ဒုတိယ ကိုယ်ဝန် မီးဖွားပြီးရင် အနုပညာ အလုပ်တွေ ဇောက်ချ လုပ်မယ်ဆိုတဲ့ မေလေး

ပို့စ်တင်ချိန် - 1/19/2014 05:51:00 PM


ဒုတိယကိုယ်ဝန် မီးဖွားပြီးလျှင် အနုပညာအလုပ်များ ပြန်လည်လုပ်ရန် အစီအစဉ်ရှိကြောင်း မိခင်လောင်း ဇင်ဇင်ဇော်မြင့်(မေလေး)က ပြောသည်။

““အနုပညာအလုပ်တွေကို  အခုချိန်မှာ သေချာမလုပ်နိုင်သေးတဲ့အတွက်  ပရိသတ်ကြီးက ခွင့်လွှတ်စေချင်ပါတယ်။ ဒုတိယကလေး မွေးပြီးရင်တော့ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ဖို့  စဉ်းစားထားပါတယ်””ဟု သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကပြောသည်။
ဇင်ဇင်ဇော်မြင့်သည် ဒုတိယကိုယ်ဝန် သုံးလရှိနေပြီဖြစ်ပြီး လက်ရှိအချိန်တွင် စီးပွားရေးအလုပ်များ၊ အနုပညာအလုပ်များမှ အနားယူထားကာ ရင်သွေးလေးကိုသာ ဂရုစိုက်နေသည်ဟု ၎င်းကပြောသည်။
““အပြင်မှာ သားလေးရှိတော့ မိန်းကလေးလိုချင်တယ်။ ဒါပေမဲ့ ကိုယ့်ရင်သွေးကို ဘာပဲရရ ချစ်မှာပါ”” ဟု ဇင်ဇင်ဇော်မြင့်ကပြောသည်။
၎င်း၏ ပထမရင်သွေးလေးမှာ ယောက်ျားလေးဖြစ်ပြီး အသက် သုံးနှစ်ရှစ်လရှိပြီဖြစ်သည်။ အနုပညာအလုပ်မှ အနားယူထားသော်လည်း ပေါ့ပေါ့ပါးပါးရိုက်ကူးနိုင်သည့် ပရိုဂရမ်များနှင့် ဓာတ်ပုံများကိုမူ လက်ခံရိုက်ကူးဖြစ်ကြောင်း ၎င်းကပြောသည်။
7 Day Daily