Toshiba Satellite P50t (Touch) Gaming Notebook

ပို့စ်တင်ချိန် - 3/01/2014 06:47:00 PM


Intel ရဲ့ ပါဝါစားသက်သာတဲ့ Ultra Low Voltage (U Series) Core i7 3537U 2.0GHz ကို အသုံးပြုထားတဲ့အတွက် ဘက်ထရီ သက်တမ်းကို ပိုမိုရှည်ကြာစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Intel Turbo Boost Technology ကို အသုံးပြုထားတဲ့အတွက် Processor Speed ကို 3.1 GHz အထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။ Memory ကတော့ 4GB  + 4GB DDR3 (1600) အသုံးပြုထားပြီး HDD အနေဖြင့် 1TB ပါဝင်ပါတယ်။  HDD ကို ပိုမိုကြံ့ခိုင်စေသော Short Absorbers ပါဝင်တာကြောင့် HDD ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Nvidia GeForce GT740M 2GB VRAM တပ်ဆင်အသုံးပြုထားပါတယ်။ 1920 × 1080 Resolution ရှိသော 15.6" Full HD ,10 Point Multi-Touch Panel LED Display ကို အသုံးပြုထားပါတယ်။ Full HD Clear Super View LED Backlit Display TFT ကို အသုံးပြုထားတဲ့အတွက် HD Movie များကို အကောင်းဆုံး ရုပ်ထွက်အရည်အသွေးဖြင့် ကြည့်ရှု ခံစားနိုင်မှာပါ။ Blacklit LED Tile Keyboard ကို အသုံးပြု ထားသလို  Toshiba Smart Face Technology တွဲဖက်အသုံးပြုနိုင်တဲ့ 0.9M HD ကင်မရာကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ DVD Drive လည်း ပါဝင်ပါတယ်။ Wi-Fi, Bluetooth 4.0 နှင့် Card Reader, USB Port 3.0 (2) ခုနှင့် USB Port 2.0 (၂) ခုပါဝင်ပြီး VGA Port, HDMI Port တို့ကိုလည်း တပ်ဆင်ပေးထားပါတယ်။ 6-Cell Lithium ion ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး Windows 8 (64 bits) Licence OS ပါဝင်ပါတယ်။ ကန်ဒေါ်လာ ၁၂၉၉ နဲ့ Royal Smart Trading Co., Ltd ဖုန်းနံပါတ် ၂၄၉၉၀၉၊ ၀၉-၇၃၀၄၂၁၄၈ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။


သန္တာ
Internet Journal