လူကူးမျဉ်းကျားမှလမ်းဖြတ်ကူးသူကို တိုက်မိမောင်းနှင်ထွက်ပြေးသူအား အရေးယူ

ပို့စ်တင်ချိန် - 1/19/2014 02:00:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၁၈

၁၈.၁.၂၀၁၄ ရက်နေ့ ၁၀၄၅အချိန် ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ ကွန်ကရစ်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော ၁ခ/----၊ နစ်ဆန်းကွန်တိန်နာ(၁၀)ဘီးယာဉ်သည် စဥ့်အိုးတန်းလမ်းထိပ်အရောက်တွင် လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးသူ လမ်းမတော်မြို့နယ်နေ ဦးမြစိုးအား တိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဦးမြစိုးတွင် နဖူးစုတ်ပြဲ၊ ၀ဲလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသရသောကြောင့် ယာဉ်မောင်း(စုံစမ်းဆဲ)အား ဆိပ်ကမ်းမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police