မေးပါများစကားရ

ပို့စ်တင်ချိန် - 12/14/2013 12:18:00 PM


အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ လူငယ်တွေ ပြည်ပကို အလုပ်သွားလုပ်ကြရတဲ့အခါ အသွားမှာတော့ တရား ဝင် ပြည်ပထွက် ခွာ ခွင့်တွေ၊ နိုင်ငံကူးလက်မှတ်တွေနဲ့ သွားခဲ့ကြရပါတယ်။ ဟိုရောက် တော့ အဆင်မပြေ၊ ရတဲ့ အလုပ်နဲ့ ရမယ်လို့ ပြောတဲ့အလုပ်တွေက တခြားစီ ဖြစ်နေတာကြောင့် ရရာအလုပ်မှာပဲ လုပ်ကိုင်ကြရပါတယ်။ အဲဒီမှာ အလုပ်အကိုင် အဆင်မပြေဖြစ်တော့ Over stay  တွေဖြစ်ပြီး ပြန်တော့လည်း တရားမဝင်လမ်းကြောင်း ကနေ လှည့်ပြန်ကြ ရပါတယ်။ အဲဒီလို လူငယ်တွေအတွက် နောက်တစ်ခါ ပြန်ထွက် ချင်လို့ Passport  လျှောက်ရင် ဘယ်လိုဖြစ်မလဲ။ လျှောက်လို့ရလား။ ပြစ်မှုပြစ်ဒဏ်တွေ ရှိလား ဆို တာသိချင်ပါတယ်။
ကိုမော် (ညောင်ဦး)
ကျွန်တော်တို့ နိုင်ငံလူဦးရေရဲ့ ဆယ်ပုံတစ်ပုံသော နိုင်ငံသားများဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ ဦးရေ ခြောက်သန်းလောက် ရှိတယ်လို့ သိရ ပါတယ်။ ကိုမော် အခုမေးမြန်းသလို တရားမဝင်လမ်းကြောင်းက ပြန်လာပြီး ခိုးဝင်ကြရတယ်ဆိုတာလည်း အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ကြရတာမို့ တာဝန်ရှိ သူများက စာနာနားလည်ပေးကြမယ်လို့လည်း ယူဆပါတယ်။ ဒါပေမဲ့ ဥပဒေသည် ဥပဒေပဲ ဖြစ်တာမို့ ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက် ပါသလဲ လို့ လူဝင်မှုကြီးကြ ပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ဖြေကြား ပေးပါ တယ်။
”တရားမဝင် ခိုးဝင်တယ်ဆိုရင် ဒါက ပြစ်မှုမြောက်တယ်။ ပြစ်ဒဏ်လည်း ချမှတ်လို့ရပါတယ်။ သို့သော်လည်း သွားတုန်းက တရားဝင်သွားပြီး အပြန်မှာ ခိုးဝင် တယ်။ ဒါကို အကြောင်းရင်း ခိုင်ခိုင်လုံလုံပြပြီး နိုင်ငံကူးလက်မှတ် (Passport)  လျှောက်ရင်ရပါတယ်။ လက်ခံပေးမပေးက ပြည်ထဲရေး ဝန်ကြီး ခေါင်းဆောင်ေ သာ  နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ အဖွဲ့ရဲ့ဆုံး ဖြတ်ချက်ပါပဲ”
ကျောင်းသားတွေကို ဒီနှစ် တက္ကသိုလ်တွေမှာ အဆောင်တွေ ပြန်ထားကြမယ်လို့ သိရတော့ တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ဖူးတဲ့ ကိုယ်တိုင်က ဒီကိစ္စကို ကြိုလည်း၊ ကြိုဆိုခဲ့၊ ဝမ်းလည်းသာခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသား /ကျောင်းသူတွေ အဆောင်ထားဖို့ကို ဆရာ/ဆရာမတွေ သူတို့နေရမယ့်နေရာကနေ ဖယ်ပေးရမယ် ဆိုတဲ့ ကိစ္စလေးတွေရှိလာတော့ မကြားဖူးတဲ့ စကားကို ကြားရသလိုပါပဲ။ ဥပမာ မြင်းခြံ ဒီဂရီကောလိပ်က ဆရာ/ဆရာမ အချို့ကို ကျောင်းကထွက်သွားခိုင်းသလိုမျိုး ပါ။ ဝန်ထမ်းတွေကို ဒီလိုမျိုးလုပ်သင့်ရဲ့လားဆိုတာကို သက်ဆိုင်သူတွေကို မေးပေးပါ လားခင်ဗျာ။
ဆရာ၊ ဆရာမများကိုယ်စား တက္ကသိုလ် ကထိကဆရာတစ်ဦး
ဒီလိုမျိုး မေးမြန်းလာတဲ့ ဆရာ့ကို ကျွန်တော်တို့က ကျေးဇူးတင်ပါတယ် ခင်ဗျာ။  အမေးရှိမှလည်း အဖြေက ရှိလာမှာပေါ့ဗျာ။ ဒီလိုမဟုတ်ဘဲ ငြိမ်နေမယ်ဆိုရင် မတရား တာတွေ ဥပဒေမဲ့တာတွေ ရှိလာကြမှာပေါ့။ ဒါက ဥပမာသဘောနဲ့ ပြောတာ ပါ။ ကျွန်တော်တို့လည်း ကြားပါတယ်။ ဒါက ဒီမှာဖြစ်နေကျပဲ။ နဂိုကတည်းက ဒါကို စီစဉ်တော့ မယ်ဆိုရင် အဆောင်တွေလုံလောက်မှုရှိရဲ့လား။ မရှိရင် ပြင်ဆင်။ ဒါတွေ ပြီးမှ ထား။ ဒီလိုပဲလုပ်ရမှာပေါ့။ ခုတော့ ဒီလိုမှ မဟုတ်ဘဲ တစ်ဖက်က ဖိအားပေးတာ နဲ့ ချက်ချင်း ဟုတ်ကဲ့ လိုက်လုပ်ပြီးတော့ မနိုင်။ ဒါက ဘယ်ဖြစ်သင့်မလဲဗျာ။ ဆရာ မေးလာတဲ့ နေရာကိုပဲ အဓိကထားပြီး ကျွန်တော်တို့မေးကြည့်တော့ အဆင့်မြင့် ပညာဦးစီး ဌာန (အထက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက အခုလို ဖြေကြား ပေးခဲ့ပါတယ်ဗျာ။
”အစိုးရဝန်ထမ်းတွေကို ဒီလိုတော့ ကျွန်တော်တို့က မလုပ်သွားပါဘူး။ လုပ် လို့လည်း မရပါဘူး။ ကျွန်တော်ဒီကိစ္စကို မေးကြည့်ပြီးပါပြီ။ မြင်းခြံကျောင်းအုပ်ရဲ့ အပြောအရ ကိုကြည့်ရင် ဖယ်ခိုင်းခဲ့တယ်ဆိုတာ မှန်ပါတယ်တဲ့။ အကြောင်းက အိမ် ထောင်သည်အဆောင်တွေကိုလို့ပြောပါတယ်။ သူ့အပြောအရ ကျောင်းသူ ၄ဝ ထား မယ့်အေ ဆာင်နဲ့ အိမ်ထောင်သည်အဆောင်နဲ့ နီးကပ်နေတဲ့အတွက်ကြောင့်လို့ ဆို ပါတယ်။ ကျွန်တော်က ပြောလိုက်ပါတယ်။ ဒီလိုတော့ မရွှေ့ပြောင်းခိုင်းပါနဲ့ ကျောင်း သူအေ ဆာင်နဲ့ အိမ်ထောင်သည်အဆောင် နီးကပ်ရင် အကာအကွယ်လုပ်လိုက်ပါလို့ ပြောပြီးပါပြီ။ စာနဲ့အကြောင်းမကြားရသေးတဲ့ နှုတ်မိန့်သာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေ စိတ်မပူကြဖို့ ပြောလိုပါတယ်။ ပညာရေးအသုံးစရိတ်နဲ့ ၂ဝ၁၄ ဘတ်ဂျက် မှာ ပြီးစီးမယ့်အဆောင်လည်း လုပ်နေတော့ နောက်ပိုင်း အဆင်ပြေသွားမှာပါ”
၂ဝ၁၃ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့နဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဒလဘက်ခြမ်းကို တံတားထိုးမယ်။ အဲဒီတံတားကို တောင်ကိုရီးယားက မေတ္တာလက်ဆောင် အဖြစ် ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။ အဲဒီတံတားထိုးဖို့ ရန်ကုန်ဘက်ခြမ်းမှာ သုံးနေရာကို စမ်းသပ်မှုတွေလုပ်တာလည်း သိရပါတယ်။ အဲဒီ တံတားဆောက်မယ် ဆိုတဲ့ ဂယက်ကြောင့်ဒလဘက်မှာ မြေဈေးတွေ တက်လာတယ်။ ဒေသခံတွေမှာ အိမ်ငှားခတွေ မြေဈေးတွေ တက်လာတော့ နေရထိုင်ရတာက မောက်ကမတွေ ဖြစ် ကုန်ကြရပါတယ်။ ဒါပေမဲ့ အခု ၂ဝ၁၃ ခုနှစ် ကုန်တော့မယ်။ တံတားထိုးဖို့ လုပ်နေ တာ မတွေ့ရသေးပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တံတားထိုးမှာလား၊ မထိုးဘူးလား သိချင်ပါတယ်။
မဆွေ(ဒလ)
ရန်ကုန်မြို့နဲ့ အနီးဆုံးနေရာမှာရှိ တဲ့ ဒလဘက်ခြမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေရှိနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ သောက်သုံးရေတောင်မှ နေရာ တိုင်း မှာ ပြည့်ပြည့်စုံစုံ ဖန်တီးမပေးနိုင်သေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒလ ဘက်ခြမ်းနဲ့ ရန်ကုန်မြို့ဟာ သင်္ဘောနဲ့ ငါးမိနစ်၊ ဆယ်မိနစ်အ တွင်း ရောက်နိုင် တဲ့ နေ ရာဖြစ်ပေမယ့် ဖွံ့ဖြိုးမှုကတော့ အတော်လေး ကွာခြားနေတာမို့ ရန်ကုန်နဲ့ တစ် ဆက်တစ်စပ်တည်းဖြစ်စေမယ့် တံတားထိုးဖို့ကိစ္စကို လူတိုင်း စိတ်ဝင်စားကြတာ သဘာဝ ကျတယ်။ တောင်ကိုရီးယားရဲ့ ချစ်ကြည်ရေးလက်ဆောင် မေတ္တာပေါင်းကူး တံတားကြီး ထိုးဖြစ် မထိုးဖြစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် သူ့ေ ဆာက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုကို ဆက်သွယ်မေးမြန်း တဲ့အခါ အခုလို ဖြေကြားပေးပါတယ်။
”ဆောက်မယ်၊ မဆောက်မယ်ဆိုတာက ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်ပါတယ်။ တောင်ကိုရီးယားက ချစ်ကြည်ရေး တံတားအဖြစ် တည် ဆောက်ေ ပးနိုင်ဖို့အတွက် နှစ်ဖက်ဖြစ်နိုင်ခြေရှိမှု ဆန်းစစ်ချက် လုပ်နေတာကတော့ ပြီးခါနီးနေပါပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီးလို့ ခွင့်ပြု ရင် ဆောက်မှာပါ”
မေးခွန်းများမေးလိုပါက[email protected] (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။
အယ်ဒီတာအဖွဲ့

Popular Myanmar News Journal