မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 3/01/2014 09:45:00 PM


နေပြည်တော်၊ မတ် ၁

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာနေ မလှိုင်သင်းကြည်(၂၀)နှစ်သည် နေအိမ်အတွင်း ထမင်းဟင်း ချက်ပြုတ်ပြီးနောက် မီးအားသေချာစွာ ငြှိမ်းသတ်မှုမရှိဘဲ မိခင်နှင့်အတူ နတ်မောက်မြို့သို့ လိုက်ပါသွားခဲ့ပြီး မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ စိုင်ကောင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ တပ်ဖွဲ့ဝင်များနှင့် ရွာသူ/ ရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၂၇ မိနစ်အချိန်၌ မီးငြိမ်း သွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အလျား(၂၀)ပေ၊ အနံ (၁၅)ပေ၊ အမြင့်(၁၀)ပေရှိ ထရံကာ၊ ဝါးကပ်မိုး၊ ပျဉ်ခင်း၊ (၄×၃)ပင် နေအိမ်(၁)လုံး၊ တန်ဘိုးငွေကျပ် (၃၀၀၀ဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ မလှိုင်သင်းကြည်အား စိုင်ကောင်းနယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar