ကျွန်းစုမြို့မြို့နယ် မောင်းလှော်ရွာ မြေမှု ဖြစ်ရပ်မှန် (ပေးစာ)

ပို့စ်တင်ချိန် - 12/28/2013 02:46:00 PM

မောင်းလှော်ကျေးရွာနေ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့မှာ အသက်အားဖြင့်(၅၀) ၀န်းကျင်ခန့်ရှိပြီ ဖြစ်ကြပြီး အခုတလော သတင်းများအရ ဦးကြည်အင် (မတော်လောဘကြီးသူ)သည် ရွာပိုင်မြေများကို မိမိပိုင်ဆိုင်သည်ဟု ဆိုကာ NLD ပါတီမှ အမှုပွဲစား ဦးကိုလေးနှင့် ပေါင်းပြီး ရွာပိုင်နတ်ကွန်း ကိုတောင် အလွတ်မပေးပဲ လိုက်လံ ဖျက်ဆီးဖို့ ကြိုးစားနေ ပါတယ်။ ဦးထွန်းလှရင် နှင့် ဦးထွန်းဝေတို့ နေအိမ်များမှာ မိဘ၊ယောက္ခမ များ၏ နေအိမ်များ ဖြစ်ကြပြီး သူတို့သည် လည်း မောင်းလှော် ကျေးရွာသားများ စစ်စစ် ဖြစ်ကြပါသည်။


ကျွှန်တော် မှတ်မိသလောက် ဆိုရသော် ဦးကြည်အင် ဆိုသော လူသည် ပိုင်ဆိုင်မှု မည်မျှ များသည်မှာ လွန်ခဲ့သော(၁၀)စုနှစ် အကျော်တွင် ဘုန်းကြီးကျောင်းတွင် ကပ်ခိုနေထိုင် စားသောက်သူဖြစ် ပါတယ်။ ၄င်း၏ အကျင့်နှင့် စာရိတ္တပိုင်းတွင်လည်း ဘုန်းကြီးကျောင်း ကပ္ပိရ ဆိုပြီး အထင်မကြီးလေနဲ့။ ၄င်း၏ အကျင့်စရိုက်များ ဖော်ပြရမည်သော် ရေးကုန်မည်လည်း မဟုတ်၊ အနံ့အသက်ပုတ် များလွန်းနေသည်က တစ်ကြောင်း မဖော်ပြတော့ပါ (သိချင်သူများ မောင်းလှော်ကျးရွာသို့ သွားရောက်ကာ ဦးကြည်အင် ဆိုသော သူနဲ့ ရွာသူ/သားများကိုသာ မေးကြည့်စေချင် ပါသည်)။

New Of Myeik မှဖော်ပြချက် များကို ပြန်လည် ကောက်ယူ နုတ်ထုတ်ရမည် ဆိုလျှင် အခြေအနေမှန်ကို မစုံစမ်း (စူးစမ်းဆင်ချင် နိုင်စွမ်း အားနည်းသူများ)ဘဲ သတင်းရေးနေခြင်းသည် အလွန်ရှက်ဖို့ ကောင်းလှ ပါသည်။ အမှန်စင်စစ် မြေပြင်တွင် ၀န်ကြီးဦးသိန်းလွင်မှ ၄င်းတို့ အငြင်းပွားနေသော မြေယာ များအား ကျေးရွာမြေယာ ကော်မတီ၊ ကျေးရွာ အထောက် အကူပြု အဖွဲ့၊ မြို့နယ်မြေယာ ကော်မတီ တို့နှင့် ပေါင်းစပ် ညှိနှိုင်း အဖြေရှာကြရန် လမ်းညွှန်ခဲ့သာ ဖြစ်ကြောင်း သိရှိရ ပါသည်။

အခု စာရေးသူ သနားမိသည်မှာ ဦးကြည်အင် ဆိုသူသည် NLD ပါတီမှ အမှုပွဲစား ဦးကိုလေး စကားများအား နားယောင်ကာ ရွာသူ/သားများ အပေါ် အနိုင်ကျင့်ကာ ခြိမ်းခြောက် နေမှုများသည် ဦးကြည်အင် ဆိုသူ  ရှိစုမဲစု ကုန်ပြောင်မွဲ ဖို့များ အကြောင်းပါ သလား၊ ကံပါသလားဟုတွေးကာ သနားမိပါ တော့သည်။
                                                                   (မောင်းလှော်သား MP)


မြိတ်ပုလဲမြေ