သားမယား ပြုကျင့်နေစဉ် ခင်ပွန်းထင်မှတ် နေခဲ့ရာ၊ သားမယား ပြုကျင့်ပြီးမှ ခင်ပွန်း မဟုတတ်မှန်း သိရ

ပို့စ်တင်ချိန် - 5/12/2014 05:50:00 AM

ဓာတ်ပုံ - အင်တာနက်

နေပြည်တော်၊ မေ ၁၁
၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ xxxxx ရွာနေ မxxxxx(၃၉)နှစ်သည် သား/သမီးများနှင့်အတူ နေအိမ်အပေါ်ထပ်၌ လည်းကောင်း၊ ခင်ပွန်း ကိုxxxxxမှာ သားဖြစ်သူ မောင်xxxxxနှင့်အတူ နေအိမ်အောက်ထပ်၌ လည်းကောင်း အသီးသီး အိပ်ပျော်နေကြစဉ် ၁၀-၅-၂၀၁၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ပိတ်သံကြားပြီး မxxxxx အိပ်နေသည့်အိပ်ယာအနီးသို့ လူတစ်ဦး ၀င်ရောက်လာခဲ့ကြောင်း၊ မxxxxxမှ ခင်ပွန်းဖြစ်သူ ကိုxxxxxထင်မှတ်၍ ဆက်အိပ်နေစဉ် အဆိုပါလူမှ မxxxxx၏ထမီအား အပေါ်သို့ဆွဲလှန်၍ ကာမစပ်ယှက်ပြီးထွက်သွားသဖြင့် မxxxxxမှ ပြတင်းပေါက် ဖွင့်ခဲ့ရန်ပြောဆိုရာ အဆိုပါလူမှာ ပြန်လှည့်လာပြီး မxxxxx၏ခင်ပွန်း ကိုxxxxxမဟုတ်ကြောင်းနှင့် ကြိုက်သလိုဆုံးဖြတ်ရန်ပြောဆိုမှသာ ခင်ပွန်း၏တူတော်စပ်သူ တစ်ရွာတည်းနေ ကျော်ထွန်းအောင်(၂၂)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကျော်ထွန်းအောင်အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ xxxxx ရွာနေ မxxxxx(၁၈)နှစ်သည် ရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာရှိ နှမ်းခင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဉ် တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၈)နှစ် ရောက်ရှိ လာပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် နေအိမ်သို့ပြန်လာကာ မိခင်ဖြစ်သူအားပြောပြပြီး အရေးယူပေးရန်တိုင်တန်းခဲ့ရာ မင်းမင်းထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်