ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 3/01/2014 12:59:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂၇.၂.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ဦးထွန်းလွင်သည် ၎င်း၏သားများဖြစ်ကြသော ရန်နိုင်ထွန်းနှင့်ဟိန်းထွန်းအောင်တို့မှာ ခိုက်ရန်ဖြစ်ပွားကာ ဒဏ်ရာများ
ရရှိပြီး ရပ်ကွက်အတွင်းရှိဆေးခန်းသို့ရောက်ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရာ ရန်နိုင်ထွန်းတွင် ၀ဲချိုစောင်းနှင့်နားထင်တို့၌ စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ်နှင့်နောက်စေ့တို့၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ဟိန်းထွန်းအောင်တွင် ယာနားထင်၌စုတ်ပြဲဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ ၎င်းတို့(၂)ဦးအား ၁၈၁၀ အချိန်ခန့်က ရပ်ကွက်အတွင်း အေ/၅လမ်းတွင် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသူ
အမည်မသိ လူမြင်မှတ်မိအမျိုးသား(၇)ဦးခန့်တို့က တုတ်ဖြင့်
ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရှိခဲ့ရပါသည်။

၎င်းတို့(၂)ဦးအားရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ်၂၈.၂.၂၀၁၄ရက်
နေ့ ၀၁၃၀ အချိန်တွင် ရန်နိုင်ထွန်းမှာ သေဆုံးသွားခဲ့ပြီး ဟိန်းထွန်းအောင် မှာ ပြင်ပလူနာအဖြစ်ကုသခဲ့ရသောကြောင့် စုံစမ်းအရေးယူပေးပါရန်
ဦးထွန်းလွင်မှ တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၆၈/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၃/၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို
ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police