ဆွီဒင် Make Up Store ရန်ကုန်တွင် အဆိုတော်စမိုင်းလ်က ဆိုင်ခွဲဖွင့်

ပို့စ်တင်ချိန် - 1/19/2014 07:45:00 AM


ကမ္ဘာကျော် ဆွီဒင်အခြေစိုက် မိတ်ကပ်စတိုးရဲ့ တရားဝင်ဆိုင်ခွဲကို အဆိုတော် စမိုင်းလ်က ဇန်နဝါရီ ၁၇ရက်နေ့မှာ ရန်ကုန်မြို့ ဓမ္မစေတီလမ်းမှာ ဖွင့်လှစ်လိုက်ပြီး ကုန်ပစ္စည်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာမှာ ဆိုင်ခွဲဖွင့်လှစ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ဆံပင်၊ မိတ်ကပ်၊ နှုတ်ခမ်းဆိုးဆေး စတဲ့ အလှသုံးပစ္စည်းတွေကို ရောင်းချမှာဖြစ်တယ်လို့ စမိုးလ်က ဆိုပါတယ်။

Make Up Store ဆိုင်ခွဲဖွင့်လှစ်ဖို့အတွက် အခက်အခဲတွေအများကြီးရှိခဲ့ပေမယ့် အခုလို ဖွင့်နိုင်ခဲ့တဲ့အပေါ် ဝမ်းသာတယ်လို့ စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်က ဆိုပါတယ်။

ဆွီဒင်အခြေစိုက် Make Up Store ဟာ နိုင်ငံပေါင်း ၂ဝမှာ ဆိုင်ခွဲပေါင်း ၁၃ဝကျော် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုင်ခွဲဖွင့်လှစ်ပွဲကို နာမည်ကျော် အဆိုတော်တွေ။ ရုပ်ရှင်သရုပ်ဆောင်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

Kamayut Media