ကမ္ဘာ့ပထမဆုံး ဧဝရက်တောင်တက်တဲ့ ခွေး

ပို့စ်တင်ချိန် - 11/13/2013 09:31:00 AM

 ဧဝရက်တောင်ပေါ်တက်တဲ့ ပထမဆုံး ခွေးကလေး ရူပီး၊ ဓာတ်ပုံ- caters news agency

အခု ဓာတ်ပုံမှာ မြင်ရတဲ့ ခွေးထီးလေး နာမည်က ရူပီး တဲ့။ သူက တချိန်က အိုးမဲ့ အိမ်မဲ့ ခွေးတကောင်ဖြစ် ခဲ့ဖူးတယ်။

ကံကောင်းစွာပဲ အခု သူ့သခင်ဖြစ်တဲ့ Joanne Lefson ဆိုသူအမျိုးသမီးက သူ့ကို ကယ်တင်ခဲ့တယ်။ အခုသူ့သခင်မက သူ့ကို အဖေါ်ဆွဲခွေးအဖြစ်နဲ့ အသုံးချလိုက်တော့ ခွေးကလေး ရူပီးဟာ ကမ္ဘာအမြင့်ဆုံး ဧဝရက် တောင်ပေါ် တက်ဖူးတဲ့ ပထမဆုံး ခွေး ဖြစ်လာခဲ့ပါပြီ။

တချိန်က သခင်မဲ့ အိမ်ခြေမဲ့ ခွေးတကောင်အဖြစ်က အခုလို ဧဝရက်တောင်ပေါ် တက်ဖူးတဲ့ ပထမဆုံး
ခွေးဖြစ်လာ ရတဲ့ ဘဝ ဟာ သူ မျှော်မှန်းထားတဲ့ ဘဝမျိုးတော့ မဖြစ်တန်ပါဘူး။ ပြောရရင် ခွေးလောက မှာ သူဟာ ဧဝရက်တောင်ပေါ် ပထမဆုံး တက်ဖူးတဲ့ မှတ်တမ်းဝင်၊ သမိုင်းဝင်ဖြစ်ပြီပေါ့။

သူ့သခင်က သူ့ကို ကယ်တင်ခဲ့စဉ်ကတည်းက သူ့ ကျန်းမာရေးကို ဂရုစိုက်ပြုစု၊ ကြက်ဥပြုတ်တွေနဲ့ အာဟာရ ပြည့်မီတဲ့ ထမင်း လည်း သူ့ကို ကျွေးမွေး၊ အခုတော့ ရူပီးဟာ တကယ့်ကို သန်စွမ်း ပြီး
တောင်တွေကို တက်နိုင်နေပါပြီ။

အခုဆို ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၇၀၀၀ ကျော်ရှိတဲ့ ဧဝရက်တောင်ရဲ့ တောင်ပေါ်စခန်း တခု ကို တက် လာနိုင်တဲ့ မှတ်တမ်းလည်း ၀င်နေပြီ။

ဒီစခန်းကို ရောက်ဖို့ သူ့သခင်နဲ့ တောင်ခြေစခန်းက ၁ဝ ရက်ခရီး တောင်တက်ခရီး နှင်ခဲ့ကြရင်းနဲ့ အခုလို့ မှတ်တမ်းဝင်သွားရတာလို့ ကမ္ဘာကျော် တိုင်းမ် သတင်း တပုဒ်က ရေးထားပါတယ်။

သူ့သခင်ဖြစ်သူက Daily Mail ကိုပြောရာမှာ သူ အစိုးရိမ်ရဆုံး ကိစ္စကတော့ အပေါ်ထိ ရောက်အောင် တက်နိုင် ပါ့ မလား ပါပဲ တဲ့။

ဟိမဝန္တာမှာ မွေးခဲ့တဲ့ ရူပီးက အမြင့်ရောက်လို့ ဖြစ်တတ်တဲ့ ဝေဒနာမျိုး မခံစားရတာတော့ သေချာတယ် တဲ့။


အိမ့်သံစဉ် ~
Irrawaddy