၉၆၉ ရဟန်းတော်များ မောင်တောသို့ ရောက်ရှိ

ပို့စ်တင်ချိန် - 12/28/2013 02:29:00 PM


ရခိုင်ပြည်နယ်သို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး တရားတော်များ ဟောကြားရန် ရောက်ရှိနေသော ၉၆၉ ရဟန်းတော်များသည် ယနေ့တွင် မောင်တောမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

၎င်းရဟန်းတော် အဖွဲ့တွင် ရန်ကုန်၊ မော်လမြိုင်မှ ရဟန်းတော် (၅) ပါးနှင့် စစ်တွေမှ ရဟန်းတော် (၂)ပါး စုစုပေါင်း (၇) ပါးပါဝင်ကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီတွင် မောင်တောမြို့ မြို့မကျောင်းတွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး တရားများကို ဟောကြားမည်ဟု သိရသည်။ ယမန်နေ့ကလည်း ဘူးသီးတောင်မြို့တွင် ဟောကြားခဲ့သည်ဟု သိရသည်။

ယခုအခါ ၎င်းရဟန်းတော်များသည် မောင်တောမြို့နယ်ရှိ ဗုဒ္ဓဘာသာ ကျေးရွာများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေပြီး ဒေသခံများနှင့် တွေ့ဆုံနေကြောင်း သိရသည်။
Burmesenews narinjara