တရားရုံးမှ ပြောပြသော Apple နှင့် Samsung တို့အကြား ထူးခြားချက်များ

ပို့စ်တင်ချိန် - 4/08/2014 08:38:00 PM




အောင်ဟိန်းခိုင် ၊ ဧပြီ ၈

ကမ္ဘာကျော် အမေရိကန်နည်းပညာကုမ္ပဏီ Apple နှင့် တောင်ကိုရီယား နည်းပညာကုမ္ပဏီ Samsung တို့၏ နည်းပညာမူပိုင်ခွင့် တရားရင်ဆိုင်မှုသည် ပြီးခဲ့သည့် အပတ်က တရားရုံးမှ ထုတ်ပြန်ခဲ့သော အချက်အလက်များ ကြောင့် လူစိတ်ဝင်စားမှု ပြန်လည်မြင့်မားခဲ့ရပြီးဖြစ်သည်။

Apple နှင့် Samsung တို့သည် ကမ္ဘာ့မိုဘိုင်းဖုန်း နှင့် Tablet ဈေးကွက်ကိုရယူရန်ကြိုးပမ်းကြရာမှ နည်းပညာမူပိုင်ခွင့် တရားစွဲဆိုသည့်အဆင့်များသို့ပင်ရောက်ရှိခဲ့ ခြင်းဖြစ်သည်။Apple မှ Samsung ကို နည်းပညာမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ လျော်ကြေးပေးရန် တောင်းဆိုခဲ့ပြီး Samsung မှလည်း ၎င်း၏မူပိုင်ခွင့်များချိုး ဖောက်ခံရမှုအတွက် Apple ကိုအမေရိကန်ဒေါ်လာ ၆ သန်းလျော်ကြေးပေးရန် တရားရုံးသို့ဦးတိုက်လျောက်ထားခဲ့ကြခြင်းဖြစ်သည်။၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော Apple ကုမ္ပဏီ၏ ပူးတွဲတည်ထောင်ခံသူလည်းဖြစ်၊ ကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်ခဲ့တဲ့ Steve Job ၏ ကိုယ်ရေးအတ္ထုပ္ပတိ ကိုရေးသားထားသော စာရေးဆရာ ဝေါတာ အစ်ဆက်ကွန်၏ စာအုပ်တွင် Steve Job က "ကျွန်တော် အနေနဲ့ Apple ရဲ့မူပိုင်ခွင့်အများစုကို ခိုးယူခံထားရသည့် Andriod စနစ်ကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်" ဟုရေးသားထားခဲ့ပုံများသည် Apple မှ Samsung ကိုအမြစ်ပြတ် ချေမှုန်း ရေး ရည်ရွယ်များကို ပေါ်လွင်စေသည်။ နောက်ဆုံး အမိန့်ချမှတ်ခဲ့သော မူပိုင်ခွင့် တရားရင်ဆိုင်မှုတွင် Apple က အမှုအနိုင်ရရှိပြီး Samsung ထံမှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးငွေရရှိခဲ့သည်။ လွန်ခဲ့သည့် အပါတ် က တရားရုံးက ထုတ်ပြန်ခဲ့သော တရားရင်ဆိုင်မှုများတွင် နှစ်ဖက် ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့သော အချက်အလက်များမှ ထူးခြားချက် ၅ ခုမှာ

၁။ Steve Job က Google ကိုဘက်လိုက်သူအဖြစ် ရှု့မြင်သုံးသပ်ခဲ့ခြင်း

Andriod ၏ ဖန်တီးရှင် Google ကုမ္ပဏီသည် Apple နှင့် Samsung တို့၏ တရားရင်ဆိုင်မှုတွင် Samsung ဘက်မှ ရပ်တည်ခဲ့ကြောင့်း အဘယ့်ကြောင့်ဆိုသော် Samsung မှထုတ်လုပ်ထားခဲ့သော မိုဘိုင်းဖုန်းများ နှင့် Tablet အများစုသည် Google ၏ Andriod စနစ်ကိုအသုံးပြုထားသည့်အတွက် Apple သာတရားခွင်တွင် အပြည့်အ၀ အနိုင်ရရှိပါက Google မှ သူ၏ Andriod စနစ်မှလုပ်ဆောင်ချက် အများအပြားကို ပြန်လည် ပြင်ဆင်ရမည် ဖြစ်သောကြောင့်ဟု Steve Job ကသုံးသပ်ထားခဲ့သည်။ တရားရုံးမှ ထုတ်ပြန်ခဲ့သော အချက်အလက်များသည် Apple ကုမ္ပဏီ၏ ဥက္ကဌဟောင်း Steve Job မှ ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း Apple ၏အကြီးတန်းအရာရှိများကိုဖြန့်ဝေခဲ့သော E-Mail တွင်ပါရှိသည့်စာများကိုအခြေခံ၍ရေးသားထားခြင်းဖြစ်သည်။

၂။ Apple ၏ ဈေးကွက်ရှာဖွေရေးအသင်းက Samsung သည် Apple ၏ ဈေးကွက်ရည်မှန်းချက်များကို အနှောင့်အယှက်ပြုခဲ့သည်ဟု ယူဆခဲ့ခြင်း

Samsung မှ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း Apple ၏ I-phone များသည် ခေတ်နောက်ကျသော အပြင်အဆင်နှင့် ဆွဲဆောင်မှုမရှိသော ဒီဇိုင်းများဖြင့်ဖွဲ့စည်းထားသော ဖုန်းအဖြစ် ပေါ်လွင်စေသော ကြော်ငြာ များအသုံးပြုပြီး I-phone သုံးစွဲသူများ Samsung ထုန်ကုန်များကို ပြောင်းလဲသုံးစွဲစေရန် ရည်ရွယ်ကြော်ငြာခဲ့သည်။၎င်း ရည်ရွယ်ချက်များကို Apple ၏ ကမ္ဘာ့ဈေးကွက်ဖော်ဆောင်ရေး ဥက္ကဖြစ်သူ Phil Schiller သိရှိပြီးနောက် Apple ၏ကြော်ငြာ အေဂျင်စီ Media Arts Lab သို့ I-phone အတွက်အကြပ်အတည်းများမှ ရုံးထွက်နိုင်ရန် သတိပေးစာများပေးပို့ကာတန်ပြန်ကြော်ငြာနိုင်ရန် အကြောင်းကြားခဲ့ရသည်။

၃။ Apple က သူတို့၏ ထိပ်တန်း ကြော်ငြာ အေဂျင်စီနှင့်လမ်းခွဲခဲ့ခြင်း

Apple ကထုတ်ကုန်များကြော်ငြာရာတွင် Samsung ထက်အနည်းငယ်နိမ့်ကျခဲ့ရသည့်သောကြောင့် ကုမ္ပဏီ၏ကြော်ငြာလုပ်ငန်းအတွက် အဓိကစာချုပ်ချုပ်ဆိုထားသည့် Media Lab ကြော်ငြာလုပ်ငန်းနှင့် နားလည်မှုများ လွဲခဲ့ရပြီး လမ်းခွဲခဲ့ရသည်။၂၀၁၃ ခုနှစ် အစောပိုင်းတွင် Apple ၏ထုတ်ကုန်ပစ္စည်းရောင်းချရေး တာဝန်ခံ Schiller က Apple ကုမ္ပဏီ၏ ဥက္ကဖြစ်သူ Tim Cook ထံသို့စာတစ်စောင်ရေးသားခဲ့ပြီး ၎င်းစာတွင် "ကျွန်တော်တို့ ကြော်ငြာ အေဂျင်စီ အသစ်ကိုရှာဖို့လိုအပ်လာပါပြီး ၊ ယခုအချိန်မှာ သူတို့ က ကျွန်တော်တို့မျှော်မှန်းထားသလောက် လုပ်ဆောင်ပေးနိုင်ခြင်းမရှိပါဘူး" ဟုရေးသားထား ၏အစပထမဖြစ်သည့် Macintosh Personal Computer များခေတ်ကတည်းက ကြော်ငြာလုပ်ငန်းအတွက် တာဝန်ယူခဲ့သော ကြော်ငြာအေဂျင်စီအတွက် အထူးဆန်းကိစ္စတစ်ရပ်ဖြစ်စေခဲ့သည်။

၎။ Apple က ရုပ်မြင်သံကြားလုပ်ငန်းတွင်လည်း ဆရာတစ်ဆူ ဖြစ်ချင်ခဲ့ခြင်း

၂၀၁၀ ခုနှစ် Steve Job ၏ E-mail ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် Apple သည် TV လုပ်ငန်းစုတွင်လည်း လက်ဝါးကြီးအုပ်နိုင်ရန်ဗျူဟာများချမှတ်ရေးလည်းပါဝင်ခဲ့သည်။

၅။ Samsung မှ Apple ကိုတိုက်ခိုက်ခဲ့ခြင်း
Samsung ၏ ၂၁၀၂ ခုနှစ်အတွက် စီးပွားရေး ရည်မှန်းချက်တွင် Apple ကုမ္ပဏီ၏ ထုတ်ကုန်များကို ဈေးကွက်ယှဉ်ပြိုင်ရေးသည် အဓိကအချက်အဖြစ်ဖော်ပြထားကြောင်း ၊ ၎င်းစီးပွားရေး ရည်မှန်းချက်တွင်ပါဝင်သော Apple ၏ထုန်ကုန်များကိုဈေးကွက်ယှဉ်ပြိုင်ရေးတွင် Iphone နှင့် I-pad သာမက Apple ထုတ်ကုန်များအားလုံးပါဝင်သည့်အပြင် အဓိကအားဖြင့် Apple ကုမ္ပဏီမှ ၂၀၁၂ ခုနှစ်တွင်ဖြန့်ချီခဲ့သော I-phone 5 ဖြန့်ချီ မည့်ရက်နှင့်တိုက်ဆိုင်ကာ ဈေးကွက်ယှဉ်ပြိုင်နိုင်မည့် ထုတ်ကုန်ပစ္စည်းတစ်မျိုးထုတ်လုပ်ရေးပါ ပါဝင်သည်ဟု ဖော်ပြထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)