အာဏာသိမ်းမည့်ကိစ္စ ထိုင်းစစ်ဦးစီးချုပ်က အပြတ်မပြော

ပို့စ်တင်ချိန် - 12/28/2013 02:51:00 PM


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို အကြောင်းပြုလို့ ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့နေချိန်မှာ  အာဏာသိမ်းနိုင်တဲ့ ဖြစ်နိုင်ချေနဲ့ပတ်သက်လို့ ထိုင်းစစ်ဦးစီးချုပ် ပရာယု ချန်း အိုချာ က အပြတ်မပြောပါဘူး။
“အာဏာသိမ်းနိုင်ချေ တံခါးကတော့ ဖွင့်တာလည်းမဟုတ်ဘူး၊ ပိတ်ထားတာလည်း မဟုတ်ဘူး။ အခြေအနေပေါ် မူတည်ပြီး ဘာမဆို ဖြစ်နိုင်တယ်လို့” ထိုင်း စစ်ဦးစီးချုပ်က ဒီဇင်ဘာ ၂၇ ရက်နေ့က ပြောပါတယ်။

လောလောဆယ်မှာတေ့ ထိုင်းစစ်တပ်ဟာ အစိုးရနဲ့ ဆန္ဒပြသမားတွေအကြားမှာ ငြိမ်းချမ်းတဲ့ ညှိနှိုင်းတာမျိုးကို ထောက်ခံနေတယ်လို့ ပြောပါတယ်။

“ပြည်သူတွေက စစ်တပ်ကို ထောက်ခံဖို့ ကောင်းတယ်၊ စစ်တပ်က မှန်တာလုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အရင်လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေအတိုင်း အင်အားသုံးတဲ့ နည်းကို စစ်တပ်က မလုပ်ဘူး။ ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကြိုးစားနေတယ်။”

စစ်တပ်ဟာ နောက်ဆုံး ပေါ်ပေါက်နေတဲ့ ပဋိပက္ခမှာ ဘက်မလိုက်ဘဲ ရပ်တည်နေပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ် ဆူထေ့ပ်က စစ်တပ်ကို  အစိုးရ ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်က ဖျန်ဖြေတဲ့ နေရာမှာပဲ ဆက်နေပါတယ်။

ထိုင်းစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ် ၈၀ အတွင်းမှာ ၁၈ ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ၀န်ကြီးချုပ်သက်ဆင်ရဲ့ လက်ထဲကနေ အာဏာသိမ်းခဲ့ပါတယ်။
RFA Burmese