လှိုင်မြစ်အတွင်း ငါးဖမ်းစက်လှေလုပ်သားတစ်ဦး ပြုတ်ကျပြီး နစ်မြုပ်ပျောက်ဆုံး

ပို့စ်တင်ချိန် - 1/19/2014 12:00:00 AM


လှိုင်မြစ်အတွင်း ငါးဖမ်းစက်လှေလုပ်သားတစ်ဦး ပြုတ်ကျပြီး
နစ်မြုပ်ပျောက်ဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၈.၁.၂၀၁၄ ရက်နေ့၁၅၄၅အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊စက်မှုဇုံ အပိုင်း(၆)လှိုင်မြစ်လမ်းရှိ အဏ္ဏ၀ါလွှမ်းအအေးခန်းစက်ရုံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် အမှတ် A-978 ၊ အထပ်(၃)ထပ်ရှိ ငါးဖမ်းစက်လှေ
ပေါ်တွင် စက်လှေလုပ်သား ကိုရဲထွန်း(ဘ)ဦးညိုဦး၊ အောင်သာယာ
ကျေးရွာ၊ ဖျာပုံမြို့နယ်နေသူသည် စက်လှေဒုတိယထပ်ရှိနားနေဆောင်
တွင် အိပ်နေရာမှနိုးလာပြီး အောက်ထပ်သို့လှေခါးမှဆင်းစဉ် ခြေချော်ကာ လှိုင်မြစ်အတွင်းသို့ပြုတ်ကျနစ်မြုပ်ပျောက်ဆုံးလျက်ရှိသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police