လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ရေး အလားအလာအပါအ၀င် မြန်မာ့နိုင်ငံရေးကို ဗြိတိသျှအိမ်ရှေ့စံ ချားလ်စ်မင်းသား စိတ်ဝင်တစားမေးမြန်း၊ မြန်မာနိုင်ငံကို အလည်သွားရောက်ချင်ကြောင်းပြောကြား

ပို့စ်တင်ချိန် - 2/14/2014 09:49:00 AM



13-2-2014 (First Media Group)

ဗြိတိသျှတော်ဝင်အိမ်ရှေ့စံချားလ်စ်မင်းသားဟာ သူ့ရဲ့ကြင်ယာတော် နဲ့အတူလန်ဒန်မြို့လယ်မှာရှိတဲ့ ဘီဘီစီရုပ်သံဌာနကို ဖေဖော်ဝါရီလ ၁၁ ရက် မနက်ကသွားရောက်လေ့လာခဲ့ကြောင်းနဲ့ နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ ဘီဘီစီသတင်း မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှုတွေကို အထူးပြုလေ့လာရင်း မြန်မာနိုင်ငံသားဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

“အိမ်ရှေ့စံမင်းသားက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အင်္ဂါနေ့ မနက် ပိုင်းမှာ သူ့ရဲ့ကြင်ယာတော်နဲ့အတူ New Broadcasting House ရှိ ဘီဘီစီ သတင်းဌာနရုံးသစ်ကြီးကို လာရောက်လေ့လာရင်း ကျွန်တော်တို့ မြန်မာသတင်း ဌာနကိုဝင်ရောက်လာပြီးမြန်မာနိုင်ငံသားဝန်ထမ်းတွေကို ရင်းရင်းနှီးနှီးနှုတ်ဆက် ပါတယ်။ ပြီးတော့ မြန်မာသတင်းဌာနကနေ ဘာတွေထုတ်လွှင့်သလဲ၊ မြန်မာ နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပြောင်းလဲလာတဲ့အချိန်မှာ မြန်မာသတင်းဌာနအနေ နဲ့ ဘယ်လိုသတင်းမျိုးတွေကို ထုတ်လွှင့်နိုင်သလဲဆိုတာတွေကို စိတ်ဝင်တစား သူကမေးပါတယ်” လို့ ဘီဘီစီသတင်းဌာန မြန်မာပိုင်းအစီအစဉ်တင်ဆက်သူ ၀န်ထမ်းတစ်ဦးက First Weekly ကိုပြောပါတယ်။

ဗြိတိသျှအိမ်ရှေ့စံချားလ်စ်မင်းသားက လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအခင်းအကျင်းသစ် အပြောင်းအလဲများအပြင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး အလား အလာတွေကိုလည်း မေးမြန်းခဲ့သလို အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံတော် မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ်္မတဖြစ်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကအစ နိုင်ငံရေးအလားအလာတွေကို ဘီဘီစီရုပ်သံဌာန မြန်မာပိုင်းအစီအစဉ်မြန်မာဝန်ထမ်းတွေကို စိတ်ဝင်တစားမေးမြန်းခဲ့သလို သူ့ အနေနဲ့လည်း မြန်မာနိုင်ငံကို အလည်သွားရောက်ချင်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့တယ်လို့ သိရှိရပါတယ်။

၁၃-၂-၂၀၁၄ နေ့ထုတ် First Weekly Journal မှ