အိပ်ရင်းဖြင့် တရားအားထုတ်နည်း

ပို့စ်တင်ချိန် - 12/14/2013 08:17:00 AM



အိပ်ရာမှာအိပ်ရင်းနဲ့ခန္ဓာမှာ ထိနေတာတွေ၊
လှုပ်ရှားနေတာတွေကို သိနေတယ်။အသက်ရှုရင်
လှုပ်ရှားနေတယ်၊ နှလုံးခုန်ရင်လှုပ်ရှားနေတယ်။
အသက်ရှုရင်လှုပ်ရှားနေတာသိဖို့ရာ လွယ်ပါတယ်။
အစမှာသာခက်တာ နောက်ပိုင်းကျသိပ်လွယ်တာပဲ။
ဘယ်လောက်ထိအောင်လွယ်လာလဲဆိုရင် ဒီအသက်
ရှူတာကြီးကိုပဲ ကြမ်းတမ်းလွန်းလို့ အနှောင့်အယှက်
ဖြစ်နေတယ်။ဒီထက်သိမ်မွေ့တာကိုပြုချင်တာကိုး။
တခါတလေ အသက်ကိုတောင်မရှုမိတော့သလိ
ုဖြစ်သွားပြီးတော့ ငြိမ်နေတယ်။အင်မတန်သိသာ
လွန်းအားကြီးသွားပြီနော်။ အသက်ရှုလို့ဒီဝင်လေထွက်
လေကြီးမြည်တာက အသံအကျယ်ကြီးလိုဖြစ်နေတယ်။

ရှူး… ရှူး နဲ့ ဖြစ်နေတာ။ တခါတလေကိုယ့်ဖာသာ
အားထုတ်ရင်းနဲ့ ̏ ဒီအသံကြီးဘယ်ကလာသတုန်း ̋ လို့
ထင်တယ်။နောက်မှ ̏ ငါအသက်ရှူနေတဲ့အသံပါလား
ကျယ်လိုက်တာ ̋ လို့ သိမှာ။သတိမထားရင်တော့မသိ
ဘူးနော်၊ သတိထားရင်တော်တော်လေးသိသာပါ
တယ်နော်။ အဲဒီလိုပဲအိပ်ရာမှာအိပ်ရင်းနဲ့ပဲ ရသလောက်
အသက်ရှူတာလေးကို သိပြီးတော့နေမယ်။

ဒီကြားထဲက စိတ်ဆိုတာတော့မနေဘူး အလုပ်ကိစ္စ
တွေးတော့မှာ။ တွေးရင်လည်း သိပြီးတော့ အသာလေး
ဖြတ်လိုက်ဖို့ပါ။နေပါစေတော့ တနေ့လုံးတွေးခဲ့ပြီ
စိတ်ချမ်းချမ်းသာသာလေးနဲ့ တရားလေးမှတ်ရင်း
ငြိမ်းငြိမ်းချမ်းချမ်း အိပ်လိုက်ပါ။ အိပ်ပျော်သွားရင်
အိပ်မက်ဆိုးတွေဘာတွေ မမက်ပါဘူး။ သောကဖြစ်စရာ
အိမ်မက်တွေမမက်တော့ဘူး။

ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်ရတဲ့အတွက်ကြောင့် နာရီ
နည်းပေမယ့် ပိုပြီးတော့အိပ်ရေးဝတယ်။ ၄-၅ နာရီလောက်
အိပ်လိုက်ရရင် တော်တော်လေးလန်းဆန်းပြီးတော့
အားပြန်ပြည့်သွားတယ်။ဘတ်ထရီကိုအားအပြည့်
ပြန်သွင်းလိုက်သလိုပါပဲ။

----------------- _/|\_------------------------
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မသတိဖြင့် ငြိမ်းအေးချမ်းသာစွာ
အိပ်စက်နားနေနိုင်ကြပါစေ...။ တဆင့်ထက်တဆင့်တက်ကာ
ဓမ္မဥာဏ်အလင်း ထွန်းပနိုင်ကြပါစေ....သူတော်ကောင်းတို့။


Dhamma Danã Source ► မူရင်းဓမ္မဒါနရှင် - မငြိမ်းအိအိစိုး
Young Buddhist's Association