ဆိုင်ကယ်ဖြင့်ပို့ဆောင်ပေးသူကို ချွန်ထက်သောအရာဖြင့်ထိုးပြီး ဆိုင်ကယ်အားလုယူမှုဖြစ်

ပို့စ်တင်ချိန် - 1/19/2014 01:15:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၅.၁.၂၀၁၄ ရက်နေ့ ၂၃၃၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်နေ ကိုဝင်းဇော်သည် ၂၀ယ/၇၇၃၆၇ နီ/နက်ကြား၊ KENBO-125 ဆိုင်ကယ်ဖြင့် သာကေတမြို့နယ်သို့ ဈေးသွားဝယ်စဉ် သာကေတမြို့နယ်၊ လျှပ်စစ်ရုံးရှေ့အရောက်တွင် အမည်မသိ လူမြင်လျှင်မှတ်မိသူအမျိုးသား(၃)ဦးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်သို့ လိုက်ပို့ပေးရန် အကူအညီတောင်း၍ လိုက်ပို့ခဲ့ကြောင်း၊ ထိုသို့လိုက်ပို့စဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ မန္တလေးလမ်းမသို့အရောက်တွင် ၎င်းတို့အနက်(၁)ဦးမှ ဖိနပ်ကျွတ်ကျခဲ့၍ဆိုင်ကယ်အားရပ်ပေးရန်
ပြောသဖြင့် ရပ်တန့်ပေးခဲ့စဉ် ကျန်(၁)ဦးမှ ကိုဝင်းဇော်၏လည်ပင်းကို ချွန်ထက်သောအရာဖြင့်ထိုးပြီး ၎င်းအမျိုးသား(၃)ဦးမှ ဆိုင်ကယ်အားယူဆောင် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း၊ ကိုဝင်းဇော်တွင် လည်ပင်းယာဘက်ထိုးသွင်းပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိခဲ့ကာ စံပြဆေးရုံတွင်အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရကြောင်းတို့ကို ကိုဝင်းဇော်၏အဘိုးဖြစ်သူ ဦးသိန်းမြင့်မှ ၁၈.၁.၂၀၁၄ရက်နေ့တွင် လာရောက်တိုင်တန်းခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း (ပ)၅၁/ ၂၀၁၄၊ ပုဒ်မ၃၈၂/၁၁၄ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ(၃)ဦးအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police