အာမခံအသင်းမူကြမ်း ရေးဆွဲပြီးဟုဆို

ပို့စ်တင်ချိန် - 1/19/2014 03:50:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

သက်တမ်းအနှစ် ၆၀ ကျော် ရှိပြီဖြစ်သော မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပြည်တွင်းရှိ ပုဂ္ဂလိက အာမခံလုပ်ငန်းများ ပူးပေါင်း တည်ထောင်မည့် မြန်မာ့အာမခံအသင်း ဖွဲ့စည်းပုံ မူကြမ်းကို ရေးဆွဲပြီး ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်း ၁၀ ခု ကျော်နှင့် ခေါ်ယူဆွေးနွေးခဲ့ပြီး ဖြစ်၍ မြန်မာ့ အာမခံ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ တင်ပြထားပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများနှင့် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အာမခံအသင်း ဆိုသည်မှာ အာမခံ ကုမ္ပဏီများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် တည်ထောင်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အာမခံလုပ်ငန်း ၁၂ ခုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းတွင် တရားဝင် လုပ်ကိုင်ခွင့် ပေးခဲ့ပြီး အထွေထွေ အာမခံလုပ်ငန်း လုပ်ကိုင်မည့် Pillar Of Trurh ကုမ္ပဏီ တစ်ခုမှလွဲ၍ ကုမ္ပဏီ ၁၁ ခုကို၂၀၁၃ ခုနှစ်အတွင်းက လုပ်ငန်းလိုင်စင် ချထားပေးခဲ့သည်။
The Voice Weekly Myanmar