပြီးတောင်းပန်ထားတာတွေ့ရပါတယ် ။

မှတ်မိသေးတယ် ကိုင်တီဆတ် .. အဲဒီတုန်းကတော့ မြန်မာကအိမ်ရှင်မဟုတ်ဘူး Tiger ဖလားပွဲ သူများနိုင်ငံသွားကန်ရတာ .. ဒိုင်တွေက ညစ် ဒင်းတို့ဖက်ကိုဒိုင်ကပါနဲ့နောက်ဆုံးရှုံးမဲမဲရတာကနေ ပြဿနာတွေဖြစ်ပြီး မြန်မာတွေအရှက်ကွဲခဲ့တာလည်းအကြိမ်ကြိမ် ။

အခုတော့မြန်မာက အိမ်ရှင်ဖြစ်ပြီ ။ အိမ်ရှင်ဆိုတာ တကယ့်ကိုကြီးမားတဲ့အား ပရိတ်သတ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ခွန်အားပါပဲ ။ ကျွန်တော်ကိုယ်တိုင်လည်း သရေကစားနိုင်ရင်တော်ပါပြီ လို့ စိတ်ထည့်ထားပေမယ့်

၁ ။ ကိုယ့်အိမ်ကွင်းမှာ
၂ ။ ကိုယ့်ပရိတ်သတ်တွေရှေ့မှာ
၃ ။ ကိုယ့်မြေပေါ်မှာ သန့်ရှင်းမျှတစွာ အနိုင်ယူနိုင်လည်း ကျုပ်တို့တွေ လက်ခမောင်းခတ်လို့မဆုံးပါဘူး ။ အထူးသဖြင့် ကြိတ်ကြိတ်တိုး လက်မှတ်ဝယ်ယူနေကြတဲ့ ပရိတ်သတ်တွေရဲ့ပုံကို ဘောလုံးကစားမယ့်သူတွေကိုပြချင်ပါတယ် ။ အဲဒီလို အားပေးမှုတွေနဲ့ခွန်အားယူကြပါ ။

မြန်မာပရိတ်သတ်တွေအနေနဲ့လည်း ထစ်ကနဲ့ရှိ Fuck you တို့ -ီးပဲ တို့လို ဆဲဆိုနေခဲ့မယ်ဆိုရင် တစ်ခုခု ရေသန့်ဘူးတွေနဲ့ပေါက်တာ ညာသံပေးပြီးဆွမ်းကြီးလောင်းချင်ကြတာ အဲဒီစိတ်ဓါတ်တွေကို အထူးသဖြင့် မြန်မာက အိမ်ရှင်အဖြစ်ကျင်းပမယ့်အချိန်မျာ မလုပ်မိကြဖို့ အလွန် အရေးကြီးပါတယ် ။

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ကြမယ့်ပွဲမို့ ကျုပ်တို့အားလုံး အိမ်ရှင်ပီသစွာ ယဉ်ကျေးရပါမယ် ။သည်းခံရပါမယ် ။ သဘောထားကြီးရပါမယ် ။ ဒါမှသာ ကျုပ်တို့မြန်မာပြည်ရဲ့ Image တက်သထက်တက်လာမှာဖြစ်ပါတယ် ။

ဒီနေ့ပြိုင်မဲ့ ကစားသမားတွေအနေနဲ့လည်း သောင်းနဲ့ချီတဲ့ပရိတ်သတ်တွေကြားမှာ အကောင်းဆုံးအနေအထား အချိတ်အဆက်မိမိနဲ့ Team Work အပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်မယ်ဆိုတာ ယုံကြည်မိပါတယ် ။ မြန်မာအသင်းက အကျီင်္အဖြူရောင်ဝတ်ဆင်ကစားမယ်လို့ကြားသိရပါတယ် ။

ကဲ ... ထိုင်းကို အနိုင်ကစားကြမယ် ဟေ့ !!!

သက်တန့်ချို
Photo : ဒီဇိုင်နာနဂါး