Mobile Battery

ပို့စ်တင်ချိန် - 3/01/2014 06:56:00 PM


အလုပ်မအားလပ်သူများ၊ မိမိဖုန်းကို အားသွင်းရန် မေ့တတ်သူများနှင့် ခရီးသွားတဲ့အခါမျိုးတွေမှာ အလွယ်တကူ အားသွင်းယူနိုင်မယ့် ELECOM အမှတ်တံဆိပ် DE-MO1L-10440 BK မော်ဒယ် Mobile Battery တစ်မျိုး ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Smartphone, iPhone, Tablet များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး အားသိုလှောင်သိမ်းဆည်းမှု ပမာဏအနေဖြင့် 10400mAh အထိ အထောက်အပံ့ ပေးထားပါတယ်။ USB port 2 port ပါဝင်မှာဖြစ်ပြီး smartphone (၂) လုံးကို တပြိုင်နက် အားသွင်းယူနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအနေဖြင့် Lithium-ion battery အမျိုးအစားကို အသုံးပြုထားပြီး အားပြန်လည်သွင်းယူရာတွင် LED မီးလုံး (၄) လုံးဖြင့် အားပြည့်မပြည့်ကို ဖော်ပြပေးထားပါတယ်။ တစ်ကြိမ်အားသွင်းထားရုံဖြင့် smart phone တစ်လုံးကို (၄) ကြိမ်ခန့် ပြန်လည် အားသွင်းယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ၈၅၂၀၀ ကျပ် ရှိမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် Cyber Plus ဖုန်း ၀၉-၇၃၀၅၆၄၈၃ သို့ ဆက်သွယ် စုံစမ်း ဝယ်ယူနိုင်ပါတယ်။

ဝေဝေ
Internet Journal