အရင်ကကျား အခုတော့နွား


လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဖမ်းဆီးပြီး ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ၀ရမ်းထုတ်ထားတယ်တဲ့ . . .

ဒီသတင်းကိုဖတ်ရတဲ့အချိန်မှာ မကြာသေးသော အချိန်လေးတုန်းက ကိုယ့်မြန်မာနိုင်ငံသားဖြစ်တဲ့ စိုင်းနော်ခမ်းရဲ့ တရုတ်ရဲအရာရှိတွေရှေ့မှာ ဒူးထောက်ပြီး ဆေးထိုးအသတ်ခံရခါနီး ကြိုးနဲ့တုပ်၊ ကားပေါ်တင်တဲ့ အချိန်ထိ လူ့သိက္ခာတပြားသားမှ မရှိသဖွယ် မီဒီယာတွေကနေ တင်ဆက်ပြသခံခဲ့ရပြီး ကြက်လေးငှက်လေးတစ်ကောင်လို လွယ်လွယ်ကူသတ်သွားတဲ့ ပုံရိပ်တွေဟာ မျက်စိထဲ တရစ်ဝဲဝဲ မြင်ယောင် လာတယ်ဗျာ။

တရုတ်အလံလေး မီးရှို့မှုအတွက်ကြတော့ မိမိနိုင်ငံသားကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပြီး ကိုယ့်နိုင်ငံသားတစ်ယောက် သူများနိုင်ငံမှာ စော်ကားမော်ကားခံရပြီး အသတ်ခံရတုန်းက ကျူပ်တို့ အစိုးရခေါင်းဆောင်တွေက ဘာသံမှ မထွက်ခဲ့တာ ဘာကြောင့်လဲ။

နော်ခမ်းမှာ အပြစ်ရှိလို့ အပြစ်ပေးခံရတာကို နားလည်လို့ရပါတယ်။ ဒါပေမယ့် တစ်ချက်လောက်စဉ်းစားကြည့်ရအောင် စိုင်းနော်ခမ်းက ကတရုတ်နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ အခုလို ပြစ်မှုကျူးလွန်ခဲ့ရင် ခင်ဗျားတို့ဘယ်လို အရေးယူမလဲဆိုတာ သိချင်တယ်ဗျာ။ အခုအပြစ်ပေးခံရတဲ့ နော်ခမ်းက မြန်မာနိုင်ငံသားမဟုတ်ဘဲ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ရော တရုတ်တွေ အခုလို ချိုးချိုးနှိမ်နှိမ် ဆက်ဆံပြီး လွယ်ကူစွာ အပြစ်ပေးလို့ရမလား။ အမေရိကန်ကရော သူ့နိုင်ငံသားအတွက် ဘာမှဝင်မပါဘဲ မျက်နှာလွဲခဲပစ်လုပ်နေမယ်ထင်ပါသလား။ ကိုယ့်နိုင်ငံသားတစ်ဦးကို သူများနိုင်ငံက မတရားပြုလုပ်တာဟာ အဲဒီနိုင်ငံကို စော်ကားတာပဲဖြစ်တယ်လို့ ကျွန်တော်ကတော့ယူဆတယ်။

ကိုယ့်နိုင်ငံအလံ ကိုယ့်ခေါင်းဆောင်ပုံတွေကို သူများနိုင်ငံမှာ မြေပေါ်မှာချနင်းကြ၊ မီးနဲ့ရှိုကြလုပ်တုန်းကရော ခင်းဗျားတို့ဘာသံထွက်ခဲ့ဘူးလဲ။

တရုတ်တွေက ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေ မတရား ခိုးယူနေတော့ရော ခင်ဗျားတို့ အစိုးရခေါင်းဆောင်တွေက ဘာသံထွက်ခဲ့လဲ . . .

ကိုယ့်နိုင်ငံက အမျိုးသမီးတွေ အပျော်မယားအဖြစ် ၀ယ်ယူပေါင်းသင်းပြီး လိင်ကျွန်အဖြစ်ဆက်ဆံနေတော့ရော ခင်းဗျားတို့က ကိုယ့်နိုင်ငံသားတွေဘက်က ဘယ်လိုကာကွယ်ပြီး ရပ်တည်ပြောဆိုခဲ့သလဲ . . . ပြောကြပါအုံး . .

မလေးရှားမှာ ကိုယ့်နိုင်ငံသားတွေ အနိုင်ကျင့် အသတ်အဖြတ်ခံရတော့ရော ခင်ဗျားတို့ ဘယ်လို ထိထိရောက် ရပ်တည်ကာကွယ်ပေးခဲ့သလဲ။

အခုတရုတ်အလံမီးရှို့တဲ့ ကိစ္စမှာ တရုတ်နိုင်ငံကတောင် ဘာမှဝင်ရောက်ပြောဆိုတာမရှိသေးဘူး ခင်ဗျားတို့က မျက်နှာအားရ ကျွန်ပါးဝ လုပ်ပြီး ကိုယ့်နိုင်ငံသားတွေအပေါ် ဒီလိုမျိုးလုပ်ဆောင်တာ တွေးလေတွေးလေ အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင် ကုန်အော်ပစ်လိုက်ချင်တယ်ဗျာ။

နှစ်ငါးဆယ်ကျော်တိုင်အောင် တိုင်းပြည်မှာ အမိန့်အာဏာနဲ့ အပြစ်ဒဏ်ကို နှစ်ခုတွဲပြီး စစ်အာဏာရှင်တွေ ထင်သလို ဆွဲဇာတ်ခင်းခဲ့တာကြောင့် ကမ္ဘာမှာ ကိုယ့်နိုင်ငံဟာ "အာရှကျား" အဖြစ်ကနေ "အာရှနွား" အဆင့်ကို ရောက်သွားခဲ့ရပါပြီ . .

အရင်က အာရှတစ်လွှားမှာ "ကျားရဲ" လို ဆတ်ဆတ်ထိမခံ အသံဟိန်းခဲ့တဲ့ နိုင်ငံဟာ ချွတ်ခြုံကျအောင် ဆင်းရဲမွဲတေသွားတယ်။ တိုင်းတစ်ပါးသားတွေရဲ့ နာရွက် တံတွေးဆွတ် အနိုင်ကျင့်စော်ကားတာကိုခံနေရပါပြီ။ တိုင်းသူပြည်သားတွေမှာ ရောက်လေရာနိုင်ငံမှာ မျက်နှာအောက်ကျို့နေရပြီး မိဘမဲ့သားသမီးများလို လူမလေး ခွေးမခန့်ဖြစ်နေရပါပြီ။ တိုင်းပြည်ဆင်းရဲလာတော့ နိုင်ငံသားတွေဟာ အိမ်နီးချင်း သူတစ်ပါးနိုင်ငံတွေမှာ နွားလို အထုခံ၊ အထောင်းခံပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ် . . .

ကမ္ဘာ့အလယ်မှာ ကျူပ်တို့နိုင်ငံသားတွေဟာ နေရာတကာ မျက်နှာငယ်နေရပြီး အနိုင်ကျင့်အစော်ကားခံနေရတယ် ကိုယ့်နိုင်ငံမှာနေတော့လည်း နေရာတကာ အနိုင်ကျင့်ခံနေရပြီး မတရားလုပ်သမျှ ခံနေရတယ် . . .

နောက်ဆုံး ကျွန်တော်ပြောချင်တာက အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားဖို့ဆိုတာက အခုလို ငွေကျပ်သန်းပေါင်း သိန်းချီအကုန်အကျခံပြီး အားကစားပွဲကြီးတွေကို လက်ခံကျင်းပ ပေးနေယုံနဲ့ မရဘူးဆိုတာပါဘဲ . . .

ချစ်ခြင်းအားဖြင့် . . .
Kyaw Naing Win
မှီငြမ်းကိုးကား။ ။EMG , ကိုနေစကြာနိုင်ရဲ့ မလေးရှားမှ ညီအစ်ကိုမောင်နှမများ ဆောင်းပါး။

အိန္ဒိယမှ တည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်း ဇွန်လတွင် ပြီးစီးမည်



အိန္ဒိယ Essar ကုမ္ပဏီမှ တည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်းသည် ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြီးစီးရန် မျှော်လင့်ထားသည်ဟု ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း  Th Hindu Business line တွင် ယနေ့ သတင်း ဖေါ်ပြသည်။

စစ်တွေဆိပ်ကမ်း တည်ဆောက်နေမူမှာ ယခုအခါ ၇၀ ရာခိုင်နုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း၊ စစ်တွေ ဆိပ်ကမ်းကို ဇွန်လအကုန်တွင် တည်ဆောက်ပြီးစီးရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

စစ်တွေဆိပ်ကမ်း စီမံကိန်းသည် အိန္ဒိယ နိုင်ငံ အတွက် မဟာဗျူဟာရ အရေးပါသော စီမံကိန်း တစ်ခုဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှ တဆင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များနှင့် ကျန်အိန္ဒိယနိုင်ငံ အ၀န်းကို ဆက်သွယ်နိုင်မည်သာမက ကမ္ဘာ ကုန်သွယ်ရေး လမ်းကြောင်းနှင့်ပါ ချိတ်ဆက်နိုင်မည်ဟု ဆိုသည်။

အိန္ဒိယ Essar ကုမ္ပဏီသည် ယခုအခါ စစ်တွေမြို့တွင်သာမက ချင်းပြည်နယ် ပလက်ဝတွင်လည်း ၎င်းစစ်တွေ ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် ဆိပ်ကမ်း တစ်ခုကို တည်ဆောက်နေသည်။

ယင်းပြင် သင်္ဘောများ အလွယ်တကူ ခုတ်မောင်းသွားလာနိုင်ရန် အတွက် ၁၅၈ ကီလိုမီ တာ ကုလားတန်မြစ်ကြောင်းကိုလည်း သောင်တူးစက်များဖြင့် တူးဖေါ် ရှင်းလင်းနေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ယင်းပြင် အိန္ဒိယ Essar ကုမ္ပဏီသည် ၎င်းရေလမ်းကြောင်းတွင် အသုံးပြုရန် အတွက် သင်္ဘော (၆) စင်းကို တည်ဆောက်နေပြီး သင်္ဘောကိုယ်ထည်များမှာ ၅၀ ရာခိုင်နုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယသည် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ် ကတည်းက  စတင်ခဲ့သည်။

ပလက်ဝ ဆိပ်ကမ်းမှ အိန္ဒိယ နယ်စပ်ထိ ၁၀၉ ဒဿန ၂ ကီလိုမီတာ အရှည်ရှိသော ကားလမ်းနှင့်  ယင်းနယ်စပ်မှ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မြို့တော် အိုင်ဇော Aizwal အထိ ကီလိုမီတာ ၂၅၀ ရှိ ကားလမ်းအားလည်း ဖေါက်လုပ်ရန် ကျန်နေသေးကြောင်း သိရသည်။

၎င်းလမ်းများ ဖေါက်လုပ်ရေး အတွက်လည်း မကြာမီ တင်ဒါခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရသည်။
Burmesenews narinjara

ဂျပန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ကမ်းခြေအတု


ကနေ့ ကမ္ဘာတစ်လွှားမှာ ကမ်းခြေအတုတွေ ရေပန်းစားနေပါပြီ။ မိုနာကို၊ ဟောင်ကောင်၊ ပဲရစ်၊ ဘာလင်၊ ရိုတာဒမ်၊ တော်ရန်တို အပြင် အခြားသော ကမ္ဘာ့အထင်ကရ မြို့ ကြီးတွေမှာ လူလုပ် ကမ်းခြေအတုများ ရှိနေပါပြီ။ ယင်းထဲမှာမှ ကမ္ဘာ့အကြီးဆုံး ကမ်းခြေအတု ကတော့ ဂျပန်နိုင်ငံ Miyazaki မှာ ရှိတဲ့ Seagaia ocean Dome ပဲ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ကမ်းခြေပါပဲ။ အရှည် မီတာ ၃၀၀၊ အကျယ် မီတာ ၁၀၀ ရှိပြီး အထဲမှာ တကယ့် ကမ်းခြေ ပုံစံအတိုင်း ဖြစ်အောင် ဖန်တီးပေး ထားပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ ရာသီဥတုတွေ ပြောင်းလဲနေပါစေ အထဲမှာ နေသာနေတဲ့ အနေအထားအတိုင်း ဖြစ်အောင် အပူချိန်ထိန်းညှိပေး ထား ပါတယ်။ လေထု အပူချိန် ၃၀ ဒီဂရီဆဲလ်ဆီးရပ်စ် ဖြစ်ပြီး ရေက ၂၈ ဒီဂရီ ဖြစ်ပါတယ်။ ပြီးတော့ မီးတောင် အတုလည်း ထားရှိ ပေးထားပါတယ်။ မီးတောင် အတုကလည်း ၁၅ မိနစ်တစ်ခါ ပေါက်ကွဲပြီး မီးခိုး၊ ပြာတွေ ထွက်ပါတယ်။ ရေကန်ကိုလည်း ကမ်းခြေက သဲတွေနဲ့ တကယ်ပြုလုပ် ထည့်သွင်း ထားတာပါ။ လိုင်းများ ဖြစ်ပေါ်အောင် လည်း ဖန်တီးပေးထားပါတယ်။
ဒါကြောင့် တကယ့် အပြင်က ကမ်းခြေအစစ် မဟုတ်တောင် အစစ်လိုနီးပါးဖန်တီးပေးထားတဲ့ Seagaia ဟာ ကမ္ဘာ့ အကြီးဆုံး ကမ်းခြေအတုအဖြစ် လူသိများကြောင်း သိရပါတယ်။
.
Ref: kispower
အောင်ခမ်း
Yoyarlay

မင်းပြားမြို့နယ်မှ အမျိုးသမီးငယ် ၆ ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ပျောက်ဆုံး


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်ပုန်းချောင်း ကျေးရွာ အုပ်စုမှ အမျိုးသမီးငယ် ၆ ဦးသည် စစ်တွေ-ရန်ကုန် ကားလမ်းရှိ ဆောက်လုပ်ရေး စခန်းတစ်ခုတွင် အလုပ် လုပ်နေရာမှ ပျောက်ဆုံးသွားကြောင်း သတင်း ရရှိသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှ မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာမှ  ၃ ဦး၊ ပြားရှည်ပြင်ရွာမှ ၁ ဦးနှင့် ခွဆုံရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

၎င်းအမျိုးသမီးငယ် ၆ ဦးသည် ယခုလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့က ပျောက်သွားကြောင်း ဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ သူတို့ပျောက်သွားတာကို ဒီလ ၁၂ ရက်၊ ၁၃ ရက်မှ သိရတာပါ။ မြေပုံမြို့နယ် ဇော်နိုင်ဝင်း ဆောက်လုပ်ရေး ကုမ္ပဏီက လှော်ကားမှာ လမ်းလုပ်နေတဲ့ လုပ်ငန်းခွင်ကနေ ပျောက်သွားတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ဒီလိုပျောက်သွားတာကို အကြောင်းမကြားတဲ့ အတွက် အခုမှ သူတို့ ပျောက်နေတယ်ဆိုတာကို သိရပါတယ်” ဟု ၎င်းလူကြီးက ဆိုသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီးငယ်များမှာ မချိုချိုဝင်း (၁၇) နှစ် ၊ မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး (၂၃) နှစ် တို့ ဖြစ်ကြသည်။

ယနေ့ ညနေက မိသားစုများက လာရောက်ပြီး မင်းပြားမြို့ ရဲစခန်းတွင် လူပျောက်မူဖြင့် လာရောက် အမူဖွင့်တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။

“ ဒီနေ့ ညနေမှာတော့ သူတို့မိသားစုတွေက လာရောက်ပြီး လူပျောက်မူနဲ့ အမူဖွင့်ပါတယ်။ သူတို့က နယ်က ဖြစ်ကြတာတော့ အခြေအနေကို နားမလည်တဲ့ အတွက် ဒီနေ့မှ လာရောက်ပြီး တိုင်းတန်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းဇော်နိုင်ဝင်း ကုမ္ပဏီသည် အလုပ် လုပ်ရန်ဟုဆိုကာ လွန်ခဲ့သော နိုဝင်ဘာလ အကုန်က ခွဆုံရွာကျေးရွာမှ တဆင့် ဒေသခံ အမျိုးသမီး ၂၀ ခန့်ကို တင်ဆောင် ခေါ်ယူသွားပြီး ထိုအထဲမှ ၎င်းအမျိုးသမီးငယ် ၆ ဦးမှာ ယခု အခါ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးများမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

မင်းပြားရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးပိတ်ထားသည်ဟု ဖုံးမှ အကြောင်းပြန်ပြီး ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။
Burmesenews narinjara

ဂျပန်အမျိုးသားတို့ လစာ ၂ ခု ရကြ


ဂျပန် အမျိုးသာတို့ လစာ ၂ ခုရတယ်ဆိုလို့ ပျော်မသွားပါနဲ့။ လစာ နှစ်ခု ရတယ်ဆိုတာ အလုပ်ကုမ္မဏီမှ ရတဲ့ လစာနဲ့ ဇနီးသည်ထံမှ ရရှိတဲ့လစာပါ။ ဒီတော့ များလှချည်လားလို့ ထင်ရင် မှားသွား ပါမယ်။
ကုမ္မဏီမှ ရတဲ့ လစာကို အမျိုးသမီးထံ အပ်ရပြီး အမျိုးသမီးထံမှ လို သလောက် ပြန်တောင်းသုံးရခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသမီး မှ ပြန်တောင်းတဲ့ လစာကို okozukai လို့ ဂျပန်လို့ ခေါ်ပါတယ်။
အင်္ဂလိပ်လို ဘာသာပြန်တော့ Pocket Money လို့ အလွယ်သိနိုင် ပါတယ်။ အာရှ တိုက်မှာ ဂျပန်နိုင်ငံဟာ အိမ်အသုံး စရိတ်နဲ့ ပက်သက်လို့ အမျိုးသမီးက ကွပ်ကွဲမှု အများဆုံး ဖြစ်ပါတယ်။
မိသားစု ဘဏ္ဍာရေးကို အမျိုးသမီးက အများစု ထိန်းချုပ်ကိုင်တွယ်ပေးရပြီး ဂျပန်နိုင်ငံသားများရဲ့  ဝင်ငွေထွက်ငွေကို မျှတစေခြင်း ဖြစ်ပါတယ်။ ဂျပန် တင်မကပဲ အာရှနိုင်ငံအများစုမှာ ခင်ပွန်း အမျိုးသားများရဲ့  ဝင်ငွေကို ဇနီးဖြစ်သူတို့က ထိန်းချုပ်လေ့ရှိကြောင်း သိရပါတယ်။
.
Ref: dyknow
အောင်ခမ်း (Yoyarlay)

27 sea game အဆင့် နှင့် ဆုတံဆိပ်စာရင်း ( ၁၄. ၁၂. ၂၀၁၃ )

ASEAN Seagames ( ၁၄. ၁၂. ၂၀၁၃ ) ရက်နေ့ လက်ရှိအချိန်အထိ နိုင်ငံအလိုက်
( ည ၇ နာရီ ၂၃ မိနစ် )
ရရှိထားသော ဆုတံဆိပ်စာရင်း



MOI Webportal Myanmar


ဘင်္ဂလာဒေခ်ျ့ ဆူပူ အကြမ်းဖက်မူ လူ ၈ ဦးသေဆုံး


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာမတ် အစ္စလာမ်မီယား ပါတီ ခေါင်းဆောင် ကာဒေမူလာ ကြိုးဒဏ်ပေး ကွပ်မျက် ခံရပြီးတဲ့နောက် မကျေနပ်တဲ့ သူပါတီဝင်တွေက နိုင်ငံအ၀န်းမှာ အကြမ်းဖက် တိုက်ခိုက်မူတွေ ပြုလုပ်နေတဲ့အတွက် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၁၀ နာရီ ၁ မိနစ် – ကာဒေမူလာ ကြိုးဒဏ်ပေးခံရပြီးအချိန်ကနေ- ယမန်နေ့ ညနေ အထိ သေဆုံးသူ အရေအတွက်ဟာ ၈ ဦးရှိသွားခဲ့ပြီ ဖြစ်သလို လမ်းပေါ်မှာ သွားလာနေတဲ့ ကားစီးရေ  ၁၀၀ ကျော်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့ပြင် စက်ရုံတွေ၊ မီးရထား ဘူတာရုံတွေ၊ အိမ်တွေ၊ ဈေးဆိုင်တွေလည်း မီးရှို့ တိုက်ခိုက်ခံခဲ့ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရပါတီ အ၀ါမိလိဂ် ပါတီဝင်တွေနဲ့ ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်တွေများတယ်လို့ သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

ခုဆူပူ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ ဒက္ကားမြို့တော် အပါအ၀င် ခရိုင် ၂၃ ခုမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကာဒေမူလာကို ကြိုးပေးကွပ်မျက်တာကို မကျေနပ်တဲ့ သူ့ရဲ့ ထောက်ခံသူတွေဟာ လမ်းတွေအထဲကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မ၀င်လာနိုင်အောင် သစ်ပင်တွေကို ခုတ်လှဲ ပိတ်ဆို့ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေကိုလည်း ဓါတ်ဆီသွန် မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

နေရာအတော်များများက ကားလမ်းတွေမှာ မီးဟုန်းဟုန်းတောက်လောင်နေပြီး မီးခိုးလုံးတွေ တလိပ်လိပ်တက်လာနေတာကိုလည်း နေရာအနှံ့မှာ တွေ့မြင်နေရပါတယ်။

အခြေအနေတွေ ဘယ်လောက်တောင်ဆိုးနေသလဲဆိုရင် တချို့နေရာတွေမှာဆိုရင် လမ်းပေါ်မှာ မီးတွေ တောက်လောင်နေပြီး ငြိမ်းသတ်မယ့်သူလည်း မရှိသလို လူတွေအားလုံးဟာ ဘေးလွှတ်ရာကို ထွက်ပြေးနေကြတဲ့ အတွက် တကယ့် မင်းမဲ့တိုင်းပြည်လို ဖရိုဖရဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဘင်္ဂလာဒေခ်ျ့မှာ လာမယ့် ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရ ပါတီနဲ့ အတိုက်အခံ BNP ပါတီတို့ အကြားမှာ  အကြီးအကျယ် သဘောထားကွဲလွဲမူတွေ ပေါ်ပေါက်နေပြီး တင်းမာမူတွေနဲ့ အတူ အကြမ်းဖက်မူတွေ  ဖြစ်ပေါ်နေချိန်မှာ ခုလို လက်ရှိ အစိုးရက ဂျာမတ် အစ္စလာမ်မီးယားပါတီက ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ကြိုးပေးကွပ်မျက်လိုက်ရာကနေ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခု ကြိုးပေးခံရတဲ့ ဂျာမတ် အစ္စလာမ်မီးယားပါတီက ထိပ်တန်း ခေါင်းဆောင် ကာဒေမူလာဟာ လွန်ခဲ့တဲ့ ၄၂ နှစ် – ၁၉၇၁ ခုနှစ် ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ် အပေါ် ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မူနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ ဒါဇင်ဝက် နီးပါးခန့်ရှိတဲ့ ဂျာမတ် အစ္စလာမ်မီးယားပါတီက ဥက္ကဌ၊ အတွင်းရေးမှူး အပါအ၀င်  ထိပ်တန်း ခေါင်းဆောင်တွေကိုလည်း ခုအချိန်မှာ ဖမ်းဆီးထားပြီး အများစုကိုတော့ ဘင်္ဂလာဒေခ်ျ့ အစိုးရ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးကနေ လူသားမျိုးနွယ် အပေါ် ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့  ပြစ်မူတွေနဲ့ သေဒဏ်ချမှတ်ထားပါတယ်။
Burmesenews narinjara

ဒီဖားနှစ်ကောင် ပုံပြင်


ဖားအုပ်စု တစ်စုဟာ တောနက်ကြီးတစ်ခုကို ဖြတ်သန်းရင်း ခရီးထွက်ခဲ့ကြပါတယ်။ ဒီအုပ်စုထဲက ဖားနှစ်ကောင်ကတော့ ကံဆိုးပြီး ချိုင့်တွင်းနက်ကြီး တစ်ခုထဲကို ကျသွားခဲ့ပါတယ်။ တခြားဖားတွေဟာ ချိုင့်တွင်းကြီးက အလွန်နက်တာကို သိလိုက်တာမို့ ကျသွားတဲ့ ဖားနှစ်ကောင်ကို ကြည့်ပြီး “သူတို့တွေ သေတာပဲကောင်းတယ်”လို့ ပြောကြပါတယ်။

ဒီဖားနှစ်ကောင်ကတော့ ပြောတာတွေကို ဂရုမစိုက်ဘဲ သူတို့မှာရှိတဲ့ စွမ်းအားတွေ ထုတ်သုံးပြီး တွင်းထဲကနေ ခုံထွက်ဖို့ ကြိုးစားကြပါတယ်။ တွင်းပေါ်က ဖားတွေကတော့ ရပ်တန့်နေဖို့နဲ့ သေတာကမှ ကောင်းသေးတယ်လို့ပဲ ဆက်တိုက်ဆိုသလို အော်ပြောနေကြပါတယ်။ နောက်ဆုံးတော့ ဖားတစ်ကောင်ဟာ တွင်းပေါ်က ဖားတွေ ပြောတာတွေကို နားစိုက်မိလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျ လက်လျှော့လိုက်တာမို့ ပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။

ကျန်ဖားတစ်ကောင်ကတော့ အတတ်နိုင်ဆုံး အပြင်းအထန်ကြိုးစားပြီး ခုန်ထွက်ဖို့ကိုပဲ မနားမနေ ပြုလုပ်နေပါတယ်။ ဖားအုပ်စုကတော့ သူကိုကြည့်ပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ဖို့နဲ့ သေလိုက်ဖို့သာ အော်ပြောနေကြတယ်။ နောက်ဆုံးမှာ အစွမ်းကုန် ခုန်လိုက်တာမို့ တွင်းအပြင်ကို ထွက်လာနိုင်ခဲ့ပါတော့တယ်။

အပြင်ကိုရောက်တော့ တခြားဖားတွေက “ငါတို့ပြောတာ မင်းမကြားဘူးလား” လို့ ဝိုင်းမေးကြပါတယ်။ သူဟာ နားထိုင်းနေကြောင်း ဖားတွေကို ရှင်းပြလိုက်ပါတယ်။ တွင်းထဲမှာတုန်းက ဖားအုပ်စုကြီးဟာ သူကို ခုန်ထွက်နိုင်ဖို့ အော်ဟစ်အားပေးနေကြတာပဲလို့ ထင်နေခဲ့တာကြောင့် အစွမ်းကုန်ကြိုးစားပြီး ထွက်ခဲ့ခြင်းဖြစ်ပါတော့သည်။

သူငယ်ချင်းတို့ရေ…….
ဒီဖားနှစ်ကောင် ပုံပြင်လေးက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ စွမ်းအားဟာ လျှာဖျားမှာ ရှိတယ်ဆိုတာကို ဖေါ်ပြနေတာပဲ ဖြစ်ပါတယ်။ အားပေးတိုက်တွန်းတဲ့ စကားတစ်လုံးက စိတ်ဓာတ်ကျနေသူကို ပြန်လည်ထူမတ်စေသလို အခက်အခဲများကိုလည်း ကျော်လွှားအောင်မြင်စေပါတယ်။ ဒါကြောင့် မိမိဘာပြောပြော ဂရုတစိုက်ပြောတတ်ပါစေ။ တစ်ခါတရံ စကားကောင်းက အဆိုးဖြစ်ပြီး စကားဆိုးက အကောင်းဖြစ်တတ်တာတွေလည်း ရှိတတ်တာမို့ ဘယ်စကားမဆို အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောဆိုတတ်ဖို့လည်း လိုပါတယ်။ မိမိစကားတစ်လုံးကြောင့် တစ်ခြားလူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး မပျက်သုဉ်းစေပါနဲ့။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ………..
လင်းမြတ်(ပန်းတောင်း)
ပုဂံအွန်လိုင်းမီဒီယာ

Wisdom Teeth အံဆုံးပေါက်လို့နာတာ သက်သာနည်းများ


Wisdom Teeth အံဆုံးဆိုတာ လူကြီးသွား စုစုပေါင်း (၃၂) ချောင်းထဲက အထက်-အောက်၊ ဘယ်-ညာ နောက်ဆုံးက သွား (၄) ချောင်းကိုခေါ်တာ ဖြစ်တယ်။ တိတိကျကျဆိုရင် တတိယမြောက် အံသွားတွေဖြစ်တယ်။ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်အတွင်းပေါက်တယ်။ လူဦးရေ ၃၅% မှာ အံဆုံးမပေါက်ကြပါ။ Impacted wisdom teeth အံဆုံးပေါက်မထွက်နိုင်တဲ့ရောဂါဆိုတာ ရှိတယ်။ ဒီလိုဖြစ်တာထဲမှာ မတူတာတွေ ရှိတယ်။

• Mesioangular impaction ဆိုတာ ၄၄%မှာဖြစ်တဲ့ အများဆုံးအမျိုးအစားဖြစ်တယ်။ အံဆုံးက ရှေ့ဖက်ဆီကို ငေါထွက်နေတာမျိုး။ အထက် အံဆုံးဆိုရင် နုတ်ရတာ အခက်ဆုံးနဲ့ အောက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Vertical impaction ဆိုတာက ၃၈% သွားဖုံးအထက်ကို ထွက်မလာနိုင်တာမျိုး။
• Distoangular impaction ဆိုတာက ၆% အံဆုံးက နောက်ဖက်ဆီ ကစောင်းထွက်နေတာမျိုး။ အောက်အံဆုံး ဆိုရင် နုတ်ရတာအခက်ဆုံးနဲ့ အထက်အံဆုံး ဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Horizontal impaction ဆိုတာ ၃% အံဆုံးက ဘေးဖက်ဆီကို ၉ဝ ဒီဂရီစောင်းထွက်နေတာမျိုး။
• အထက်အံဆုံးက သွားဖုံးကပွင့်နေပြီး ထွက်မလာနိုင်လို့ နုတ်ရရင် အရိုးကို ဖယ်ပေးရတတ်တယ်။

Partial eruption အံဆုံးက အကုန်မထွက်နိုင်ရင် အပေါ်မှာ အဖုံးလိုဖြစ်နေတာကို Operculum ခေါ်တယ်။ သူ့အောက်မှာ ဗက်တီးရီးယားတွေ အောင်းနေနိုင်တယ်။ သွားတိုက်တံနဲ့ လုပ်ပေးတာလဲ မရဖြစ်နေတတ်တယ်။ အပ်မပါတဲ့ ဆေးထိုးပိုက် သုံးပြီး လုပ်နိုင်တယ်။ ပြီးရင် Hydrogen peroxide (H²O²) ဆေးရည်နဲ့ ဆေးပါ။ နီရဲပြီးရောင်နေမယ်။ ပါးစပ်ဟလို့ ခက်မယ်။ ခံတွင်းနံ့ ဆိုးလာမယ်။ Extraction သွားနုတ်ပြစ်ရမယ်။ ဒါမှမဟုတ် Operculectomy ခွဲစိတ်ရမယ်။ ခွဲစိတ်ကာကြောင့် အာရုံကြောကိုထိခိုက်မိရင် လျှာထုံတာ ယာယီဖြစ်နေမယ်။ ကံမကောင်းရင် တသက်လုံး ဖြစ်သွားနိုင်တယ်။ နာတာရှည်ရောင်တာဖြစ်နေတာကို Chronic pericoronitis ခေါ်တယ်။ Paradental cyst အိတ်လိုလဲ ဖြစ်နိုင်တယ်။

သွားထိခိုက်မိတာ၊ သွားပိုးစားတာ၊ သွေးအလျှောက်လို့ သေနေတဲ့သွားတွေကြောင့် သွားပိုးဝင်တာဖြစ်လာနိုင်တယ်။ ပိုးဝင်တာဟာ သွားထဲက Pulp အပျော့လွှာမှာဖြစ်နိုင်တယ်။ သွားအနားက Bone အရိုးမှာလဲ ဖြစ်နိုင်တယ်။ Gum tissue သွားဖုံး (တစ်ရှူး) မှာလဲဖြစ်နိုင်တယ်။

Antibiotics ပဋိဇီဝဆေးတွေက ဗက်တီးရီးယားတွေကို သေစေနိုင်ပေမဲ့ သေနေတဲ့သွားကိုတော့ သက်ရောက်နိုင်မှာ မဟုတ်ပါ။ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးယဉ်တာတွေလဲရှိတယ်။ Erythromycin (အရစ်သရိုမိုင်စင်)၊ Metronidazole (မက်ထရို နိုက်ဒါဇောလ်)၊ Amoxicillin (အမောက်ဆလင်) နဲ့ Cephalosporins (ကက်ဖလိုစပိုရင်) ဆေးတွေကိုပေးတယ်။

ဒေါက်တာ တင့်ဆွေ
Medical Writings ဆေးပညာစာများ

Toothache သွားကိုက်ခြင်း


Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွးဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းကအသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလဲ သွားကိုက်မယ်။သွားမှာ မဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။

Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့ မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာပါနေတဲ့ သကြားဓါတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီးရီးယားကနေ အက်စစ်ဓါတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓါတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။

သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပြော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပြော့လွှာတစ်ရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။

သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖါပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပြော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့ တစ်ရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေရောင်လာပြီး ဘေးကို ပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။

Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကို ထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်) ခေါ်တာဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။

• Rinse with warm salt water ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော် ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲ လုပ်နိုင်တယ်။
• ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။
• Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။
• Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။
• Eugenol (Cloves oil) လေးညှင်းဆီ သုံးပါ။
• ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ Benzocaine ထုံဆေး လဲသုံးနိုင်တယ်။
• Tobacco/Smoking ဆေးလိပ် မသောက်ပါနဲ့။ (နီကိုတင်း) က နာတာကို ပိုဆိုးစေတယ်။
• Massage နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။
• Listerine ပါးစပ်ဆေးရည်ကောင်းပါတယ်။

သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေ -
(၁) Erythromycin (အရစ်သရိုမိုင်စင်) = တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။
(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်)
- Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
- သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
- သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။

ဒေါက်တာ တင့်ဆွေ
Medical Writings ဆေးပညာစာများ

အမှောင်ရိပ်မှအလင်းပျိုးသူကိုမျိုးညွန့်- ညိုခက်ကျော်


NLDလူငယ်တာဝန်ခံ အစ်ကိုကြီးမျိုးညွန့်ဆုံးဘီတဲ့။

တသက်လုံး နိုင်ငံရေးဆိုတာကို ကိုယ့်မိသားစုထက် ပိုပီးချစ်ခဲ့တဲ့အစ်ကိုကြီး။
ကျမတို့ကလေးဘ၀ထဲက ရပ်ကွက်ထဲမှာဆို လူမှုရေးတာဝန်တွေ သိပ်ကျေတဲ့အစ်ကိုကြီး။
သက်ကြီးရွယ်အိုတွေဆို သိသိမသိသိ အမြဲတစေ လေးလေးစားစားနဲ့ တွေ့တဲ့နေရာကပြေးပြေးလာပြီး ၀ိုင်းကူတတ်တဲ့အစ်ကိုကြီး။
NLDအတွက် မဲပေးတဲ့စနစ်တွေ တအိမ်ဝင်တအိမ်ထွက်ဝင်ပြောတော့ ပင်နီတိုက်ပုံ၊ယောပုဆိုးဝတ်ပြီး ကျမတို့ကအဲဒီ့တုန်းက၆တန်း။
" ညည်းတို့၁၈နှစ်ပြည့်ရင် မဲပေးရမှာနော်။ ခုတော့ ခဏစောင့်ဦးနော်"ဆိုပြီး မြန်မာ့သမိုင်းကြောင်းတွေကို သူ့နားဝိုင်းနေတဲ့ကလေးတွေကြား ကွမ်းတ၀ါးဝါးနဲ့စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ အစ်ကိုကြီး။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

သူ့အိမ်က busကားတွေထောင်တယ်။
ခဏနေတော့ လုပ်ငန်းက ရပ်လိုက်ရပြန်ရော။
သူနေတာ နှစ်ထပ်တိုက်။ လုံးချင်းအိမ်။
သူ့ကိုဖမ်းတယ်။ ပြန်လာတော့ သူ့မှာနေစရာအိမ်က မရှိတော့ဘူး။ သူ့ဦးလေးအိမ်မှာနေတယ်
သူပြန်အဖမ်းခံရပြန်တယ်။ သူ့ညီမ (အစ်မလွင်လွင်မြင့်)က မလေးရှားကို အလုပ်လုပ်ဖို့ထွက်သွားပြန်သတဲ့။
သူ့အဖေဦးလှသိန်းဆုံးတယ်။ သူ့အမေမှာ သောကဗျာပါဒတွေ တပွေ့တပိုက်နဲ့ ဒဂုံမြို့သစ်ကို ရွေ့သွားလို့။
သူဒီတခါ ပြန်လာတဲ့အခါ သူ့မှာ သွားတွေမရှိတော့ဘူး။
လူတွေက တယောက်နဲ့တယောက်ကြားနိုင်ရုံ လေသံမျိုးနဲ့ "ရက်စက်လိုက်တာကွာ။ လူငယ်ဘ၀အညွန့်ကျိုးရှာတယ်" အရပ်၁၆မျက်နှာကျီးလန့်စာစားအကြည့်မျိုးတချက်ကြည့်ပြီး အိမ်ထဲမှာ ခေါင်းချင်းဆိုင်တီးတိုးဆိုကြတယ်။ သူအိမ်ရှေ့က ဖြတ်လျှောက်သွားရင် မျက်လုံးချင်မဆိုင်ဝံ့ကြဘူး။ တခါတလေ မိုးရွာထဲ လမ်းမပေါ်ဘောလုံးကန်တဲ့လူငယ်တွေထဲ သူခဏတဖြုတ်ဘောလုံးဝင်ကန်တယ်။ ၂ဂိုးလောက်သွင်းပြီး ၁၅မိနစ်လောက်ဆော့ပြီး သူဟာ အလိုက်တသိလမ်းထိပ်ကို ပြန်ထွက်သွားတယ်။
ညဘက်မှောင်ရီပျိုးချိန် သူ့ကိုအိမ်ရှေ့ဖြတ်သွားတာမြင်ရင်တော့ တချိုူ့က ဘေးဘီကြည့်ပြီး " ဟေ့မျိုးညွန့်။ အခြေအနေတွေဘာထူးသေးလဲကွ" ဆိုပြီး လေထဲလွင့်လွင့်လာတဲ့VOA, BBC အသံလွှင့်သံတွေနဲ့ ပဲ့တင်အထပ်ခံပြီးမေးကြတယ်။ အဲဒီလိုဆို အစ်ကိုကြီးမျိုးညွန့်ဟာ ဘ၀ကို အညွန့်တလူလူနဲ့စိုက်ပျိုးအောင်မြင်ပြီးသူတယောက်ရဲ့အပြုံးမျိုးကို အားပါးတရပြုံးပြီး တဘက်လူသိချင်တာတွေရော၊ မသိချင်တာတွေရော ဖြေရှာတယ်။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

ကိုယ်ပိုင်busကားတွေတည်ထောင်တဲ့မိသားစုကမွေးဖွားလာသူအစ်ကိုမျိုးညွန့်ဟာ အစိုးရရွှေ့တဲ့ ခေတ်ကာလအပြောင်းအလဲအရိုက်အခတ်ကိုခံရတာနှစ်ပေါင်းသိပ်မကြာခင်လေးမှာတင် မြို့ထဲနဲ့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ဒီအရပ်မှာဆက်နေပြီး NLDအလုပ်ကိုဆက်လုပ်နိုင်ဖို့အတွက် အငှားကားမောင်းတယ်။
သူသိပ်နေကောင်းပုံမရဘူး။ ဘားလမ်းမွတ်စလင်ဆေးရုံမှာ သွားသွားဆေးကုရတယ်။
သူက သူနဲ့သူ့မိသားစုအခက်အခဲတွေ၊ မပြေလည်တာတွေကို မေးလည်း သိပ်ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သူမဟုတ်ဘူး။
တခါတလေ အန်တီ့ခြံထဲမှာ သွားကူလိုက်ဦးမယ်ဆို ပျောက်သွားပြန်ရော။ သွားတွေပြန်မစိုက်ရသေးခင်မှာ ထောင်ထဲပြန်ဝင်ပြန်ရော။
အစ်ကိုကြီးမျိုးညွန့် မြန်မာပြည်မြောက်ပိုင်းထောင်ကိုရောက်သွားတော့ သူ့မိခင်အန်တီမြင့်ဟာ လောကဓံအရသာကို တော်တော်ထုံနေပုံရတယ်။ ကျမတို့လမ်းထဲကို ဒဂုံမြို့သစ်ကနေပြန်လာလည်ချိန်များမှာ တော်တော်ကို ပိန်ကျသွာတာကလွဲပြီး တည်တည်ငြိမ်ငြိမ်ပါပဲ။ "မျိုးညွန့်အတွက်ထောင်ဝင်စာကို နောက်လ IRCက ထောက်ပံ့တာရမှ သွားတွေ့ရမယ်။ ခရီးစရိတ်ကလည်းမသေးဘူးအေ့" တဲ့။

(ဖရုဿဿ ၀ါစာ။ ။ "သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)


၂၀၁၀မှာ အစ်ကိုမျိုးညွန့်ပုံတွေ အွန်လိုင်းမှာ တခါနှစ်ခါတွေ့တွေ့နေရတယ်။
ဝမ်းသာလိုက်တာ။ အစ်ကို ပြန်လွတ်လာပြီပေါ့။
တခါ စစ်ကိုင်းကိုNLDလူငယ်အဖွဲ့ခေါင်းဆောင်အနေနဲ့သွားတာတွေ့လိုက်ရပြန်တယ်။ အစ်ကိုကြီးပိန်သွားတယ်။
ဒီနေ့တော့ ကိုမြတ်သူ (လူငယ်NLD)က အစ်ကိုကြီးမျိုးညွန့်ဆုံးပြီပြောတယ်။
sea gameဓာတ်ပုံ၊စာလုံးတွေ တဖွဲဖွဲတဖြုတ်ဖြုတ်ကြားမှာ အဲဒီ့သတင်းကို ဆို့ဆို့နင့်နင့်ဖတ်လိုက်ရတယ်။

(ဖရုဿဿ ၀ါစာ။ ။ " သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

ခုချိန်ကာလမှာတော့ တချိန်တခါက ပင်နီအကျီဝတ်လို့ဆို အိမ်ရှေ့ကဖြတ်မလျှောက်ပါနဲ့တို့။ သူ့ဟာသူ ခမောက်ဆောင်းပြီးဆန်ခံကြွတဲ့သီလရှင်ကို ဒီအိမ်ရှေ့နောက်တခါဆန်လာခံလို့ကတော့ ဘယ်တော့မှမလှူဘူးကြိမ်းခဲ့ကြတဲ့အဖြစ်အပျက်တို့ဟာ ၂၀၁၀နောက်ပိုင်းမှာ ဇောက်ထိုးဂျွမ်းပြန်ပြီး ပွဲလမ်းသဘင်နဲ့အပ်သော်ရှိမအပ်သော်ရှိ ဇွတ်ကိုဆင်ယင်ကြပါသော ပင်နီနဲ့ယောလုံချည်တွေ on lineမှာမြင်ရတိုင်း ကျမပထမဆုံးပြေးသတိရမိသူက သွားမရှိတော့လို့ကွမ်းမ၀ါးနိုင်တော့ပေမယ့်လည်း အစဉ်ပြုံးရယ်နေတတ်တဲ့ အစ်ကိုကြီးမျိုးညွန့်။ နောက်တစစီ ပဲ့ပဲ့ကြွေထွက်သွားတဲ့သူ့မိသားစုအပိုင်းအစတွေ။
အဲဒီ့လိုအပိုင်းပိုင်းအစစတွေဟာ ကမ္ဘာမှာယဉ်ကျေးဖော်ရွေတဲ့လူမျိုးတွေနေပြီး ဗြဟ္မစိုရ်တရားလေးပါးလက်တိုင်ထားပြီး သိပ်ကိုဂုဏ်ယူစရာကောင်းပါတယ်ဆိုတဲ့ ကျမတို့တိုင်းပြည်ရဲ့ နေရာအနှံ့မှာ လူသိသူသိတမျိုး၊ လူမသိသူမသိတသွယ် တဖွဲဖွဲကြွေလွင့််ခဲ့ကြ။ ကြွေလွင့်နေကြတာတွေကို နေသားထိုင်သားကျသွားကြပြီး "အဲဒါလုပ်ရင်အဲဒါဖြစ်ကိုဖြစ်မယ်" ဓလေ့ထုံးတမ်းစဉ်လာတစ်ခုလို။ ပရမတ္တသီအိုရီတခုလိုများ ခေတ်အဆက်ဆက် ပြဌာန်းခံခဲ့ရပြီလား။
ခေတ်ကြီးက " တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ။တို့ပြည်၊ တို့မြေ"ဆိုတဲ့စာသားကို သွေးရူးသွေးတန်းအချိန်တွေမှာသာ အိပ်မက်ကနေထလမ်းလျှောက်မိသလို ၊ ထထဆိုပြီး ပြန်ပြန်အိပ်ပျော်သွားတတ်တဲ့ တေးသံတွေနဲ့ သာယာပျော်မွေ့တတ်ဖို့ ညင်ညင်သာသာon lineလက်ချာတွေနဲ့ ၊ သံတူကြောင်းကွဲဝါကျတွေ ထပ်ကာထပ်ကာ နားသွင်းပြီး အသင်ကြားခံနေရတုန်း။

(ဖရုဿဿ ၀ါစာ။ ။ သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” - ဗိုလ်ချုပ်ခင်ညွန့်)

တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့၊ လူငယ်ဘ၀တခုလုံး (မူးယစ်ဆေးသုံး၊ သူခိုး၊ဓားပြ၊မုဒိန်းကောင်၊လူသတ်ကောင် မဟုတ်ပါဘဲနဲ့)
အညွန့်ကို တဆစ်ချင်းတဆစ်ချင်းအချိုးခံပြီး ကိုယ်ယုံကြည်ချက်ပေါ်ကိုယ်မယိုင်မလဲရပ်တည်ခဲ့တဲ့ အစ်ကိုကြီးမျိုးညွန့်
ကောင်းရာဘုံဘ၀မှာအစဉ်ငြိမ်းချမ်းပါစေ။ ဘ၀အဆက်ဆက် ဘယ်သွားသွားနောက်ကတကောက်ကောက်လိုက်တတ်တဲ့ရာဘာဖိနပ်ရှပ်တိုက်သံတွေ ညကြီးသန်းခေါင်တံခါးလာခေါက်သံတွေ၊ စစ်ဖိနပ်သံတွေ၊ စစ်ကြောရေးစခန်းတွေ၊ သံတိုင်တွေ၊ ဒါတွေအားလုံးနဲ့ အဝေးဆုံးဝေးပါစေ။

ညိုခက်ကျော်
၂၀၁၃၊ ဒီဇင်ဘာ၁၂။
မနင်၁၀နာရီ၁၀မိနစ်
Downmanhon( ဒေါင်းမာန်ဟုန်)

ကာချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အလိုကျ အခြေခံဥပဒေ ရေးဆွဲခဲ့ဟု တော်လှန်ရေးကောင်စီ လက်ထက် ကာချုပ်ဟောင်း ဝေဖန်


ဝေဖန်မှုများဖြင့် ပြည့်နေသည့် ၂၀၀၈ အခြေခံ ဥပဒေအား ယခင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောကျ ရေးသားခဲ့ပြီး အမျိုးသားညီလာခံမှ အတည်ပြုခဲ့သည်ဟု တော်လှန်ရေး ကောင်စီခေတ် ကာကွယ်ရေး ဦးစီးချူပ်ဟောင်း သူရဦးတင်ဦးက ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ် သည့် နိုဗယ်ငြိမ်းချမ်းရေး ကျောင်းသား လူငယ် လှုပ်ရှားမှု စာအုပ် မိတ်ဆက်ပွဲ အပြီးတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ သူရ ဦးတင်ဦးအား မေးမြန်းခဲ့ရာ၌ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်နိုင်ရေး အတွက် ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းများ ရှိနေဆဲဖြစ်ကြောင်း၊ သမိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို နမူနာယူ၍ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ရင်း ယခုကဲ့သို့ ဆက်စပ် ပြောဆို လိုက်ခြင်းလည်းဖြစ်သည်။

““နိုင်ငံက အခု ခေါ်ခေါ်နေတာက ကျဆုံးနေသော နိုင်ငံပေါ့နော်။ Falling State လို့ ခေါ်တာပေါ့။ အဲဒီဟာ ထပ်ပါ လုပ်ရင်တော့ Falling State မဟုတ်ဘူး။ Healing State, ငရဲကျသွားမယ်။ ဟိုချောက်ထဲ ကျသွားမယ်။ အတွေ့အကြုံတွေလည်း ရခဲ့ကြပြီးပြီလေ။ … ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့ရတာပဲ။ လူငယ်တွေ ဆိုရင်လည်း ဘ၀တွေ ပျက်ကြ၊ အနှောင်အဖွဲ့ ခံခဲ့ကြ၊ မိသားစုတွေ ကွဲကြ၊ ပြန်လွတ်လာတော့ ပညာရေးတွေ ဆုံးရှုံးကြ၊ လူမှု ထူထောင်ရေး ဆုံးရှုံးကြ။ ဒါတွေကို ကိုယ့်တိုင်းသူပြည်သားချင်း၊ တိုင်းရင်းသားတွေ အတူတူပဲ။ ဖြစ်ဖို့ မကောင်းတော့ဘူး။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေက သူတို့က စကတည်းက စစ်တပ်က ရေးတဲ့ဟာချည်း။ စစ်တပ်က ဦးသန်းရွှေက ရေးတာ။ ဒါကို စာရွက်ပေါ်မှာ တင်ပြီးတော့ အမျိုးသားညီလာခံ လုပ်ပြီးတော့ လုပ်သွားတာ။ ဒါတွေကို ဒီမိုကရေစီကျကျ၊ စိတ်ရှည်ရှည်နဲ့၊ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သူတို့ကို ယုံကြည်ရအောင် ဖြေရှင်းပေးဖို့လိုတယ်”” ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

တိုင်းရင်းသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ရှိနေပြီ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ ဗဟိုမှ ချုပ်ကိုင်လျက် ရှိကြောင်း၊ ပြည်နယ်၊ တိုင်းအစိုးရများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများ ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ဒေသများမှာ လမ်းပန်း ဆက်သွယ်ရေး နိမ့်ကျခြင်း၊ ပညာတတ်မှု နှုန်းထား နိမ့်ကျခြင်း၊ စီးပွားရေး အခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် ၎င်းတို့အား ဦးစားပေးသင့်ကြောင်း သူရဦးတင်ဦးက ထပ်မံပြောကြားခဲ့သည်။

လက်ရှိတွင် ဗဟိုအစိုးရမှ တိုင်းရင်းသား ပြည်နယ်၊ တိုင်းဒေသများတွင် စီမံကိန်းများ လုပ်ဆောင်နေ သော်လည်း ယင်းမှ ထွက်ရှိသည့် အကျိုးအမြတ်များအား ပြည်နယ်၊ တိုင်းအစိုးရများသို့ ခွဲဝေမှုမရှိသည့် အတွက် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။

““၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက တိုင်းရင်းသားများအတွက် ရပိုင်ခွင့် လုံးဝမရှိဘူး။ ပြင်ကို ပြင်ရမှာ။ အခြား တိုင်းရင်းသားတွေမှာလည်း ဒီခံစားချက်အတိုင်းပဲ””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်လိုသူ များပြားလျက်ရှိပြီး အစိုးရမှ လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့လာသည့် အကြံပြုချက်ပေါင်း ၂၅၁၂ ချက်ထိ ရှိသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အခန်း(၁) ဖြစ်သည့် နိုင်ငံတော် အခြေခံမူများ အခန်းမှာ ပြင်ဆင်လိုသူ အများဆုံးဖြစ်ပြီး အကြံပြုထားသည့် အချက်ပေါင်း ၅၉၀ထိ ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ (က)များအရ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်၏ ၂၀ ရာခိုင်နှုန်းမှ အဆိုပြု တင်သွင်းရန်၊ ယင်းအဆိုပြုချက်အား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ သဘောတူရန်နှင့် ယင်း သဘောတူညီချက်အား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်မှ သဘောတူမှသာ ပြင်ဆင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

အေးမိုးကိုကို
Myanmartandawsint Newspaper

ရှုံးရင်လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ ဟု ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား


နေပြည်တော် ၊ ဒီဇင်ဘာ ၁၃ ။ ။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။

ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။ စိတ်ဓာတ်အပေါ် အခြေခံ ရမယ်။ အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲ မယိုင်နဲ့ နိုင်လို့ရှိရင် လဲ မကျောနဲ့ နိုင် တယ်ဆိုရင် တောင်မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင် သူမ၏မြင်းဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကိုလည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မောင်ပိုင်
Yangon Media Group

ဟောင်ကောင်အေဂျင်စီတွေက မြန်မာအိမ်ဖော်တွေကို ခေါ်ယူဖို့ကြိုးစား


ဟောင်ကောင်မှာရှိတဲ့ အလုပ်သမားအေဂျင်စီတွေက မြန်မာနိုင်ငံက အိမ်ဖော်တွေကို တရားဝင် ခေါ်ယူခွင့် လိုင်စင်ရဖို့ ကြိုးစားနေတဲ့အတွက် မြန်မာနိုင်ငံဟာ ဟောင်ကောင် အိမ်ဖော်လိုအပ်အတွက် နောက်ထပ်ဈေးကွက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဒီကနေ့ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ရေးသားလိုက်ပါတယ်။

ဟောင်ကောင်အခြေစိုက် အလုပ်သမားအေဂျင်စီတစ်ခုရဲ့ အဆိုအရ ဟောင်ကောင် မြန်မာသံရုံးအရာရှိ တစ်ဦးက ဟောင်ကောင်အေဂျင်စီတွေအနေနဲ့ အိမ်ဖော်ခေါ်ယူခွင့်လိုင်စင်ကို မြန်မာသံရုံးမှာ လျှောက်ယူနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်အလုပ်သမား အေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံက တရားဝင်အိမ်ဖော်ခေါ်ယူနိုင်ရေး နှစ်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် အခုလို အခွင့်အလမ်းတခါမှမကြုံခဲ့ဖူးကြောင်း၊ နောက်လထဲမှာ မြန်မာနိုင်ငံသွားရောက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ရှိကြောင်း အလုပ်သမားခေါ်ယူရေး အေဂျင်စီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ Teresa Tsui-lan က ပြောပါတယ်။

ပြီးခဲ့တဲ့မေလက ဟောင်ကောင်နိုင်ငံဟာ အင်ဒိုနီးရှားက အိမ်ဖော်အလုပ်သမ ၁၁ ဦးကို ပထမဆုံးတရားဝင် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင်မှာ အိမ်ဖော်အများစုဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံကဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားအိမ်ဖော်လုပ်ကိုင်မှုကို ၂၀၁၇ အထိ ပိတ်ထားတဲ့အတွက် တခြားနိုင်ငံတွေကနေ ခေါ်ယူနိုင်ဖို့ အေဂျင်စီတွေက ကြိုးစားနေတာဖြစ်ပါတယ်။
RFA Burmese

ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​ခြင်း​မ​ဟုတ်​ဟု ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ပြော


ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ကို ​လုပ်​တာ​ဟာ ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​တာ ​မ​ဟုတ်​ဘဲ ​တပ်​မ​တော်​နဲ့​ပြည်​သူ​အ​ကြား ​တ​သွေး​တ​သား​တည်း ​ဖြစ်​အောင်​လို့ ​လုပ်​တာ​ဖြစ်​ကြောင်း ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

ရန်​ကုန်​တိုင်း​၊ ​ကော့​မှူး​မြို့​နယ်၊ ​အ​ဖျောက်​ကျေး​ရွာ​မှာ ​ဒီ​နေ့ ​မ​နက်​ပိုင်း​က ​ပြု​လုပ်​ခဲ့​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ရဲ့​  ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​မိန့်​ခွန်း​မှာ ​ထည့်​သွင်း ​ပြော​ကြား​ခဲ့​တာ​ဖြစ်​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​က “​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​ကို ​တပ်​မ​တော်​အ​နေ​နဲ့ ​အ​မျိုး​သား​နိုင်​ငံ​ရေး​မှာ ​ဦး​ဆောင်​မှု​က​ဏ္ဍ​ယူ​ရေး​ကိ​စ္စ​တွေ​ကို ​ကျ​မ​တို့ ​ဖြစ်​ချင်​တာ​က ​တပ်​မ​တော်​ကို ​ဆန့်​ကျင်​ဖို့ ​မ​ဟုတ်​ဘူး​၊ ​တပ်​မ​တော်​နဲ့ ​ပြည်​သူ​နဲ့​အ​ကြား​မှာ ​တ​သွေး​တ​သား​တည်း ​ဖြစ်​ချင်​လို့ ​ဆို​တာ​ကို ​အ​များ​သိ​စေ​ချင်​ပါ​တယ်။ ​အ​ခု​ဟာ​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဟာ ​တ​နည်း​အား​ဖြင့် ​ပြည်​သူ​နဲ့ ​တပ်​မ​တော်​ကြား​ထဲ​မှာ ​တိုက်​ပေး​ရုံ​သာ​မ​က ​ပြည်​သူ​ကျေ​နပ်​တဲ့ ​ကိ​စ္စ​တွေ​နဲ့ ​ပတ်​သက်​ရင် ​တပ်​မ​တော်​ကို ​တ​ရား​ခံ​ဖြစ်​အောင် ​လုပ်​ထား​တယ်​လို့​ပဲ ​ကျ​မ ​ဒီ​လို​ပဲ ​မြင်​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ဒါ့​အ​ပြင် ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​တပ်​မ​တော်​ကို ​အ​မြင်​မ​မှား​ကြ​ဖို့​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​လိုက်​ပါ​တယ်။

“၇၅ ​ရာ​ခိုင်​နှုန်း ​ပြည်​သူ့​ကိုယ်​စား​လှယ်​တွေ​ရဲ့ ​ဆ​န္ဒ​ကို ​တပ်​မ​တော်​ထဲ​က ၂၅ ​ရာ​ခိုင်​နှုန်း ​ကိုယ်​စား​လှယ်​တွေ​ထဲ​က​နေ​ပြီး ​ဆန့်​ကျင်​မယ်​ဆို​ရင် ​ဒါ​ဟာ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​ငါ​တို့​ရဲ့ ​လို​အင်​ဆ​န္ဒ​တွေ​ကို ​ဆန့်​ကျင်​တာ ​တပ်​မ​တော်​ဆို​ပြီး​တော့ ​မ​တွေး​ရ​ဘူး​။ ​ဒါ​ဟာ ​တပ်​မ​တော်​ကို ​တ​ရား​ခံ​ဖြစ်​အောင်​လုပ်​တယ်​လို့​ပဲ ​ကျ​မ​မြင်​ပါ​တယ်” ​လို့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ကော့​မှူး​မြို့​နယ် ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​တဲ့​ပွဲ​မှာ ​အန်​အယ်​ဒီ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​၀င်း​မြင့်​နဲ့ ​စိန်​ဂျွန်း ​ဦး​ဌေး​ဦး​တို့​က ​ဖွဲ့​စည်း​ပုံ​မှာ ​ဘယ်​လို​အ​ချက်​တွေ​ကို ​ပြင်​ဆင်​သင့်​ပုံ​တွေ​ကို ​ပြည်​သူ​တွေ​ထံ ​ရှင်း​လင်း​ဟော​ပြော​ခဲ့​ကြ​ပါ​တယ်။
ဒီ​နေ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​အ​ခမ်း​အ​နား​ကို ​ပြည်​သူ ၃ ​သောင်း​လောက် ​ဆက်​ရောက်​ပြီး ၉၉ ​ရာ​ခိုင်​နှုန်း​က ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ဖို့ ​ဆ​န္ဒ​ပြု​ခဲ့​ကြ​ပါ​တယ်။

ဒီ​ဇင်​ဘာ ၁၅ ​ရက်​နေ့​မှာ​လည်း ​ပဲ​ခူး​တိုင်း ​သာ​ယာဝ​တီ​မြို့​နယ်​မှာ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ဆိုင်​ရာ ​လူ​ထု​ဆ​န္ဒ​သ​ဘော​ထား ​ရ​ယူ​ပွဲ​ပြု​လုပ်​သွား​ဖို့​ရှိ​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တက်​ရောက် ​မိန့်​ခွန်း​ပြော​ကြား​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၈ ​ရက်​နေ့​က ​နေ​ပြည်​တော်​မှာ ​ပြု​လုပ်​တဲ့ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​မှာ​လည်း ​လူ​ထု ၂ ​သောင်း​လောက် ​တက်​ရောက်​ခဲ့​ကြ​ပြီး ၈၈ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး​ကို ​ဆ​န္ဒ​မဲ​ပေး​ခဲ့​ကြ​ပါ​တယ်။

နိုဝင်​ဘာ ၁၀ ​ရက်​နေ့​က ​ရန်​ကုန်​မြို့​  ​ဗိုလ်​စိန်​မှန် ​အား​က​စား​ကွင်း​ကြီး​မှာ ​ပြု​လုပ်​ခဲ့​တဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ​ဆ​န္ဒ​ခံ​ယူ​ပွဲ​မှာ​လည်း ​လူ​ထု ၂ ​သောင်း​ကျော် ​တက်​ရောက်​ခဲ့​ပြီး ၉၉ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ​ပြင်​ရေး ​မဲ​ပေး​ခဲ့​ကြ​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ဟာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​မ​လား​၊ ​အ​သစ်​ရေး​ဆွဲ​မ​လား ​ဆို​တာ​နဲ့​ပတ်​သက်​ပြီး ​လူ​ထု ​ဆ​န္ဒ​ခံ​ယူ​ပွဲ​တွေ​ကို ​မြန်​မာ​နိုင်​ငံ​တ၀န်း ​လှည့်​လည်​ပြု​လုပ်​နေ​တာ​ပါ။
ကောက်​ခံ​ရ​ရှိ​လာ​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ကို ​စု​စည်း​ပြီး ​လွှတ်​တော်​က​ဖွဲ့​စည်း​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ပူး​ပေါင်း​ကော်​မ​တီ​ဆီ​ပေး​ပို့​မှာ ​ဖြစ်​ပါ​တယ်။

DVB Burmese

အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်၏အမှု ကို တရားခံများ အမြန်ဖော်ထုတ် အရေးယူပေးရန် မကွေးမြို့သီလရှင်များမှ တောင်းဆို


ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီတွင် မကွေးမြို့ မြသလွန်ကုန်းတော်ပေါ်ရှိ ခေမာသီရိ သီလရှင် စာသင်ကျောက်တိုက်၌ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲအဖြစ် သီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲတွင် မကွေးတိုင်း ဒေသကြီး သီလရှင် ဥက္ကဋ္ဌ ဒေါ်ကာရုဏိ ကာ၊ မြို့နယ်ဥက္ကဋ္ဌ သီရိစန္ဒာရုံတိုက်အုပ် ဒေါ်စန္ဒာသီရိ၊ သာသနာ့ဂုဏ်ရည်တိုက်အုပ် ဒေါ်သုစိန္တီ၊ သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ နှင့် လက်ထောက်တိုက်အုပ်များ စုစုပေါင်းသီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။

သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင်စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင်ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသောအမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာတရားဥပဖြေင့်အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းပေးပါရန် လျှောက်ထားကြောင်း၊ ထို့နောက် သာသနာဂုဏ်ရည်တိုက်အုပ်မှ အခင်းဖြစ်ပွားသော မြို့ရှောင်လမ်းသို့ သီလရှင်များ တစ်ပါးတည်းမသွားကြရန်၊ အချိန်မတော်သွားလာခြင်းမပြုကြရန်၊ အများပြည်သူများ အကြည်ညိုပျက်အောင် မလုပ်မိစေရန်လျှောက် ထားခြင်း။ သီရိစန္ဒာရုံလက်ထောက်တိုက်အုပ် ဒေါ်သိင်္ဂ၀တီ မှ သီလရှင်များ တစ်ဇွန်းဆန်သာ အလှူခံကြရန်၊ တစ်ပါးလျှင်(၂)ပါးစာအတွက် အလှူမခံရန်၊ ဆိုင်ကယ် ကယ်ရီများအား မိမိနှင့်မသိရှိဘဲ စီးနင်းလိုက်ပါခြင်း မပြုကြရန်လျှောက်ထားကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်တစ်ပါး၏ကျောင်း သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ မှ တရားလို သီလရှင်အား တရားရုံးတရားခွင်တွင် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင် ရေးကို တောင်းဆိုလျှောက်ထားကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်
thit htoo lwin

မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာ အပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ


ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးနန်းမြင့် နှင့် သဖန်းဆိပ်ကျေးရွာ ဆယ်အိမ်မှူး ဦးကောက်ကြီး(ခ)ဦးစံထွန်း၊ ဦးအောင်သန်းဇော်၊ ဦးအောင်နိုင်ဝင်းနှင့်အတူ သဖန်းဆိပ်ရွာသားများသည် မြို့နယ်မြေယာစီမံခန့်ခွဲရေးမှ လုပ်ကိုင်ခွင့်ပေးထားသော သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာကြားရှိ မြေနုကျွန်းခွဲဝေမှုအား တစ်ဦးချင်းအလိုက် မြေနုကျွန်များ အကွက်ချခွဲဝေပေးနေကြောင်း၊ ထိုစဉ် ကမ်းရင်ရွာသား ကိုမှတ်ကြီး နှင့် ကိုချက်ကြီး ပါ ခုနှစ်ဦးအုပ်စုတို့သည် ဒုတ် ဓါး ရဲဒင်းများကို ကိုင်ဆောင်ရောက်ရှိလာကြောင်း၊ သဖန်းဆိပ်ရွာဘက်က ထုံပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် က ကိုမှတ်ကြီးအား လုပ်ခွင့် ရရှိသည့် နေရာတွင်လုပ်ကြရန် ပြောနေစဉ် ကိုမှတ်ကြီးက အသင့်ပါလာ သော ရဲဒင်းဖြင့် ဦးနန်းမြင့်အား ချိန်ရွယ်၍ ဦးနန်းမြင့်နှင့်အဖွဲ့သည် သဖန်းဆိပ်ရွာသားများရှိသော နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ပြဿနာမဖြစ်ကြ ရန်ပြောဆိုကြောင်း၊ ဦးနန်းမြင့်သည် မြေနုကျွန်းပေါ်တွင် အနောက်မှ အရှေ့သို့ပြန်လာစဉ် ကမ်းရင်ရွာသားများဖြစ်ကြသော ကိုမှတ်ကြီးနှင့် ကိုချက်ကြီးတို့မှ နောက်ကလိုက်၍ ကိုမှတ်ကြီးက ရဲဒင်းနှင့်ခုတ်ကြောင်း၊ ကိုချက်ကြီးက ဓားဖြင့်ခုတ်ရာ ဦးနန်းမြင့် တွင် ဦးခေါင်းအလယ်၌ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါး၌ ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ(၁၃)ရက် နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကမ်းရင်ကျေးရွာမှ ကိုမှတ်ကြီးပါ (၇)ဦးတို့ကို မကွေးမြို့မရဲစခန်း(ပ)၂၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၄/၁၁၄ ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်စုရွာသားဦးမြမောင်း ကို မေးမြန်းရာ.. ` ဒီဇင်ဘာ(၁၃) ရက်နေ့ က သဖန်းဆိပ်ကျေးရွာသား(၁၅၀)လောက်က စက်လှေတစ်စင်းနဲ့ ထုံးပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနန်းမြင့်ဦးဆောင်ပြီး ကမ်းရင်ကျေးရွာ မြေနုကျွန်းပေါ်ကို ရောက်လာကြပါတယ်၊ မကွေးတိုင်းဒေသကြီးမှ ဆုံးဖြတ်ချက်အရ ဒီအငြင်းပွားနေတဲ့ မြေနုကျွန်းကို ခွဲယူဖို့လာကြတယ်ပြောပါတယ်၊ သူတို့ဆီကို အထက်တိုင်းကချပေးတဲ့စာကို တောင်းကြတယ်သိရပါတယ်၊ မြေနုကျွန်းချပေးတဲ့ စာမပြရာကနေ သူတို့ သဖန်းဆိပ်ရွာဖက်ကစပြီး လေးခွနဲ့ပစ်လို့ ကိုမှတ်ကြီးကို လေးခွခဲမှန်ပါတယ်၊ နောက် ကိုချက်ကြီးရဲ့ညီမ မအေးသီတာကနေကြာပက်ကျဲနေတာကို ကိုနန်းမြင့်က အေးသီတာရဲ့လက်ကိုဆွဲပြီးဖယ်ရမ်းလိုက်လို့ လဲကျသွား တော့ သူ့အကိုချက်ကြီးက ထယ်ထိုးနေရာမှ ပြေးလာပြီး  ဓားနဲ့ဝင်ခုတ်တာပါ။ အဲဒီအချိန်မှာ သဖန်းဆိပ်ရွာ ဘက်က လေးခွတွေနဲ့ ထပ်ပြီးပစ်ပါတယ်၊ အဲဒီတော့ နှစ်ဘက် ကျေးရွာအုပ်စု အပြန်အလှန် လေးခွတွေနဲ့ ပစ်ခတ်ကြပါတယ်..။´´ ဟု ဦးမြမောင်းက ပြောသည်။

ဝိုင်းကြည်အောင်
thit htoo lwin

ပဲမျိုးစုံဈေးကွက် စနစ်တကျမှန်ကန်မှုရှိစေရန် အရောင်းအဝယ် စည်းကမ်းချက်များထုတ်ပြန်


ရန်ကုန် ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံပဲမျိုးစုံဈေးကွက် အတွင်း အရောင်းအဝယ်စနစ်တ ကျမှန်ကန်မှုရှိစေပြီး ပဲထုတ်လုပ် သူ တောင်သူလယ်သမားများ၊ ပြည်တွင်းရောင်းဝယ်သူကုန်သည် များ၊ ပြည်ပတင်ပို့သည့် ပို့ကုန် လုပ်ငန်းရှင်များ မျှတစွာအကျိုးရှိ စေရန် အရောင်းအဝယ်စည်းကမ်း ချက်များကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ထုတ်ပြန် ကြေညာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပဲမျိုးစုံ ပြည်ပတိုးမြှင့်တင်ပို့ရေးလုပ် ငန်းကော်မတီ ၁/၂ဝ၁၃ ကြေညာ ချက်အရသိရသည်။

ပဲမျိုးစုံပြည်တွင်းရောင်းဝယ် မှုနှင့် ပြည်ပတင်ပို့မှုလုပ်ငန်းများ တွင် မမှန်ကန်သောဈေးကစားမှု များ၊ ကုန်ပစ္စည်းမရှိဘဲDo(Delivery Order) များကို လက်လွှဲပြောင်း ပြုလုပ်၍ လေရောင်းလေဝယ်
ဆောင်ရွက်မှုများကြောင့် ပြည်တွင်း ဈေးကွက်တည်ငြိမ်ရေးနှင့်ပြည်ပသို့ပုံမှန်တင်ပို့နိုင်ရေးကို ထိခိုက်မှု များပေါ်ပေါက်စေကြောင်း သိရ သည်။

ပဲမျိုးစုံပြည်ပတိုးမြှင့်တင်ပို့ရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအရ ပဲမျိုးစုံတွင် ၂ဝ၁၂ ခုနှစ် ထွက်မှ ၂ဝ၁၃ ခုနှစ်ထွက်သို့ ပြောင်းသည့် DO များမှအပ ကျန် အရောင်းအဝယ်များမှာ သြဂုတ် ၁၅ ရက်မှစ၍ DO ဖြင့်ရောင်း ဝယ်ခြင်းမပြုရန် စာချုပ်ဖြင့်သာ ရောင်းဝယ်ရန်၊ ၂ဝ၁၂ ခုနှစ်ထွက်မှ ၂ဝ၁၃ ခုနှစ်သို့ ခုနှစ်ပြောင်းလဲ ထုတ်ပေးသည့် DO များနှင့် ပတ် သက်၍ ယခုလ ၃၁ ရက်နောက် ဆုံးထား၍ ပစ္စည်းထုတ်ယူရန်နှင့် လက်ပြောင်းရောင်းချရာတွင် DO အတိုင်းရောင်းချခြင်းမပြုဘဲ စာချုပ် ဖြင့်သာရောင်းချရန်၊ စာချုပ်ဖြင့် ရောင်းချရာ၌ စာချုပ်သည့်ရက်မှစ၍ ရက်ပေါင်း ၃ဝ ထက်မကျော်စေဘဲ သင်္ဘောတင်ခြင်း(သို့မဟုတ်) ပစ္စည်း ထုတ်လုပ်ခြင်းပြုလုပ်ရမည့် ကုန် ပစ္စည်းထုတ်ယူရာတွင် ကုန်ထုတ် မိန့်အား သုံးစွဲနိုင်ပြီး ကုန်ထုတ်မိန့် သက်တမ်းသည် ရက်သတ္တပတ် (ခုနစ်ရက်)ထက်ကျော်လွန်မှုမရှိ စေဘဲ ကုန်ထုတ်မိန့်အားလက်လွှဲ ရောင်းချခြင်းမပြုလုပ်ကြရန် သတ် မှတ်ထားပြီး သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက ပို့ကုန်ဈေး ကွက်ပျက်ပြားစေရန် ဆောင်ရွက်သူ များအဖြစ် အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ပဲမျိုးစုံပြည်ပတိုးမြှင့်ပို့ရေးလုပ် ငန်းကော်မတီ၏ အစည်းအဝေးဆုံး ဖြတ်ချက်ကို တိကျစွာလိုက်နာ၍ DO များအား သက်ဆိုင်ရာရောင်းချ သည့် ကုန်ရုံများမှ ယခုလ ၃၁ ရက်နောက်ဆုံးထား၍ ထုတ်ယူ သွားကြရန် သတိပေးကြေညာထား ကြောင်း သိရသည်။

ဖြူသင်းခိုင်
The Union Daily

မျက်နှာဖုံးစွပ် လူသတ်မှု စွဲချက်တင်ပုဒ်မကို ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း လွှတ်တော် တရားရုံးတွင် ဦးတိုက်လျှောက်


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြောက်ဥက္ကလာပမြို့နယ်တွင် လွန်ခဲ့သော ၂ နှစ်ကျော်က ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ် ကျခံနိုင်သော ပုဒ်မဖြင့် စွဲချက်တင်ခံရသူ ၂၃ ဦးအနက် ၁၆ ဦးကို စွဲချက်တင်ပုဒ်မ ပြင်ဆင်ပေးရန် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်း လွှတ်တော် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း အဆိုပါ တိုင်းတရား လွှတ်တော်ရုံးထံမှ သိရှိရသည်။

စွဲချက်တင်သော ပုဒ်မသည် ကြီးမားသော ပြစ်ဒဏ် ရှိသောကြောင့် တရားစွဲဆို ခံရသူများဘက်တွင် ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း၊ ဥပဒေအရ မှန်ကန်မှုရှိ မရှိ ပြန်လည် ဆန်းစစ်ပေးရန် လိုအပ်နေသောကြောင့် စွပ်စွဲခံရသူ ၁၆ ဦးကို ဦးတိုက် လျှောက်ထားရခြင်း ဖြစ်ကြောင်း စွပ်စွဲခံ ရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းလွင်က ရှင်းပြသည်။

“ရဲအရာရှိတစ်ဦးရဲ့ ထွက်ဆို စစ်ဆေးချက်ဆိုတာ တရားခွင်မှာ သက်သေ မခိုင်လုံနိုင်ပါဘူး။ လုံလောက်တဲ့ သက်သေ အထောက်အထား မခိုင်လုံဘဲနဲ့ ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေး မယ်ဆိုပြီးမှ အထက်ရဲ့ စီစဉ်ညွှန်ကြားမှုအရ ပြန်လည် ဖမ်းဆီးတယ်ဆိုတာ ဥပဒေနဲ့ မညီညွတ်တာကြောင့် ပြန်လည် စိစစ်ပေးရန် လျှောက်ထား အပ်ပါတယ်” ဟု စွပ်စွဲ ခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးစံက ဦးတိုက် လျှောက်ထားရာတွင် ပြောကြားခဲ့သည်။

မျက်နှာဖုံးစွပ် လူသတ်မှုတွင် သေဆုံးသူမှာ တစ်ဦးတည်း ဖြစ်ပြီး ဆေးစာမှတ်တမ်းအရ ဓားဒဏ်ရာ လေးချက်သာ ရှိသော်လည်း ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ ဖြင့် စွဲချက်ဖြင့် တရားစွဲဆိုခံရသူ ၂၃ ဦးဖြစ် ကြောင်း၊ သေဆုံးသူဘက်မှ သက်သေ ၅၀ ဦးခန့်တွင် ရဲတပ်ဖွဲ့၏ သက်သေထွက်ဆိုချက်သာ ရှိပြီး ဖြစ်ပွားစဉ်ညက မျက်မြင် တွေ့ရှိခဲ့သော အရပ်သားများ၏ သက်သေ ထွက်ဆိုချက်များ မရှိကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ပုဒ်မ ၃၀၂(၁) (ခ)/၃၄ စွဲချက်တင်ပြီး စစ်ဆေး ခံနေရသူများအနက် ကိုသက်ဦးနှင့် မိသားစုဝင် ခြောက်ဦး အပါအဝင် လူ ၁၆ ဦးမှာ လူသတ်မှု ဖြစ်ပွားစဉ်က ပါဝင် ပတ်သက်မှု မရှိကြောင်းကို သက်သေ အထောက်အထားများဖြင့် တင်ပြနိုင်သော်လည်း ဖမ်းဆီးချုပ်နှောင် ခံထားရပြီး ကြီးမားသည့် စွဲချက်ကြောင့် ရန်ကုန်တိုင်းလွှတ်တော် တရားရုံးက ပြန်လည် စိစစ်ပြီး သင့်မြတ်သည့် အမိန့်ချမှတ်ပေးပါရန် စွပ်စွဲခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေခြောက်ဦးက တရားသူကြီး ဒေါ်စိုးစိုးအောင်ထံ ဦးတိုက် လျှောက်ထားခဲ့သည်။

သို့သော် ယင်းဦးတိုက် လျှောက်ထားမှုအပေါ် တိုင်းရုံးက အမိန့်ပြန်လည် ချမှတ်မည့် ရုံးချိန်းကို မသိရှိသေးကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်သန်းအေးက ပြောကြားသည်။

အသတ်ခံရသူ မိသားစုဝင်များ အနေနှင့် အဆိုပါ လူသတ်မှု ရုံးချိန်းကို အောက်တိုဘာလ နောက်ဆုံးပတ်အထိသာ ရုံးချိန် သွားရောက်ခဲ့ရသည့်အတွက် နောက်ပိုင်း အခြေအနေကို မသိရှိသေး ကြောင်း၊ မှန်ကန်သော တရားစီရင်ရေးကို အားကိုးသောကြောင့် ပါဝင်သူများကို တိကျမှန်ကန်သော စီရင်ချက် ချပေးစေလိုကြောင်း အသတ်ခံရသူ ကိုကျော်မင်း၏မိခင် ဒေါ်စန္ဒာက ပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ညက မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် နွယ်သာဂီ ၆ လမ်းထိပ်ရှိ စားသောက်ဆိုင်ရှေ့သို့ ယာဉ်နံပါတ်ပြားကို စတစ်ကာများဖြင့် အုပ်ထားသော လိုက်ထရပ်ယာဉ်တစ်စီး ရောက်ရှိလာကြောင်း ယာဉ်ပေါ် ပါလာသူ ခြောက်ဦးက မျက်နှာဖုံးများ တပ်ဆင်ထားကြောင်း၊ ယင်းနောက် ဆိုင်အတွင်းသို့ ဓားရှည်များ ကိုင်ဆောင်ထားသူ သုံးဦး ဝင်ရောက်ကာ အသက် ၃၀ နှစ်အရွယ်ရှိ ကိုကျော်မင်းကို ဝိုင်းခုတ်ရာ အခုတ်ခံရသူက အပြင်သို့ ထွက်ပြေးစဉ် ဆိုင်ပြင်ပတွင် အသင့်စောင် နေသူတစ်စုက ဓားများဖြင့် ထပ်မံ ထိုးခုတ်ခဲ့သောကြောင့် ကိုကျော်မင်း သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန် ထားချက်တွင် ဖော်ပြထားသည်။

အဆိုပါ မျက်နှာဖုံးစွပ် လူသတ်မှုနှင့် ပတ်သက်၍ အပြစ်ရှိသော သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ကို ပေးစေလိုကြောင်း မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ မျက်နှားဖုံးစွပ် လူသတ်မှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၂ ခုနှစ်က ရုံးထုတ် စစ်ဆေးခဲ့သော်လည်း တရားခံဟု စွပ်စွဲခံထားရသူများက တရားလိုပြ သက်သေများ ထွက်ချက်ပေးနေစဉ် ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြိုးစား အားထုတ်မှုများ ပြုလုပ်ခဲ့၍ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်းစိန် အကျဉ်းထောင် အနီးရှိ မြောက်ပိုင်းခရိုင် တရားရုံးသို့ လုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့ စစ်ဆေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။

The Voice Weekly Myanmar

နိုင်ငံတစ်ဝန်း စားသုံးသူ အကာအကွယ်ပေးရေး ရုံးခန်း ၁၄ ခု ဖွင့်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စားသုံးသူ ကာကွယ်ရေးဥပဒေ မထွက်ရှိသေးသော်လည်း အရေးအကြောင်း ပေါ်ပါက အလွယ်တကူ တိုင်ကြားနိုင်မည့် စားသုံးသူ အကာအကွယ် ပေးရေးရုံးခန်း ၁၄ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လာမည့်နှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စပယ် ကြည်မောင်က The Voice သို့ ပြောကြားသည်။

ဖွင့်လှစ်ထားသော စားသုံးသူ ကာကွယ်ရေး ရုံးများတွင် လုံခြုံစိတ်ချမှု မရှိသော အစားအသောက် များကို တိုင်ကြားနိုင်ပြီး လက်ရှိ အချိန်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့၌ အဆိုပါ ရုံးခန်းများ ဖွင့်လှစ်ပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ရင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပျောက်သွားမှာလည်း စိုးရိမ်တယ်” ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့က ပြုလုပ်သော မြန်မာစားသုံးသူများ ကွန်ရက် ဖွဲ့စည်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စပယ်ကြည်မောင်က ပြောကြားသည်။

စားသုံးသူ အခွင့်အရေးအတွက် တိုင်ကြားရန် ရုံးခန်းများ ဖွင့်လှစ်ထားခြင်းမှာ လာရောက် တိုင်ကြားမှသာ အရေးယူမည့်သဘော သက်ရောက်ကြောင်း၊ ပြည်တွင်း ဈေးကွက်ထဲသို့ မဝင်ရောက်မီ တားမြစ်ရမည့် တာဝန်ကို သက်ဆိုင်ရာက ဆောင်ရွက် သင့်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင်သူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲထားပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားကြောင်း၊ ယင်းမူကြမ်းတွင် ကုန်ပစ္စည်း တံဆိပ်တိုင်းတွင် မြန်မာဘာသာစကား သုံးစွဲရန်နှင့် ပြင်ပတံဆိပ်တွင် ပါဝင်သည့် ပစ္စည်း အမျိုးအစားများကို အတွင်း ပါဝင်သည့် ပစ္စည်းများနှင့် ကိုက်ညီမှုရှိရန်တို့ ပါဝင်ကြောင်း ယင်းဥပဒေမူကြမ်း ရေးဆွဲသူ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar

ကျပ်၅ဝဝဝတန်အတုများ သိမ်ဆည်းရမိ


ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပေါက် ကုန်းရပ်ကွက် ဝါယာလက်ဈေး တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ကျပ် ၅ဝဝဝတန်ငွေစက္ကူအတုဟု ယူဆရသည့် ငွေစက္ကူများကို ကျပ် ၁ဝဝဝ တန်ငွေစက္ကူနှင့်ဝါယာလက် ဈေးအတွင်း လာရောက်လဲလှယ် သုံးစွဲနေကြောင်း သတင်းရရှိ၍ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှုးဝင်းမြင့်နှင့်အဖွဲ့က သွားရောက်စုံစမ်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာမစန်းဋ္ဌေးအသက် (၃၅)နှစ် အမှတ်(၄၇) ပိတောက် လမ်းပေါက်ကုန်းအပိုင်(၁၃)ဝါယာ လက်နေသူက ဝါယာလက်ဈေး အတွင်း ကျပ် ၅ဝဝဝ တန်ငွေစက္ကူ များနှင့်ဈေးလိုက်လံ လဲလှယ်ဝယ် ယူခဲ့ကြောင်း၊ ၄င်းဝယ်ယူခဲ့သည့် ဈေးဆိုင်များမှ ကျပ် ၅ဝဝဝတန်ငွေ စက္ကူခြောက်ရွက်သိမ်းဆည်းရမိခဲ့ ကြောင်း၊ ထို့နောက် ၄င်း၏နေအိမ် ကို ဆက်လက်ရှာဖွေခဲ့ရာ ကျပ် ၅ဝဝဝတန် ငွေစက္ကူတစ်ရွက် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရ သည်။

အဆိုပါ ကျပ် ၅ဝဝဝတန် ငွေစက္ကူများကိုငွေအတုဖြစ်ကြောင်း အတည်ပြုနိုင်ရန် အင်းစိန်မှုခင်းရဲ တပ်ဖွဲ့သို့ ဆက်သွယ်ခဲ့ပြီး ရဲအုပ် ဇော်နိုင်ဝင်းလာရောက်စစ်ဆေးခဲ့ရာ ငွေအတုဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိ၍ သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် ငွေစက္ကူအတုများကို သိမ်းဆည်းပြီး မင်္ဂလာဒုံမြို့မ ရဲ စခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြင့်ဦး(မင်္ဂလာဒုံ)
The Union Daily

ထိုင်း-မြန်မာပွဲစဉ်လတ်မှတ် မှောင်ခိုဈေးကွက်ကြီးစိုးနေသောကြောင့် ပရိတ်သတ်များ အခက်တွေ့


(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်မည့် ထိုင်းအသင်းနှင့် မြန်မာအသင်း ဘောလုံးပွဲစဉ်အတွက် ရောင်းချပေးသော လက်မှတ်များမှောင်ခိုဈေးကွက်မှ ကြီးစိုးနေ သောကြောင့် မြန်မာဘောလုံး အသင်းပရိသတ်များအနေနှင့် အခက်တွေ့ နေရသည်ဟု သိရသည်။

ဘောလုံးပွဲလက်မှတ် အရောင်းဌာနများဖြစ်သည့် သုဝဏ္ဏကွင်း၊ စလင်းကွင်း၊ အောင်ဆန်းကွင်းနှင့် ပုဒုံမာကွင်း တို့တွင် တရားဝင်ရောင်းချပေးနေခြင်းဖြစ်သော်လည်း အဆိုပါလက်မှတ်များမှ မှောင်ခိုဈေးကွက်သို့ ရောက်ရှိပြီး မြန်မာဘောလုံးပရိသတ်များမှာ တရားဝင်သတ်မှတ်ဈေးနှုန်းများထက် ၅ ဆ ပေး၍ ၀ယ်ယူနေရခြင်းဖြစ်သည်။

“ကျွန်တော်သူငယ်ချင်းတစ်ယောက်တောင် ထိုင်းမြန်မာပွဲအတွက် လက်မှတ်တစ်စောင်ကို နှစ်သောင်းခွဲပေးပြီး ၀ယ်လိုက်ရတယ်။” ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတ်မှတ်ဈေးနူန်းများမှာ အထူးတန်း ၄၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြစ်ပြီး အရောင်းဌာနများ အနီးတ၀ိုက်ရှိ မှောင်ခိုဈေးကွက်တွင် ရိုးရိုးတန်းပွဲကြည့်စဉ် လက်မှတ် အတွက် ကျပ်ငွေ ၁၂၀၀၀ အထက်နှင့် အထူးတန်းပွဲကြည့်စဉ်မှ ၂၀၀၀၀ ကျော်ပေါက်ဈေးရှိနေသည်။

“ကျွန်တော်တို့ ၉ နာရီလောက်ကတည်းကရောက်နေတာ။ ၁၀ နာရီမှ လတ်မှတ်ရောင်းမယ်ဆိုလို့ စောင့်နေတာ သူတို့က ထွက်ပြောတယ် ၁ နာရီမှရောင်းပေးမယ်တဲ့။ ၁၁ နာရီထိုးခါနီးကျတော့ စာလာကပ်သွားတယ် လက်မှတ်ကုန်ပြီတဲ့။ လက်မှတ်က မရောင်းရသေးပဲ ဘယ်လိုကုန် သွားတာလဲမသိဘူး။” ဟု အောင်ဆန်းကွင်း တွင် ဘောလုံးပွဲလတ်မှတ်ဝယ်ယူရန် စောင့်ဆိုင်းခဲ့သူ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဦးချစ်က ပြောသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းကိုင်မည့်သူမရှိခဲ့ပေ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆိုးသွမ်းဘောလုံး ပရိသတ်များကို စစ်ထုတ်နိုင်ရန်အတွက် တရားဝင် လက်မှတ်ရောင်းချသည့် နေရာများတွင်သာ ၀ယ်ယူရန်နှင့် မှောင်ခိုဈေးကွက်တွင် ၀ယ်ယူခြင်းမပြုရန် ကြေငြာချက် ထုတ်ပြန်ထားသော်လည်း ဘောလုံးပွဲလက်မှတ်များကို မှောင်ခိုဈေးကွက်တွင် လိုသလောက် ၀ယ်ယူ၍ ရရှိနေကြောင်း လတ်မှတ်ဝယ်ယူရန် တန်းစီးနေသူများထံမှာ သိရသည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) တတိယမြောက်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဒီဇင်ဘာ (၁၄) ရက်နေ့ ညနေ (၆း၄၅)နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းအားအနိုင်ရရှိခဲ့ပါက အကြိုဗိုလ်လုပွဲ သို့ တက်ရောက်နိုင်မည်ဖြစ်သောကြောင့် မြန်မာပရိတ်သတ်များအနေဖြင့် မြန်မာအသင်းပွဲစဉ်ကို အားပေးကြည့်ရှုလိုနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပွဲစဉ်လတ်မှတ်များကို သတ်မှတ်ထားသည့် လတ်မှတ်အရောင်းဌာနများတွင် ဒီဇင်ဘာ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် အစောင်ရေ တစ်သောင်းစီ ရောင်းချပေးမည်ဟု ထုတ်ပြန် ထားသောကြောင့် ပရိတ်သတ်များမှာ အရောင်းဌာနများတွင် ၀ယ်ယူရန်စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မိုးမြင့်ကျော် (မြစ်မခ)

မင်​ဒဲ​လား ​ဈာ​ပ​န​တွင် ​နတ်​မိ​မယ်​မြင်​ခဲ့​ဟု ​လက်​ဟန်​သ​င်္ကေ​တ​သ​ရုပ်​ပြ​သူ​ဆို


တောင်​အာ​ဖ​ရိ​က​နိုင်​ငံ​ရဲ့ ​ပ​ထ​မ​ဆုံး ​လူ​မည်း​သ​မ္မ​တ ​ဖြစ်​ခဲ့​သူ ​နယ်လ်​ဆင်​မင်​ဒဲ​လား​ရဲ့ ​ဈာ​ပ​န ​အ​ခမ်း​အ​နား​အ​တွက် ​လက်​ဟန် ​သ​င်္ကေ​တ​နဲ့ ​သ​ရုပ်​ပြ​သူ​ဟာ ​အ​ခမ်း​အ​နား​အ​တွင်း ​အ​စစ် ​အ​တု ​ခွဲ​ရ​ခက်​တဲ့ ​စိတ်​က​စ​ဥ့်​က​လျား​ဖြစ်​မှု​ကို ​ခံ​စား​ခဲ့​ရ​တယ်​လို့ ​ဒီ​ဇင်​ဘာ ၁၂ ​ရက်​နေ့​က ​ခု​ခံ​လျှောက်​လဲ​ခဲ့​ပါ​တယ်။

သူ​ဟာ ​ဈာ​ပ​န​ပွဲ​တက်​တဲ့ ​က​မ္ဘာ့​ခေါင်း​ဆောင်​တွေေ​ရှ့​မှာ ​အ​ဓိ​ပ္ပာယ်​မ​ရှိ​တာ​တွေ​ကို ​ဟန်​လုပ် ​သ​ရုပ်​ပြ​ခဲ့​တယ်​လို့ ​စွပ်​စွဲ​ခံ​ခဲ့​ရ​တာ​ပါ။

Reuters​အ​သက် ၃၄ ​နှစ်​အ​ရွယ် ​လက်​ဟန်​သ​င်္ကေ​တ ​သ​ရုပ်​ပြ​သူ ​သမ်​စမ်​ကွား ​ယိုင်​ကီ​ဟာ ​စင်​ပေါ်​မှာ ​ရှိ​နေ​စ​ဉ် ​အ​သံ​တွေ ​စ​ကြား​ခဲ့​ရ​ပြီး ​စိတ်​ထဲ​မှာ ​မြင်​ယောင်​ထင်​ယောင် ​ဖြစ်​ခဲ့​တာ​ကြောင့် ​သူ့​ရဲ့ ​လက်​ဟန်​သ​င်္ကေ​တ​တွေ​ဟာ ​အ​ဓိ​ပ္ပာယ်​မဲ့​ခဲ့​ပြီး ​က​မ္ဘာ​တ​လွှား​က ​နား​မ​ကြား​သူ​တွေ​ကို ​ယမ်း​ပုံ​မီး​ကျ ​ဖြစ်​စေ​ခဲ့​တယ်​လို့ ​မီ​ဒီ​ယာ​တွေ​ကို ​ပြော​ပါ​တယ်။

အား​က​စား​ရုံ​အ​ပေါ်​ကို ​ကောင်း​ကင်​က​နေ ​လာ​နေ​တဲ့ ​နတ်​မိ​မယ်​တွေ​ကို ​မြင်​ခဲ့​တာ​ကြောင့် ​ကြောက်​ခဲ့​ပေ​မယ့် ​ကိုယ့်​ကိုယ်​ကိုယ် ​ထိန်း​ချုပ်​ဖို့ ​ကြိုး​စား​ခဲ့​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

အ​စိုး​ရ​က​တော့ ​ဒီ​လူ​ဟာ ​လက်​ဟန်​သ​င်္ကေ​တ ​သ​ရုပ်​ပြ​ပ​ညာ​ရှင် ​မ​ဟုတ်​ဘူး​ဆို​တာ ၀န်​ခံ​ခဲ့​ပါ​တယ်။

ယိုင်​ကီ​က​တော့ ​သူ့​ရဲ့ ​စိတ်​ရော​ဂါ​အ​တွက်​လည်း ​ဆေး​သောက်​ထား​ခဲ့​တယ်​လို့ ​ပြော​ပါ​တယ်။ ​လူ​တိုင်း​မှာ ​ထင်​မြင်​ဖို့ ​အ​ခွင့်​အ​ရေး​ရှိ​တယ်​လို့ ​ပြော​ရင်း ​အ​ဖြစ်​အ​ပျက်​အ​တွက်​လည်း ​တောင်း​ပန်​ခဲ့​ပါ​တယ်။
DVB Burmese

မြောက်ကိုရီးယား မတည်ငြိမ်မှု ဒေသတွင်းစိုးရိမ်


ဂျန်ကို ရာထူးက ဖြုတ်ချတဲ့ သတင်းကို အများကြည့်နေစဉ်

မြောက်ကိုရီးယားနိုင်ငံမှာ ဂျန်ဆောင်ထက် ပြုတ်ကျတာ လျင်မြန်သလို လူသိထင်ရှား ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်မှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေးလည်းဖြစ် လမ်းညွှန်လည်း လုပ်ခဲ့သူကို ပါတီအစည်းအဝေးကနေ ဆွဲထုတ်ပြီး စစ်ခုံရုံးရှေ့မှာ အစစ်ခံရတာကို နိုင်ငံပိုင် မီဒီယာက ပြသွားပါတယ်။

တန်ပြန် တော်လှန်မယ့် လှုပ်ရှားမှုမှာ သူအဓိက ဖြစ်တယ်လို့ သတင်းတွေလည်းပေါ်ထွက်လာပါတယ်။ သူ့ရဲ့ အနီးကပ်ဆုံးလူယုံနှစ်ယောက်လည်း ကွပ်မျက်ခံရပါတယ်။ နောက်ပြီး သူ့လူယုံတွေကိုလည်း ပြုန်ယမ်း မြို့တော်ကိုပြန်ခေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
မြောက်ကိုရီးယား နောက်ဆက်တွဲ ဂယက်
Jang Song Thaek ကွပ်မျက်ခံရ
အခုလို ဂျန်ဆောင်ထက်ကို မြန်မြန်စစ်ဆေးပြီး မြန်မြန်အဆုံး စီရင်လိုက်တာဟာ တိုင်းပြည် အပြောင်းအလဲ လုပ်ချင်သူတွေ အတွက် နိုင်ငံ့ခေါင်းဆောင်ကနေ ပြင်းထန်တဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ ဒုတိယတန်ခိုးအကြီးဆုံး လူကို နှိမ်နင်းနိုင်ရင် ဘယ်သူ့ကိုမဆို နှိပ်ကွပ်နိုင်တယ်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုအပစ်ပေး အရေးယူလိုက်တာဟာ တကယ်ဘဲ ကင်ဂျွန်အန်ရဲ့ လက်ချက်တခုထဲလား ဒါမှမဟုတ် စစ်တပ်က အာဏာကို ပြန်ထူထောင်ဖို့ ကြိုးစားနေသလားဆိုတာ အများက မေးစရာဖြစ်နေပါတယ်။

အခုလို ဂျန်ကို အရေးယူလိုက်တာ တကယ်တော့ လက်ရှိ အုပ်စိုးနေတဲ့ မိသားစုဟာ သူတို့ လုပ်ပြနေသလို တကယ် ညီညွတ်တဲ့အ ဖွဲ့မဟုတ်ဘူးဆိုတာ သိသာပါတယ်။

နောက်တခါ တောင်ကိုရီးယားနဲ့ ဒေသတွင်းမှာတော့ ပြုံယမ်းရဲ့ မတည်ငြိမ်မှုဟာ စိုးရိမ်စရာအကောင်းဆုံး အန္တရာယ်လို့ ယူဆနေကြပါတယ်။
BBC Burmese

The Voice Weekly vol.9 / No.49 (16-Dec-2013)


ရတနာပုံ နေ့စဉ်သတင်းစာ (၁၄-၁၂-၂၀၁၃)


မြဝတီ နေ့စဉ်သတင်းစာ (၁၄-၁၂-၂၀၁၃)


ကြေးမုံ သတင်းစာ (၁၄-၁၂-၂၀၁၃)


မြန်မာ့အလင်း သတင်းစာ (၁၄-၁၂-၂၀၁၃)


ငွေတောင်းသည့် အုပ်ချုပ်ရေးမှူးများကို တိုင်ကြားသော်လည်း အရေးမယူဟုဆို


ဟင်္သာတ၊ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသ ဝက်လဟာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက တောင်သူများ ထံမှ ငွေကြေး တောင်းခံမှုများနှင့် ပတ်သက်၍ အထောက်အထား ခိုင်လုံစွာ တင်ပြတိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေး ပြီးသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးအတွက် တောင်သူများထံမှ ငွေကြေး တောင်းခံခြင်းများ ပြုလုပ်ပြီး ငွေမပေးသော တောင်သူများကို ချေးငွေ အပြည့်အဝ ထုတ်မပေးခြင်းတို့ ပြုလုပ်ကြောင်း ၎င်းတို့က ဆိုသည်။

စိုက်ပျိုးစရိတ်အတွက် ငွေတောင်းခြင်းအပြင် ဖုန်းကတ် ရောင်းစားခြင်း တို့ကိုပါ ဒေသခံများ လက်မှတ်ထိုး၍ တိုင်ကြားသဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ဖြစ်သော်လည်း ယခုအထိ အရေးမယူခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဦးဆောင် တိုင်ကြားသူ ဦးအောင်ဆန်းလွင်က ပြောကြားသည်။

လူနည်းစုကသာ တိုင်ကြားခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေးခံပြီး ဖြစ်သည့်အပြင် တောင်သူများက တစ်ဖက်သတ် စွပ်စွဲခြင်း ဖြစ်၍ ဥပဒေကြောင်းအရ တရားပြန်လည် စွဲဆိုရန် စီစဉ်နေကြောင်း ဝက်လဟာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးရွှေက ရှင်းပြသည်။

အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းကမူ တိုင်ကြားမှုများကို စစ်ဆေးဆဲ ဖြစ်ပြီး တိုင်ကြားခံရသူ ကျေးရွာ အုပ်ချုပ်ရေးမှူး ကလည်း ငြင်းဆိုချက်များ ရှိနေသဖြင့် ဂရုစိုက် စစ်ဆေးနေကြောင်း ပြောကြားသည်။
The Voice Weekly Myanmar

စင်္ကာပူမော်ဒယ် ၃ ဦးကို လမ်းပေါ်မှာ တိုက်ခိုက်


ကြာသပတေးနေ့မနက် ၃း၀၀ နာရီလောက်က အမျိုးသမီးမော်ဒယ် ၃ ဦး လမ်းပေါ်မှာ ထိုးကြိတ်ခံရတယ်လို့ စင်္ကာပူ yahoo သတင်းစာမျက်နှာမှာ ရေးထားပါတယ်။

 သူတို့ကတော့ Ziyi Kuek (၂၃ နှစ်)၊  Esther Lee (၁၉ နှစ်) နဲ့ Anna Huang (၂၁ နှစ်) တို့ဖြစ်ပါတယ်။

Ziyi Kuek  ဆိုတဲ့ တယောက်က   FHM  မဂ္ဂဇင်းမော်ဒယ်ပါ။

အဲဒီ ပြဿနာတက်မယ့်အချိန်မှာ သူက ကားမောင်းပါတယ်၊ Circular လမ်းမကြီးပေါ်မှာ ကော်ဖီဆိုင်ထိုင်ဖို့အသွား ပြဿနာဖြစ်တယ် လို့ သတင်းမျာ ရေးထားပါတယ်။

ဆိုင်ရောက်ခါနီး လူဆယ်ယောက်လောက်ပါတဲ့ အုပ်စုတခုနဲ့တွေ့ရမှာ သူတို့ထဲက အမူးလွန်နေသူတဦးက ကားကို ရှေ့က ပိတ်ရပ်တယ်လို့ ဆိုတယ်။

ဟွန်းတီးပေမယ့် ဖယ်မပေးဘူး၊ ကားမှန်ကို ထုနှက်တယ် ကားဘေးကို ကန်တယ်လို့ ဆိုတယ်။

အဲဒီနောက် ကားဆက်မောင်းလာရာမှာ  ဟိုလူက ကားနောက်လိုက်လာပြီး ကားကို ကန်ကျောက်တယ်၊ ကားတံခါးကို ဆွဲဖွင့်ပြီး ရန်ရှာတယ်၊ ဒါနဲ့ ပြဿနာ တက်ကြတယ်လို့ သတင်းမှာ ရေးပါတယ်။

လူအုပ်ထဲကတယောက်က သူ့ကို ဆက်မလုပ်ဖို့ ရပ်ဖို့ ပြောသေးတယ်လို့ ဆိုတယ်။ သို့သော်လည်း အဲဒါထက် ပိုပြီး မဟန့်တားကြဘူး မဆွဲကြဘူး တဲ့။
အဲဒီလူအုပ်က အသက်ဘယ်အရွယ်တွေဖြစ်တယ်၊ ဘယ်နိုင်ငံသားတွေဖြစ်ဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း သတင်းထဲ မတွေ့ရပါ။

ခပ်လှမ်းလှမ်းဆိုင်ထဲက ပရိသတ်များကလည်း ဒီတိုက်ခိုက်မှုကို ၀င်ရောက် ဟန့်တားခြင်း မရှိဘူးလို့ ဆိုတယ်။

မော်ဒယ်တွေက အဲဒီလူကို ပြန်ပြီးတိုက်ခိုက်ချိန်မှာ ရဲကား ရောက်လာတယ်၊ ဟိုလူလည်း ထွက်သွားတယ်လို့ ဆိုတယ်။

ဘယ်သူမှန်း မသိရတဲ့ အဲဒီလူကို သူတို့ တရားစွဲချင်တယ်၊  ကား ဘော်ဒီ အပျက်အစီးအတွက် လျော်ကြေး တောင်းလိုတယ်၊ အဲဒီနေရာမှာ ရဲပတ္တရောင်လှည့်တာ နည်းနေတယ်လို့ မော်ဒယ်တွေက ဆိုပါတယ်။

 FHM  မဂ္ဂဇင်းမော်ဒယ် Ziyi Kuek  က သူ့ဖေ့စ်ဘုတ်မှာ သူတို့ ဒဏ်ရာရပုံတွေကို တင်ထားပါတယ်။

သတင်းမှာ ဖော်ပြထားတဲ့ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။





ဧရာဝတီ သတင်း Myanmar News

မြန်မာဘီယာကုမ္ပဏီမှ ကုန်ကြမ်းဟုယူဆရသော ဖွဲနုများကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ခရီးသည်တင်ယာဉ်တစ်စီး ခုံးကျော်တံတားပေါ်မှထိုးကျ







ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေး ရပ်ကွက်ရှိ နိုင်ငံရေးမှတ်တိုင်အနီးပြည် လမ်းမပေါ် ရထားလမ်းကူး ခုံးကျော် တံတားပေါ်တွင် မြန်မာဘီယာကုမ္ပဏီ၏ ကုန်ကြမ်းများဟု ယူဆရသော ဖွဲ့နုများ ကြောင့် ယာဉ်တန်းများစလစ်ဖြစ်ကာ ရန်ကုန်-မှော်ဘီဟိုင်းလတ်ယာဉ် အမျိုး အစား ခရီးသည်တင်ယာဉ်သည် ခုံးကျော် တံတားမှတစ်ဆင့် ရထားသံလမ်းပေါ်သို့ ထိုးကျခဲ့သောကြောင့် ၂ ဦးသေဆုံး၍ ၁၁ ဦး အရေးပေါ်ရောက် ရထားသံလမ်းပေါ် သို့ ထိုးကျခဲ့သောကြောင့် မင်္ဂလာမြို့နယ် မီးသတ်ဌာနမှ တာဝန်ကျ တပ်ကြပ်တစ်ဦး News Watch သို့ အတည်ပြုပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ ဒီယာဉ်မတော် တဆမှုဖြစ်စဉ်မှာ မြန်မာဘီယာကုမ္ပဏီက ကုန်ကြမ်းလို့ ယူဆရတဲ့ ဖွဲနုတွေကြောင့် ဖြစ်သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က အခု ဖွဲနုတွေကိုယူပြီး စမ်းသပ်စစ်ဆေးနေ ပါပြီ။ အတည်ပြုချက်ရတာနဲ့ မြန်မာဘီယာ ကုမ္ပဏီကို ဥပဒေကြောင်းအရ အရေးယူ သွားမှာပါ” ဟု မင်္ဂလာဒုံမြို့နယ် စည်ပင် သာယာရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေး မှူးက ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ် တွက် ဦးကျော်သင်း အသက် (၅၁) နှစ်နှင့် မအေးအေးလှိုင် အသက် (၂၃) နှစ်တို့မှာ အခင်းဖြစ်သည့်နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိသည့် လူနာ ၁၁ ဦးအား အင်းစိန်ဆေးရုံတွင် အရေးပေါ်ကုသနေရ ကြောင်း မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ကျရဲတပ်ကြပ်က အတည်ပြု ပြောကြားသည်။

ခုံးကျော်တံတားမှ ရထားသံလမ်း ပေါ်သို့ ထိုးကျခဲ့သည့် ခရီးသည်တင်ယာဉ် မှာ ပ/---- ရန်ကုန်-မှော်ဘီ ခရီးသည် တင်ယာဉ်ဖြစ်ပြီး အရှေ့မှ စလစ်ဖြစ်နေ သော အဲလ်ကမ္ဘောဇကားအားရှောင်လိုက် ရာမှ တံတားသံဘောင်များအား ဝင်တိုက် ဖြတ်ကျော်ကာ အမြင့်ပေ ငါးဆယ်ကျော် ရှိသော ရထားသံလမ်းပေါ်သို့ ထိုးကျသွား ခြင်းဖြစ်ကြောင်း သိရသည်။

ဤကဲ့သို့ ယာဉ်များတိမ်းမှောက်မှု မဖြစ်ခင် နှစ်ရက်၊ သုံးရက်ပိုင်းတွင် အဆိုပါ ဖွဲနုများကြောင့် ယာဉ်များလမ်းလျော်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ယာဉ်တိုက်မှုအား လာရောက်ကြည့်ရှုသူများက ဆိုသည်။

နေမင်းခ
စောင့်ကြည့်သတင်းဂျာနယ်

၂၇ ကြိမ်မြောက် SEA Games ဘောလုံးပွဲစဉ်ဇယား အမျိုးသား/ အမျိုးသမီး




နိုင်၊ ကျဉ်းများ ဖမ်းလိုက်၊ လွှတ်လိုက် လုပ်နေခြင်းမှာ ဥပဒေစိုးမိုးရေးကို လွှမ်းမိုးရာရောက်


တရားဥပဒေစိုးမိုးရေး မရှိသေးဟု နိုင်ငံတကာအပါအ၀င် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ဝေဖန်မှုခံနေရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားဆိုသူများကို လွှတ်လိုက်၊ ဖမ်းလိုက် လုပ်နေသည့် လုပ်ရပ်မှာ တရားဥပဒေစိုးမိုးရေးကို လွှမ်းမိုးရာရောက်ပြီး တရားစီရင်ဆုံးဖြတ်မှုများကို မှေးမှိန်အောင် ပြုလုပ်နေရာရောက်ကြောင်း ဥပဒေအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြသည်။

ဆီးဂိမ်းဖွင့်ပွဲအပါအ၀င် ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများထဲတွင် ပြစ်ဒဏ်ကျခံရပြီး လပိုင်းရက်ပိုင်းသာရှိသေးသည့် အကျဉ်းသားအချို့ မကြာခဏပါဝင်နေမှုအပေါ် တရားရေးလောကမှ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။
““အစိုးရရဲ့ ဒီလုပ်ရပ်ဟာ တရားစီရင်ရေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတယ်။ ကြားထဲက အမိန့်ချတဲ့တရားသူကြီးနဲ့ ဖမ်းတဲ့ရဲပဲ အမုန်းခံရတယ်။ ဒီနေ့ဖမ်း ထောင်ကျ၊ နောက်နေ့လွှတ်ဆိုတာ တရားစီရင်ဆုံးဖြတ်မှုတွေကိုလည်း မထီမဲ့မြင်ပြုရာရောက်တယ်။ အဲဒီလွှတ်မယ်ဆိုရင် အရင်ကတည်းက ဖမ်းမနေနဲ့တော့။ ဒါဟာ သူတို့ ကမ္ဘာကိုပြချင်တဲ့ အကျဉ်းသားအရေအတွက် အတွက် လုပ်တာလားဆိုတာလည်း စဉ်းစားစရာပဲ။ ဒီလိုသာဆိုရင် ကျွန်တော်လည်း ပုဒ်မ ၁၈ နဲ့ ထောင်ကျကြည့်ရင်ကောင်းမလား စဉ်းစားမိတယ်””ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွှန့်တင်က ပြောကြားသည်။

နိုင်ငံနှင့် ပြည်သူတို့အတွက် ဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရသည်ဟု ယုံကြည်ရသူမှန်သမျှကို ၎င်းတို့ စတင်ထောင်ကျလျှင်ကျချင်း နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီက စာရင်းကောက်ယူထည့်သွင်းပြီး သမ္မတထံ လွှတ်ပေးရန်တောင်းဆိုရကြောင်း၊ လွှတ်ပေးခြင်း၊ မပေးခြင်းမှာမူ သမ္မတဦးသိန်းစိန်အပေါ်တွင်သာ မူတည်ကြောင်း ယင်းကော်မတီဝင်တစ်ဦးကပြောကြားသည်။
““အခုနောက်ပိုင်း ပုဒ်မ ၁၈ တို့၊ ပုဒ်မ ၅၀၅(ခ)တို့က ပေါ်ပြူလာဖြစ်လာတဲ့သဘောပေါ့။ ဒီကြားထဲမှာ စုန်းပြူးတွေလည်း ပါချင်ပါလာမှာပေါ့။ ဒါပေမဲ့ ဒါဟာအနည်းစုပါ။ ကျွန်တော်တို့တုန်းကလို ထောင်ဒဏ်တွေ အများကြီးချလိုက်မယ်ဆိုရင်တော့လည်း အဖြူအမည်းသဲကွဲသွားမှ ပါ။ ဒါပေမဲ့ အားလုံးဟာ နိုင်ငံနဲ့ ပြည်သူ့အရေးကိစ္စကို အမြတ်ထုတ်လိုသူ နည်းကြပါတယ်””ဟု ၎င်းကပြောကြားသည်။

တရားသူကြီးနှင့်တရားရုံးများမှ သက်ဆိုင်ရာအဖွဲ့အစည်းက တရားစွဲဆိုတင်ပို့လာပါက အမှုပေါ်ပေါက်ချက်နှင့်အညီ တရားစီရင်ရခြင်းဖြစ်သော်လည်း အမိန့်ချပြီး မကြာမီမှာပင် အုပ်ချုပ်ရေးပိုင်းက ယခုကဲ့သို့ ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ အထူးသဖြင့် နိုင်ငံတကာအပါအ၀င် တက်ကြွလှုပ်ရှားသူအများစုက ကန့်ကွက်နေကြသည့် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅(ခ) စသည့် ဥပဒေများမှာ လိုရာသုံးနေသည့် သားရေကြိုးဥပဒေများသက်သက်သာ ဖြစ်နေသည်ဟု ပြသရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။
““အကျဉ်းသားတွေကို ကမ္ဘာသိလွှတ်ပြနေတာဟာ ဂရင်းနစ်စံချိန်ထဲဝင်အောင် လွှတ်နေတာလားလို့တောင် ထင်မိတယ်။ တရားသူကြီးနဲ့ရဲကလည်း ကြာတော့ အမုန်းမခံချင်တော့ရင် ဒါ Rule of Law ကို ထိခိုက်တာပဲ။ လာဘ်စားမှ ထိခိုက်တာမဟုတ်ဘူး။ ငါတို့ဖမ်းထောင်ချလည်း လွှတ်မယ့်အတူတူ အနိမ့်ဆုံးပြစ်ဒဏ်လောက်ပဲပေးမယ်ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်””ဟု ဦးမင်းတေဇညွှန့်တင်က ဆက်လက်ပြောသည်။

ပုဒ်မ ၅၀၅(ခ)မှာ ဆူပူအကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်သည်ဟုဆိုကာ အရေးယူသည့်ပုဒ်မ ဖြစ်သည်။ ပုဒ်မ ၁၈ မှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ပုဒ်မနှစ်ခုလုံးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်များကို သက်ဆိုင်ရာတရားသူကြီး၏ ဆင်ခြင်တုံတရားနှင့်အညီ ချမှတ်ခြင်းဖြစ်သည်။ လက်ရှိတွင် တရားဝင်ခွင့်ပြုချက်ရယူ၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြခွင့် ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရန် အဆိုပါ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်သည်။

7 Day Daily

ရန်ကုန်ရှိ တရုတ်တိုင်းရင်းဆေးခန်းများ နှင့် တရုတ်ဆေး ဆရာဝန်များကို ဆေးကုသခွင့် အစိုးရကတရားဝင်ခွင့်ပြုမထား


ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။ ။ ရန်ကုန် တိုင်းဒေသကြီးတွင် တည်ရှိနေ သည့် တရုတ်ဆေးခန်းများနှင့် တရုတ်ဆေး ဆရာဝန်များကို ဆေးကုသခွင့်အတွက် အစိုးရပိုင်း မှ တရားဝင်ခွင့်ပြုထားခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ ပြောကြားမှုအရ သိရသည်။

ဒီဇင်ဘာ ၁၂ရက်ကကျင်းပ သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် အစည်းအဝေးတွင် စမ်းချောင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က'တရုတ်ဆေး ခန်းများနှင့် တရုတ်ဆရာဝန်များ ကို ဆေးကုသမှုခွင့်ပြုရာတွင် သက် ဆိုင်ရာဆေးပညာတတ်ကျွမ်းမှု အထောက်အထားလိုင်စင်ရှိ/ မ ရှိ'သိရှိလိုကြောင်းမေးမြန်းမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှု ရေး ဝန်ကြီးကဖြေကြားရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီးအ တွင်း တရုတ်ဆေးခန်းများနှင့် တရုတ်ဆေး ဆရာဝန် များအား ခွင့်ပြုချက်မရှိက ဆေးကုသခွင့်မ ပေးပါ။ ယနေ့အထိခွင့်ပြုထား သော တရုတ်ဆေးခန်း၊ တရုတ် ဆေးဆရာဝန်များ မရှိသေးပါ''ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက လွှတ်တော် မေးခွန်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန် မြို့တွင်အများအပြားပေါ်ပေါက် လာနေသည့် ခေတ်မီနည်းဖြင့်ဆေး ကုသပေးမည်ဆိုသည့် တရုတ်ဆေး ခန်းများကြောင့် သာမန်ပြည်သူ များ ငွေကြေးကုန်ကျမှု များနှင့် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်နေ သည့်အပေါ်တွင် အဆိုပါဆေးခန်း များသည် အစိုးရအဖွဲ့၏ တရား ဝင်အသိအမှတ်ပြုဆေးခန်းများ ဟုတ်/မဟုတ်ကို စမ်းချောင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က မေးမြန်းခဲ့ခြင်းဖြစ် သည်။

တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဝန်ကြီးက အဆိုပါခွင့်ပြုချက်မ ရှိဘဲဆေးခန်းဖွင့် လှစ်ထားသည့် ဆေးခန်းများကို စစ်ဆေးအရေး ယူခြင်းများပြုလုပ်ရန် သက်ဆိုင် ရာမြို့နယ်ဆေးမှူး၊ ခရိုင်ဆေး မှူးများကို ညွှန်ကြားထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နကိုလည်း တရားမဝင်ဆေးခန်း များကိုစစ်ဆေးအရေးယူခိုင်း ထားကြောင်း ဖြေကြားခဲ့သည်။

လွန်ခဲ့သည့်အောက်တိုဘာ လအတွင်းက ရန်ကုန်မြို့တွင်းရှိ တရုတ်တိုင်း ရင်းဆေး ခန်းတစ်ခု တွင် အမျိုးသမီးတစ်ဦး သာမန် ခြေချော် လဲမှုတစ်ခုကို တရုတ်တိုင်း ရင်းဆေးဝါးဖြင့် ဆေးကု သသည့် ဆေးခန်းတစ်ခု ကိုပြသဆေးကု သမှုခံယူခဲ့ရာမှ ခြေထောက်ဖြတ် ခဲ့ရသည်အထိ ဘေးထွက် ဆိုးကျိုး ဖြစ်ပေါ်ခဲ့မှုကို နစ်နာသူကာယကံ ရှင်များက ပြည်တွင်းမီဒီယာများ ကို ထုတ်ဖော်ပြောကြားမှုများပြု လုပ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ကျော်ဇေယျ
Yangon Media Group