ကျပ်၅ဝဝဝတန်အတုများ သိမ်ဆည်းရမိ

ပို့စ်တင်ချိန် - 12/14/2013 07:00:00 PM


ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပေါက် ကုန်းရပ်ကွက် ဝါယာလက်ဈေး တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ကျပ် ၅ဝဝဝတန်ငွေစက္ကူအတုဟု ယူဆရသည့် ငွေစက္ကူများကို ကျပ် ၁ဝဝဝ တန်ငွေစက္ကူနှင့်ဝါယာလက် ဈေးအတွင်း လာရောက်လဲလှယ် သုံးစွဲနေကြောင်း သတင်းရရှိ၍ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုးဝင်းမြင့်နှင့်အဖွဲ့က သွားရောက်စုံစမ်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာမစန်းဋ္ဌေးအသက် (၃၅)နှစ် အမှတ်(၄၇) ပိတောက် လမ်းပေါက်ကုန်းအပိုင်(၁၃)ဝါယာ လက်နေသူက ဝါယာလက်ဈေး အတွင်း ကျပ် ၅ဝဝဝ တန်ငွေစက္ကူ များနှင့်ဈေးလိုက်လံ လဲလှယ်ဝယ် ယူခဲ့ကြောင်း၊ ၄င်းဝယ်ယူခဲ့သည့် ဈေးဆိုင်များမှ ကျပ် ၅ဝဝဝတန်ငွေ စက္ကူခြောက်ရွက်သိမ်းဆည်းရမိခဲ့ ကြောင်း၊ ထို့နောက် ၄င်း၏နေအိမ် ကို ဆက်လက်ရှာဖွေခဲ့ရာ ကျပ် ၅ဝဝဝတန် ငွေစက္ကူတစ်ရွက် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရ သည်။

အဆိုပါ ကျပ် ၅ဝဝဝတန် ငွေစက္ကူများကိုငွေအတုဖြစ်ကြောင်း အတည်ပြုနိုင်ရန် အင်းစိန်မှုခင်းရဲ တပ်ဖွဲ့သို့ ဆက်သွယ်ခဲ့ပြီး ရဲအုပ် ဇော်နိုင်ဝင်းလာရောက်စစ်ဆေးခဲ့ရာ ငွေအတုဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိ၍ သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် ငွေစက္ကူအတုများကို သိမ်းဆည်းပြီး မင်္ဂလာဒုံမြို့မ ရဲ စခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြင့်ဦး(မင်္ဂလာဒုံ)
The Union Daily