ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းလေးပြုပြင်ရန်နှင့်ပညာရေး ရန်ပုံငွေအဖြစ် ပန်းရဲ့လမ်းလူမှုကွန်ရက်အဖွဲ့ မြို့တွင်းလှည့်လည်ဖျော်ဖြေ

ပို့စ်တင်ချိန် - 1/19/2014 12:30:00 AM


အောင်လံ၊ ဇန်နဝါရီ ၁၈။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင်၏ ဖိတ်ခေါ် ချက်အရ ပန်းရဲ့လမ်း လူမှုကွန် ရက်အဖွဲ့၏ မြို့တွင်းလှည့်လည် ဂီတဖျော်ဖြေရာ မှရရှိလာသော အလှူငွေများအား အောင်လံမြို့နယ် ဘုရားတောင်ဗွေကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား ပြုပြင်ရန်နှင့် ပညာရေးရ န်ပုံငွေအတွက် အသုံးပြုရန် လှူဒါန်းမည်ဖြစ်ကြောင်း မြို့နယ်ညီကျင်းကော်မရှင်ထံမှ သိရသည်။

“ကျောင်းကလေးက ကျောင်းသား(၅၀)နီးပါး ရှိနေပါတယ်၊ ခုချိန်ထိ တွဲဘက်မူလတန်းကျောင်းတောင် မဖြစ်သေးဘူး ရွာက ကလေးတွေကို ကျောင်လစာကောက်ပြီး ဆရာလစာပေးနေရတဲ့ ကျောင်းလေးမို့ပါ” ဟု မြို့နယ်ညီကျင်းကော်မရှင်မှ အဖွဲ့ဝင်တစ်ဦး ကပြောသည်။

ယင်းအပြင် မူလတန်ေးကျာင်းဆောင်မှာ အခင်းများ အကာအရံများနှင့် အမိုးများမှာ ပျက်စီးနေလျှက်ရှိပြီး၊ ကျောင်းသားလေးမှာ ကြမ်းပြင် အပေါက်အပြဲများကြားတွင် စာသင်ကြားနေကြရကြောင်းလည်း သိရသည်။ စာ ရေးကိရိသာများ စာသင်ခံများနှင့် စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများ လုံလောက်မှု မရှိဖြစ်ကြောင်းလည်း ၎င်းကပ င်ပြောသည်။

ဦးရဲလွင်(မဇ္ဈမလှိုင်း) ဦးဆောင်သော ပန်ဲး့လမ်း လူမှုကွန်ရက်အဖွဲ့မှ အောင်လံမြို့တွင်း လှည့်လည်ဖျော်ဖြေ အလှူခံခြင်းများကို (၁၇)ရက်မှ စတင်၍ နှစ်ရက်တိုင် တိုင်ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသော အလှူများကို ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီကျင်းကော်မ ရှင်ထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လင်းသက်
The Myanma Age