ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​ခြင်း​မ​ဟုတ်​ဟု ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ပြော

ပို့စ်တင်ချိန် - 12/14/2013 07:10:00 PM


ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ကို ​လုပ်​တာ​ဟာ ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​တာ ​မ​ဟုတ်​ဘဲ ​တပ်​မ​တော်​နဲ့​ပြည်​သူ​အ​ကြား ​တ​သွေး​တ​သား​တည်း ​ဖြစ်​အောင်​လို့ ​လုပ်​တာ​ဖြစ်​ကြောင်း ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

ရန်​ကုန်​တိုင်း​၊ ​ကော့​မှူး​မြို့​နယ်၊ ​အ​ဖျောက်​ကျေး​ရွာ​မှာ ​ဒီ​နေ့ ​မ​နက်​ပိုင်း​က ​ပြု​လုပ်​ခဲ့​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ရဲ့​  ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​မိန့်​ခွန်း​မှာ ​ထည့်​သွင်း ​ပြော​ကြား​ခဲ့​တာ​ဖြစ်​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​က “​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ကို ​တပ်​မ​တော်​အ​နေ​နဲ့ ​အ​မျိုး​သား​နိုင်​ငံ​ရေး​မှာ ​ဦး​ဆောင်​မှု​က​ဏ္ဍ​ယူ​ရေး​ကိ​စ္စ​တွေ​ကို ​ကျ​မ​တို့ ​ဖြစ်​ချင်​တာ​က ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​ဖို့ ​မ​ဟုတ်​ဘူး​၊ ​တပ်​မ​တော်​နဲ့ ​ပြည်​သူ​နဲ့​အ​ကြား​မှာ ​တ​သွေး​တ​သား​တည်း ​ဖြစ်​ချင်​လို့ ​ဆို​တာ​ကို ​အ​များ​သိ​စေ​ချင်​ပါ​တယ်။ ​အ​ခု​ဟာ​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဟာ ​တ​နည်း​အား​ဖြင့် ​ပြည်​သူ​နဲ့ ​တပ်​မ​တော်​ကြား​ထဲ​မှာ ​တိုက်​ပေး​ရုံ​သာ​မ​က ​ပြည်​သူ​ကျေ​နပ်​တဲ့ ​ကိ​စ္စ​တွေ​နဲ့ ​ပတ်​သက်​ရင် ​တပ်​မ​တော်​ကို ​တ​ရား​ခံ​ဖြစ်​အောင် ​လုပ်​ထား​တယ်​လို့​ပဲ ​ကျ​မ ​ဒီ​လို​ပဲ ​မြင်​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​တပ်​မ​တော်​ကို ​အ​မြင်​မ​မှား​ကြ​ဖို့​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

“၇၅ ​ရာ​ခိုင်​နှုန်း ​ပြည်​သူ့​ကိုယ်​စား​လှယ်​တွေ​ရဲ့ ​ဆ​န္ဒ​ကို ​တပ်​မ​တော်​ထဲ​က ၂၅ ​ရာ​ခိုင်​နှုန်း ​ကိုယ်​စား​လှယ်​တွေ​ထဲ​က​နေ​ပြီး ​ဆန့်​ကျင်​မယ်​ဆို​ရင် ​ဒါ​ဟာ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​ငါ​တို့​ရဲ့ ​လို​အင်​ဆ​န္ဒ​တွေ​ကို ​ဆန့်​ကျင်​တာ ​တပ်​မ​တော်​ဆို​ပြီး​တော့ ​မ​တွေး​ရ​ဘူး​။ ​ဒါ​ဟာ ​တပ်​မ​တော်​ကို ​တ​ရား​ခံ​ဖြစ်​အောင်​လုပ်​တယ်​လို့​ပဲ ​ကျ​မ​မြင်​ပါ​တယ်” ​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ကော့​မှူး​မြို့​နယ် ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​တဲ့​ပွဲ​မှာ ​အန်​အယ်​ဒီ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​၀င်း​မြင့်​နဲ့ ​စိန်​ဂျွန်း ​ဦး​ဌေး​ဦး​တို့​က ​ဖွဲ့​စည်း​ပုံ​မှာ ​ဘယ်​လို​အ​ချက်​တွေ​ကို ​ပြင်​ဆင်​သင့်​ပုံ​တွေ​ကို ​ပြည်​သူ​တွေ​ထံ ​ရှင်း​လင်း​ဟော​ပြော​ခဲ့​ကြ​ပါ​တယ်။
ဒီ​နေ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​အ​ခမ်း​အ​နား​ကို ​ပြည်​သူ ၃ ​သောင်း​လောက် ​ဆက်​ရောက်​ပြီး ၉၉ ​ရာ​ခိုင်​နှုန်း​က ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ဖို့ ​ဆ​န္ဒ​ပြု​ခဲ့​ကြ​ပါ​တယ်။

ဒီ​ဇင်​ဘာ ၁၅ ​ရက်​နေ့​မှာ​လည်း ​ပဲ​ခူး​တိုင်း ​သာ​ယာဝ​တီ​မြို့​နယ်​မှာ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ဆိုင်​ရာ ​လူ​ထု​ဆ​န္ဒ​သ​ဘော​ထား ​ရ​ယူ​ပွဲ​ပြု​လုပ်​သွား​ဖို့​ရှိ​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တက်​ရောက် ​မိန့်​ခွန်း​ပြော​ကြား​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၈ ​ရက်​နေ့​က ​နေ​ပြည်​တော်​မှာ ​ပြု​လုပ်​တဲ့ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​မှာ​လည်း ​လူ​ထု ၂ ​သောင်း​လောက် ​တက်​ရောက်​ခဲ့​ကြ​ပြီး ၈၈ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး​ကို ​ဆ​န္ဒ​မဲ​ပေး​ခဲ့​ကြ​ပါ​တယ်။

နိုဝင်​ဘာ ၁၀ ​ရက်​နေ့​က ​ရန်​ကုန်​မြို့​  ​ဗိုလ်​စိန်​မှန် ​အား​က​စား​ကွင်း​ကြီး​မှာ ​ပြု​လုပ်​ခဲ့​တဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​မှာ​လည်း ​လူ​ထု ၂ ​သောင်း​ကျော် ​တက်​ရောက်​ခဲ့​ပြီး ၉၉ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​မဲ​ပေး​ခဲ့​ကြ​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ဟာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​မ​လား​၊ ​အ​သစ်​ရေး​ဆွဲ​မ​လား ​ဆို​တာ​နဲ့​ပတ်​သက်​ပြီး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​ပွဲ​တွေ​ကို ​မြန်​မာ​နိုင်​ငံ​တ၀န်း ​လှည့်​လည်​ပြု​လုပ်​နေ​တာ​ပါ။
ကောက်​ခံ​ရ​ရှိ​လာ​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ကို ​စု​စည်း​ပြီး ​လွှတ်​တော်​က​ဖွဲ့​စည်း​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ပူး​ပေါင်း​ကော်​မ​တီ​ဆီ​ပေး​ပို့​မှာ ​ဖြစ်​ပါ​တယ်။

DVB Burmese