အာစီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာ မြန်မာ ပဉ္စမ နေရာမှာ ရှိနေ

ပို့စ်တင်ချိန် - 1/19/2014 03:52:00 PM

မသန်စွမ်း အားကစား သမားများ

ဇန္နဝါရီ ၁၄ ရက်က နေပြည်တော်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စတင် ကျင်းပခဲ့တဲ့ ( ၇ ) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ (ပါရာဂိမ်း)ပြိုင်ပွဲမှာ မြန်မာ ကစားသမား ၂၀၀ ကျော် ယှဉ်ပြိုင်တဲ့အနက် မနေ့ကထိ မြန်မာက ရွှေ ၂၂ ငွေ၂၀ ကြေး ၂၄ နဲ့ နိုင်ငံအလိုက် ပဉ္စမ နေရာကို ရရှိနေပါတယ်။

မသန်စွမ်း အားကစားပြိုင်ပွဲအားကစားနည်းတွေထဲက ရေကူးပြိုင်ပွဲမှာ ခြေဖဝါး လက်ဖဝါး မပါဘဲ ရွှေတံဆိပ်ဆု ၂ခု ရအောင်ပြိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မမေထူးမွန် ကတော့ ဒီအောင်မြင်မှု အပေါ် ကျေနပ် ဂုဏ်ယူ မိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အတန်းပညာ သင်ကြားရေးဟာ လမ်းခုလပ်မှာ ရှိနေတာကြောင့် ဆက်လက် ကြိုးစား သွားမယ်လို့ သူက ပြောပါတယ်။

နက်ဖြန် ဇန္နဝါရီလ ၂ဝ ရက်နေ့မှာ မသန်စွမ်း အားကစားပွဲတော် ပြီးဆုံးမှာ ဖြစ်ပါတယ်။
BBC Burmese