ရန်ကုန်မြို့မှာတွေ့ရမယ့် လာရီဒိုင်းမွန်းရဲ့ဟောပြောဆွေးနွေးပွဲ

ပို့စ်တင်ချိန် - 12/28/2013 02:43:00 PM



မနက်ဖြန် တနင်္ဂနွေနေ့ ရန်ကုန်မှာ စိတ်ဝင်စားစရာ နိုင်ငံရေး ဟောပြောဆွေးနွေးပွဲတခု ရှိပါတယ်။
ဟောပြောမယ့်သူကတော့ အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တက္ကသိုလ်က ပါမောက္ခ လာရီ ဒိုင်းမွန်းဖြစ်ပါတယ်။

ဟောပြောမယ့် အကြောင်းအရာကတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ နိုင်ငံရေးပဋိညာဉ်မရှိခြင်းရဲ့ အန္တရာယ်။
ဟောပြောမယ့်နေရာ အတိအကျကတော့ အမှတ် ၉၁၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်မှာ တည်ရှိတဲ့ Orchid ဟိုတယ် ဖြစ်ပါတယ်။
လာရီဒိုင်းမွန်းက  Journal of Democracy ကို စတင် တည်ထောင်တဲ့ အယ်ဒီတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီ သတင်း