အရင်းမပျောက် မတည်ငွေများ ပြန်မဆပ်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး အချင်းချင်း အမှုဖွင့်တိုင်တန်း

ပို့စ်တင်ချိန် - 5/12/2014 05:26:00 AM


သတင်း၊ ကိုတိုးကြီး
ရွှေဘို၊ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုမြိ့မရဲစခန်းတွင် မေလ ၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် က မြို့နယ်ခွဲ အထွေထွေအုပ်ချုပ် ရေးမှူးတစ်ဦးအား အရင်းမပျောက် မတည်ငွေများကို ပြန်လည်ပေး ဆပ်ခြင်း မရှိဟုဆိုကာ တရားဥပဒေအရ အရေးယူပေးရန် လာရောက်တိုင်တန်းခဲ့သည့် ဖြစ်စဉ်တစ်ရပ်ပေါ် ပေါက်ခဲ့ကြောင်း ၎င်းရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ ကျောက်မြှောင်းမြို့နယ်ခွဲ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးအရေးယူဖို့ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင်တရားလိုလုပ်ပြီး လာရောက်တိုင်းတန်းခဲ့တာဖြစ်ပါတယ်…” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆက်လက်၍ ပြောပြသည်။
ရွှေဘိုမြို့နယ်၊ ကျောက်မြှောင်းမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသော ဦးထွန်းကျော်(ပ/ ၄၅၇၁) ဆိုသူမှ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပေးဆပ်ရန်ကျန်ရှိသည့် ငွေများအနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေ(၁၀)သိန်းကျပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှငွေ(၅) သိန်းကျပ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှငွေ(၅)သိန်းကျပ်၊ စုစုပေါင်းငွေကျပ်သိန်း(၂၀)အား သက်ဆိုင်ရာသို့ ပြန်လည်ပေး သွင်းခြင်းမရှိဟုဆိုကာ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်(ပ/၄၁၁၁) ဆိုသူက ရဲ စခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ကျောက်မြှောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးအား အရေးယူနိုင်ရန် ရွှေဘိုမြို့မရဲစခန်းက(ပ) ၂၁၉/ ၂၀၁၄ ပြစ် မှုပုဒ်မ ၄၀၉ အရ အမှုဖွင့်လက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှုကိစ္စကိုလည်း ရဲအုပ် မင်းနိုင်ဆိုသူက စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးကို အမှုဖွင့်တိုင်းတန်းထားပြီးပါပြီ…။ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေတဲ့ သိန်း( ၂၀)ကို ဦးထွန်းကျော်က ၂၀၁၃၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပေးဆပ်မယ်ဆိုပြီး ကတိဝန်ခံချက် လက်မှတ်ရေး ထိုးထားပါတယ်..။ မနှစ်ပိုင်း ဇူလိုင်လ ၂၆ ရက်နေ့ကစတင်ပြီး ပိုက်ဆံလည်းပြန်မဆပ်ဘူး..။ လူလည်းအ ဆက်အသွယ်မလုပ်တော့ဘူး..။ အဲ့ဒါကြောင့် အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်…” ဟု ရွှေဘိုမြို့နယ် ထွေ အုပ်ရုံးရှိ ရုံးစာရေးတစ်ဦးမှ တုန့်ပြန်ပြောကြားခဲ့သေးသည်။

ကိုတိုး ချင်းတွင်း