Breaking News

ပို့စ်တင်ချိန် - 12/28/2013 03:58:00 PM



အခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ NLD ၂၀၁၅ ရွေးကောက်ပွဲဝင်မည်

ဧရာဝတီ၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၃

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယနေ့ မွန်းလွဲ တော်ဝင်နှင်းဆီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသည်။

NLD သည် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည် အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ဧရာဝတီ သတင်း