သတင်းပေါက်ကြားမှုအတွက် HTC အရာရှိ ၃ ဦး ထောင်ဒဏ် ၁၀ နှစ်ကျ ခံရဖွယ်ရှိ

ပို့စ်တင်ချိန် - 12/28/2013 03:47:00 PM


နှစ်အနည်းငယ်အတွင်းမှာပဲ HTC ရဲ့  လျှို့ ဝှက်သတင်းများ ပေါက်ကြားမှု အတွက် အဓိက တရားခံ ၃ ဦးကို ရှာတွေ့ ခဲ့ပါတယ်။ ယင်း ၂ ဦးစလုံးက HTC ရဲ့  ထိပ်တန်း အရာရှိများ ဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ် ရှိကြောင်း သိရပါတယ်။

ဒီဇိုင်းဌာနမှ ဒုတိယ ဥက္ကဌ Thomas Chien, R&D ဒါရိုက်တာ Wu Hung နဲ့ စီနီယာ မန်နေဂျာ Justin Huang တို့ ဖြစ်ကြောင်း သိရ ပါတယ်။ ယင်း ၃ ဦးဟာ HTC က ဖုန်းနဲ့ ပက်သက်တဲ့၊ ကုမ္ပဏီနဲ့ ပက်သက်တဲ့ သတင်း အချက်အလက်များကို ကုမ္မဏီမှ မထုတ်ဖော်သေးခင်မှာပဲ အပြင် သို့ ရောက်အောင် ပို့ပေးသူများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးသတင်း အတော်များများ ပေါက်ကြားစေခဲ့ ပါတယ်။ HTC One Max တုန်းက လက်ဗွေ စနစ် ပါမယ်ဆိုတာကို မြှုပ်ကွက်အနေနဲ့ ထားပြီး ထုတ်လုပ်ဖို့ ရည်ရွယ်ပေမယ့် စမ်းသပ် အဆင့်ကာလ မှာတင် အဲ့သတင်းက ထွက် ရှိနေခြင်း ဖြစ်ပါတယ်။ ဒ့ါအပြင် HTC ရဲ့  အတွင်းသတင်း အတော်များ များ ကိုလည်း အခြား ကုမ္မဏီများသို့ ထုတ်ဖော်ပြောကြား ထားကြောင်း စွဲချက်တင်ထား ပါတယ်။

လက်ရှိမှာ HTC မှာ ငွေကြေးအားဖြင့် အရှုံးပေါ်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Lenovo သို့ ရောင်းချမယ်ဆိုတဲ့ ကောလ ဟာလ တောင် ထွက်ပေါ်နေ ပါတယ်။ ယင်း သတင်းကလည်း ၎င်းတို့ ၃ ဦးကပဲ ဖြစ်ကြောင်း ယုံကြည်နေကြပါတယ်။ ဒါကြောင့်မို့ HTC ဟာ ယင်းရာထူးကြီး အရာရှိ ၃ ဦးကို တရားရုံးမှာ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးသွား ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း