မေ့ဆေးမသုံးဘဲ မိမိနံရိုးကို မိမိဖြတ်ထုတ်ပြီး လည်ပင်းဆွဲပြခဲ့တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ပြကွက်

ပို့စ်တင်ချိန် - 5/12/2014 01:47:00 PM




အေသင်အောင်

တရုတ်နိုင်ငံက အနုပညာရှင် တစ်ဦးဟာ ထူးခြားတဲ့ ပါဖောမန့် ပြကွက်တွေကြောင့် ထင်ရှား ကျော်ကြားသူအဖြစ် ရပ်တည် နေပါ တယ်။ ဟီယန်ချောင်ဟာ သူ့ရဲ့ ခန္ဓကိုယ်ကို အသုံးပြုပြီး ပါဖောမန့်တွေ ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါပြုလုပ်ခဲ့တဲ့ ပါဖောမန့် ပြကွက်ကတော့ စွန့်စားလွန်းရာ ရောက်ခဲ့ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟီယန်ချောင် ဟာ မေ့ဆေးမပါဘဲ သူ့ရဲ့နံရိုးကို ဖြတ်ထုတ် ပြီး လည်ပင်းမှာ ပြန်လည် ၀တ်ဆင် ပြခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု မပြုလုပ်ခင် လည်ပင်းနဲ့ ပေါင်တို့ မှာ ကင်မရာတွေ တပ်ဆင်ပြီး နံရိုးကို (၁)စင်တီမီတာခန့် ဖြတ် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြကွက်ပြုလုပ်ဖို့ ဒီမိုကရေစီ နည်းလမ်းကျ ဆန္ဒမဲ ကောက် ခံခဲ့ပါတယ်။ လူ(၂၅)ဦးကို ဆန္ဒမဲ ကောက်ခဲ့ရာမှာ (၁၂) ဦးက ထောက်ခံခဲ့ပြီး (၁၀)ဦး က ကန့်ကွက်ကာ သုံးဦးက ကြားနေခဲ့ပါတယ်။ ဒါကြောင့် ဟီယန်ချောင်ဟာ သူ့ရဲ့ပြကွက်ကို ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟီယန်ချောင်က နေ့စဉ်လူနေမှုဘ၀ တွေဟာ ကြမ်းတမ်းလွန်းတာမို့ ဒီပြကွက်ကို ပြသဖို့ ဖြစ်ပေါ်လာရတာပါ။ ကျွန်တော့်အနေ နဲ့ လူတွေကို ပြောင်းလဲသွားဖို့ ဆန္ဒရှိပါတယ်”” လို့ ပြောသွားခဲ့ပါတယ်။ ၁၉၆၇ မှာ မွေးဖွား ခဲ့တဲ့ ဟီယန်ချောင်ဟာ ကွန်ကရစ်တုံး တွေထဲ (၂၄)နာရီ ကြာအောင် ၀င်ရောက်ပြီး ပြန်ထွက်နိုင်အောင် ပြုလုပ်ခဲ့တဲ့ပြကွက်မျိုးတွေ ကိုလည်း ပြုလုပ်ခဲ့သေးပါတယ်။ တရုတ်လူ့ အဖွဲ့အစည်းဟာ ရှုပ်ထွေးလွန်း တာမို့ ပြကွက် ဆန်းတွေ ပြသရခြင်းဖြစ်တယ်လို့ ဟီယန် ချောင်က ဆိုခဲ့ပါတယ်။ နောက်ပြီးသူက တရုတ်နိုင်ငံမှာ ခန္ဓာကိုယ်ကို တန်ဖိုးထား လွန်းတာမို့ ဒီလိုပြသဖို့ စွန့်စားခဲ့တာဖြစ်ပါ တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
The Messenger