Phablet အရွယ်အစားနဲ့ထွက်ရှိလာမဲ့ Huawei Ascend Mate 2

ပို့စ်တင်ချိန် - 12/28/2013 12:20:00 PM



အရင်ထွက်ရှိထားတဲ့ Ascend Mate ပြီးတော့ ယခုထွက်ရှိလာမှာကတော့ Huawei Ascend Mate 2ပဲဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်နဲ့ Customer တွေစိတ်ကြိုက်သုံးနိင်အောင် လက်မ ၆.၁ နဲ့ထွက်ရှိလာမှာ ဖြစ်ပြီး RAM 2GB ကိုသုံးပေးထားမှာ ဖြစ်ပါတယ်။

ဒါဟာ Huawei ရဲ့ ပထမဆုံး Phablet လို့ပြောလို့ရပါတယ်။

Huawei ဖုန်းတွေကြားမှာ ပါးလွှာမူ၊ ဒီဇိုင်းပိုင်းလှပစတိုင်ကျမူတွေနဲ့ နာမည်ကြီးခဲ့တဲ့
Ascend P6 မှာပါရှိတဲ့ 1.5GHz Kirin 910 chipset ကိုဘဲသုံးပေးထားမှာ ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ကလည်း ယခုလက်ရှိနာမည်ကြီးနေတဲ့
Samsung ရဲ့ Note 3 လိုမျိုး၊ HTC ရဲ့ One Max လို့မျိုး ကင်ရာကို 13 Megapixel ကိုသုံးပေးထားပါလိမ့်မယ်။

အရှေ့ကင်မရာအနေနဲ့ကလည်း
အထင်ကြီးလောက်တဲ့ 5 megapixel ဖြစ်ပါတယ်။

ပုံမှာ တွေ့ရတဲ့အတိုင်းဆိုရင် သူရဲ့ကိုယ်ထည်က နောက်ထက်ရှိလာမဲ့ Smasung ရဲ့ S5 လို့
သတ္တုကိုယ်ထည်နဲ့ ဖြစ်ဖို့ရှိပါတယ်။

ဒီထက်ပိုတဲ့ ဈေးနှုန်းတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၄ ဇန်န၀ါရီမှာ ကျင်းပမဲ့ လားစ်ဗီးဂတ်က CES
မှာတွေ့ရ မယ် (သို့) ဖေဖော်ဝါရီလ ဘားစီလိုနားမှာ ကျင်းပမဲ့ MWC မှာတွေ့ရှိကာ သိရှိနိင်မှာ ဖြစ်ပါတယ်။




Aung Heine ( www.smart.com.mm )

Smart Pro Journal