လန်ဒန်ဂေးကလပ်မှာ ခပ်ကြမ်းကြမ်း ဖျော်ဖြေခဲ့တဲ့ မိုင်လီဆိုင်းရပ်စ်

ပို့စ်တင်ချိန် - 5/12/2014 06:03:00 PM


မကြာမီ ရက်ပိုင်းအတွင်းက လန်ဒန်ရှိုးပွဲမှာ ခပ်လန်းလန်းတွေ ၀တ်ပြီး လူငယ်ပရိသတ်တွေကို သူမစိတ်ထင်ရာတွေ ပြောပြီး ဖျော်ဖြေခဲ့တဲ့ မိုင်လီတစ်ယောက် အခုလည်း လန်ဒန်က ဂေးကလပ် (G-A-Y nightclub) မှာ ခပ်ကြမ်းကြမ်းပုံစံနဲ့  ပြီးခဲ့တဲ့ သောကြာနေ့ညက ဖျော်ခြေခဲ့ပြန်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်ဟန်လို့ ပြောရမလို ဖြစ်နေတဲ့ လျှာထုတ်တဲ့ အမူအရာတွေ အပြင် လေထိုးရုပ်နဲ့ လိင်ဆက်ဆံနေတဲ့ မသင့်တော်တဲ့ ကကွက်၊ ပြကွက်တွေကို မလုံတလုံ အဖော်အချွတ် အ၀တ်အစားတွေနဲ့ တင်ဆက်ခဲ့တာ အလွန့်ကို ညစ်ညမ်းတဲ့ ရှိုးဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြခံရပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမက လူတိုင်း က နည်းနည်းတော့ ခြောက်ကြတာပဲ။ တချို့ကတော့ သူများထက်နည်းနည်းပိုသွားတာပဲ ရှိတယ်။ ဒါအမှန်ပဲလေ လို့ သူမက ပြောသွားခဲ့ပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမသူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုပါ ကျင်းပခဲ့ပြီး သူမကတော့ မွေးနေ့လက်ဆောင် အဖြစ် ယောက်ျားတန်ဆာ ပုံဖော်ထားတဲ့ မွေးနေ့ကိတ် ပေးခဲ့တယ်လို့ သိရပါတယ်။


World-Myanmar News
ref: starpulse