သာကေတတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 3/01/2014 03:51:00 PM







သာကေတ၊ မတ် ၁။

သာကေတမြို့နယ်တွင် ယနေ့နံနက် ၈နာရီအချိန်မှ စတင်၍ လူ(၂ဝဝ)ခန့်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလိုမရှိ၊ ပုဒ်မ ၄၃၆ အလိုမရှိ၊ ပုဒ်မ ၅၉(စ) (ဃ) အလိုမရှိ စသည်တို့ကို ကြွေးကြော်ခဲ့ပြီး  အနော်မာလမ်း၊ ရန်ပြေလမ်းနှင့် မာန်ပြေလမ်းများ တလျောက် စီတန်းလှည့်လည်ခဲ့ကြသည်။



ဓာတ်ပုံ – ထက်နောင်နောင်
The Myanma Age