မြောက်ဥက္ကလာပမြို့နယ်တွင် ပိုင်ရှင်မဲ့ရပ်ထားခဲ့သည့် မော်တော်ယာဉ်(၁)စီးတွေ့ရှိ

ပို့စ်တင်ချိန် - 1/19/2014 02:30:00 AM




ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၃.၁.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်မှစ၍ မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမိတ္တာ(၂)လမ်းနှင့် (၃)လမ်းအကြား၊ သုမိတ္တာ လမ်းမပေါ်တွင် ယာဉ်အမှတ် YGN 8G-6010 လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်(၁)စီး ရပ်ထားသည်ကို သုမိတ္တာ(၃)လမ်းနေ ဦးသိန်းဝေမှတွေ့ရှိခဲ့ပြီး ၁၈.၁.၂၀၁၄ရက်နေ့ ၁၃၀၀ အချိန်ထိ လာရောက်ယူဆောင်ခြင်းမရှိ၍ မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သောကြောင့် သွားရောက်စစ်ဆေးပြီး အဆိုပါယာဉ်အား မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄၂)ယာဉ်ထိန်းတပ်ဖွဲ့စုရုံးတွင် ခေတ္တထိန်းသိမ်းထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police