မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်

ပို့စ်တင်ချိန် - 5/12/2014 07:37:00 PM

မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံသားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

မေလ ၁၁ ရက်နေ့က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အလုပ်သမား လေ့ကျင့်ရေး ကျောင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမားအရေး တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ကတိပေးကြကြောင်း ဒုဝန်ကြီးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့အခါ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ ရောင်းစားခံရတာ စတဲ့ပြဿ  နာတွေ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီး နဲ့ အလုပ်သမား ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

DVB Burmese