လယ်ကွင်းအတွင်း နွားလှန်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး

ပို့စ်တင်ချိန် - 5/12/2014 06:11:00 AM


နေပြည်တော်၊ မေ ၁၁
၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုပြည်သူ့ ဆေးရုံသို့ မိုးကြိုးထိမှန်သေဆုံးသူတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ အုတ်ဖိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အုတ်ဖိုမြို့နယ်၊ ရေငံကျေးရွာနေ မဖြူဖြူဝင်း(ခ) မိပုတ်(၃၂)နှစ်အား ရင်ဘတ်/လည်ပင်းညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက် အရ ယင်းနေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် မဖြူဖြူဝင်း(ခ)မိပုတ်နှင့် သမီးဖြစ်သူ မသဲဖြူခိုင်(၁၂)နှစ်တို့ ၂ ဦး ရေငံကျေးရွာမြောက်ဘက်ရှိလယ်ကွင်းအတွင်း နွားလှန်နေစဉ် မိုးကြိုးပစ်ချမှုကြောင့် မဖြူဖြူဝင်း (ခ)မိပုတ်မှာ ရင်ဘတ်/လည်ပင်းညိုမဲဒဏ်ရာများရရှိပြီး လဲကျသတိမေ့သွားခဲ့ကြောင်း၊ ထို့နောက် ၎င်းင်းအား နေအိမ်သို့သယ်ယူလာစဉ် လမ်း၌သေဆုံးသွားခဲ့သဖြင့် အုတ်ဖိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး အုတ်ဖိုမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်