ဆာဗာ ၃ သိန်းကျော်တွင် Heartbleed အားနည်းချက် ရှိနေဆဲဟုဆို

ပို့စ်တင်ချိန် - 5/12/2014 07:59:00 PM


အလွန်အရေးကြီးသည့် Heartbleed အားနည်းချက်ကို ပထမဦးဆုံး တွေ့ရှိခဲ့ပြီး တစ်လခန့်အကြာတွင် အဆိုပါ အားနည်းချက်ရှိသည့် ဆာဗာ ၃၀၀၀၀၀ ကျော်ရှိနေဆဲဖြစ်ကြာင်း လုံခြုံရေး သုတေသနပညာရှင် Robert David  Graham က ပြောကြားလိုက်သည်။

Graham ၏ ကမ္ဘာတစ်ဝန်း အင်တာနက် Scan ပြုလုပ်ချက်အရ ဆာဗာ ၁.၅ သန်းတွင် OpenSSL ၏ heartbeat feature ကို ဆက်လက်ထောက်ပံ့နေ ဆဲဖြစ်ကြောင်း၊ ၎င်းအနက် ဆာဗာ ၃၁၈၂၃၉ တွင် Heardbleed အားနည်းချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းအချက်သည် အတည်ပြုထားသည့် အချက်အလက်ဖြစ်ပြီး Graham ၏ စာရင်းတွင် မပါဝင်သည့် ဆာဗာများတွင် spam blocking နှင့် အစဉ်အလာကို ဆန့်ကျင်ထားသည့် OpenSSL တို့ကို အသုံးပြုထားကြောင်း ဆိုသည်။

သို့သော်လည်း Heartbleed အားနည်းချက် ပြင်ဆင်ထားသည့် အရေအတွက်နှင့် အဆိုပါ အားနည်းချက်ကြောင့် မည်မျှပျက်စီးမှုကြုံတွေ့ခြင်းနှင့် ပတ်သက်၍ အတိအကျမသိရသေးပေ။ သို့ရာတွင် Google ကဲ့သို့သော နာမည်ကျော်ဝန်ဆောင်မှု ကုမ္ပဏီများသည် ၎င်းတို့၏ ဆာဗာအများစုကို ချက်ချင်းပြင်ဆင်ခဲ့ကြောင်း သိရသည်။

Heartbleed အားနည်းချက်ရှိသည့် ဆာဗာသည် တိုက်ခိုက်သူက private key များခိုးယူခြင်း၊ password များကို ကြားဖြတ်ရယူခြင်းနှင့် session တစ်ခုလုံးကို တရားမဝင် ရယူအသုံးပြုခြင်းတို့ ပြုလုပ်နိုင်သည်။

နောင်နောင်
Ref: TheVerge
Internet Journal