အရက် နှင့် ဘီယာများကို တရားဝင် တင်သွင်းခွင့် ပြုရန် စီစဉ်နေဟုဆို

ပို့စ်တင်ချိန် - 12/14/2013 02:49:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။ ။ ကန့် သတ်ကုန်ပစ္စည်းများဖြစ်သည့် အရက်၊ ဘီယာနှင့် စီးကရက်များကို တရားဝင်တင်သွင်းခွင့်ရရန် စီစဉ်နေပြီဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးညွန့်အောင်က ထုတ် ဖော်ပြောသည်။

မြန်မာနိုင်ငံအတွင်း အရက်၊ ဘီယာတင်သွင်းခွင့်အား ဟိုတယ် လုပ်ငန်းရှင်များကိုသာ ခွင့်ပြုထား ခြင်းကြောင့် မှောင်ခိုရောင်းဝယ် မှုများ နေရာအနှံ့ဖြစ်ပွားနေမှုကို လျော့နည်းရန်အတွက် တရားဝင် တင်သွင်းခွင့်ရရန် ဖြေလျှော့ပေး သွားမည်ဟု ရန်ကုန်တိုင်းမ်သတင်း စာနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

''အခု အရက်တွေ၊ ဘီယာ တွေတင်သွင်းခွင့်ကို ဟိုတယ်လုပ် ငန်းရှင်တွေကိုပဲ လုပ်ငန်းလိုအပ် ချက်အရ တင်သွင်းခွင့်ပြုထား တယ်။ သူတိုက အသုံးချမှုမရှိဘူး။ တကယ်ဈေးကွက်မှာက ဝယ်ယူ မှုတွေရှိနေတဲ့အခါမှာ တရားမဝင် တွေဖြစ်နေတဲ့အတွက် နောင်မှာ ဖြေလျှော့ပေးသွားဖို့ ရှိတယ်''ဟု ဆိုသည်။

နိုင်ငံတကာကုန်သွယ်မှုအ ရ အရက်၊ ဘီယာရောင်းဝယ်ခွင့် အား အလွယ်တကူဝယ်ယူခွင့်မရ ရန် တင်သွင်းခွန်အားမြှင့်ထားလေ့ ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရက်၊ ဘီယာ၊ ဝိုင်နှင့် စားသောက် ကုန်များကို တင်သွင်းခွင့်ပြုနိုင်ရန် သင့် မသင့်အား လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူအသီး သီးနှင့်ညှိနှိုင်းနေသည့်အတွက် ခွင့်ပြုချိန်ကို အတိအကျမပြော ဆိုနိုင်သေးသော်လည်း မကြာမီ အချိန်အတွင်း တင်သွင်း ခွင့်ရရှိ ရေးတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

အရက်၊ ဘီယာတင်သွင်းခွင့် ကို ဟိုတယ်လုပ်ငန်းရှင်များအား ခွင့်ပြုသည်ဟုဆိုသော်လည်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ထောက်ခံစာပါမှသာ စီး ပွားကူးသန်းမှ ခွင့်ပြုထားခြင်းဖြစ် ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ သိရ သည်။

လက်ရှိပိုကုန်လိုင်စင်မလို ဘဲ တင်သွင်းခွင့်ရရှိထားသည့် ပို့ ကုန်အမယ်၁၄၆မျိုးနှင့် သွင်းကုန် ပစ္စည်းအမည် ၁၉၂၈မျိုးအထိ ရှိနေသော်လည်း နောက်ပိုင်းတွင် တင်သွင်းခွင့်လိုင်စင်လိုသည့် ပစ္စည်း စားရင်းကိုသာ ထုတ်ပြန်တော့မည် ဖြစ်ကြောင်း သိရသည်။

နိုင်နိုင်ဇော်
Yangon Media Group