နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု လက်ဖက်ရည်ပွဲသို့ တက်ရောက်

ပို့စ်တင်ချိန် - 12/14/2013 10:27:00 AM



နေပြည်တော် ဒီဇင်ဘာ ၁၃

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ ၁၃ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဂျပန်နိုင်ငံ ဘုရင့် နန်းတော်၌ နှစ် (၄ဝ)ပြည့် အာဆီယံ- ဂျပန် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ဂျပန်- မဲခေါင် ထိပ်သီး အစည်းအဝေးများ တက်ရောက် လာကြသည့် အာဆီယံ ခေါင်းဆောင် များနှင့် ဇနီးများအား ဂျပန်နိုင်ငံ ဘုရင် Akihito နှင့် မိဖုရား Michiko Shoda တို့က တည့်ခင်း ဧည့်ခံသည့် ဂုဏ်ပြု လက်ဖက်ရည်ပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြု လက်ဖက်ရည် ပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာ ဆာနာ ဘိုကီးယား မူအစ် ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန် နှင့်ဇနီး၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဒေါက်တာဆူစီလို ဘမ်ဘန်း ယူဒိုယိုနို နှင့်ဇနီး၊ လာအိုပြည်သူ့ ဒီမို ကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာ ဗောင်နှင့် ဇနီး၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီ မိုဟာမက် နာဂျစ်တွန်း အဗ္ဗဒူလ် ရာဇတ်၊ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဘီနင်နို အကွီနို၊ စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီ ရှန်လွန်းနှင့် ဇနီး၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင် တန်ဇွန်းနှင့် ဇနီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံဘုရင်နှင့် မိဖုရားတို့က Imperial Palace ၌ ဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲ များအား ခင်မင် ရင်းနှီးစွာ ကြိုဆို နှုတ်ဆက် ကြပြီး ဂုဏ်ပြု လက်ဖက်ရည်ပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် နေအိမ်၌ ကျင်းပသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသော ဂုဏ်ပြု ညစာစားပွဲသို့ အာဆီယံနိုင် ငံ ခေါင်းဆောင် များ နှင့်အတူ တက်ရောက်သည်။

အဆိုပါ ညစာစားပွဲ၌ ဂျပန် နိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များသည် ဂျပန်နိုင်ငံနှင့် အာဆီယံ ဒေသအတွင်းရှိ သဘာဝ ဘေးဒဏ်သင့် ပြည်သူ များ အတွက် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းမေတ္တာ ပို့ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒေသ စံတော်ချိန် ည ၉ နာရီတွင် ဂျပန်နိုင်ငံ တိုကျို မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး ဧည့်ခန်းမ၌ သံရုံး ဝန်ထမ်းများနှင့် မြန်မာ နိုင်ငံမှ ပညာတော်သင် ကျောင်း သား၊ ကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင် ပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ