ဌာနပိုင်မြေမှာ ကွန်ဒိုဆောက်မှု လွှတ်တော်အမတ် ဆန္ဒပြ

ပို့စ်တင်ချိန် - 5/12/2014 05:26:00 AM


ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း နဲ့ အောင်ဇေယျလမ်းထောင့်က သမဝါယမ ဌာန ပိုင်မြေပေါ်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းဆောက် လုပ်နေတာကို ကန့်ကွက်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဒီကနေ့ အဲ့ဒီနေရာမှာ တစ်ကိုယ်တော် ဆန္ဒပြ ကန့်ကွက်ခဲ့ပါတယ်။

သူ အခုလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က

“ရွှေမိုးကောင်ကွန်ဒိုမီယံ ဆောက်လုပ်တဲ့မြေဟာ သမဝါယမမြေပါ၊သမဝါယမအသင်းစုအဖြစ် ကျနော်နှစ်ပေါင်းများစွာ လမ်းစဉ်ပါတီခောတ် ကတည်းကနေပြီး တပ်မတော်အစိုးရ တလျှောက် လုံး ရပ်တည်ခဲ့တဲ့ သမဝါယမပိုင်အသင်းစုမြေပါ ၊ကြံခင်းမြို့နယ် သမဝါယမအသင်းစုတွေ ကျနော် သိပါတယ် ကျနော့်မဲဆန္ဒနယ်မြေပါ၊ဒီသမဝါသမ ပိုင်မြေ ရရှိရေးအတွက် ကျနော်ဆောင်ရွက်နေကြောင်း အခတ်အခဲတွေရှိရင် ကျနော့်ကို ဆက်သွယ်ဖို့ အကြောင်းတွေ ကျနော်ပြောပြီးသားပါ၊ဒါပေမဲ့ အခုကွန်ဒိုမီယံဖြစ်သွားတဲ့အခါ သမဝါယမအမှုဆောင် ကြီးတွေ တစ်ယောက်မှ မရှိတော့ပါဘူး၊သမဝါယမဆိုင်တွေမဟုတ်ပါဘူး လူတွေပါ မရှိတော့တာပါ ဒါပြောမယ်ဆိုလို့ရှိရင်ပေါ့နော် နောက်ကွယ်မှာပြောလို့ရှိရင် ဒါဟာအဂတိလိုက်စာမှုတွေ၊လာဘ်ပေး လာဘ်ယူမှုတွေ ပါဝင်ပတ်သက်နေမယ်လို့ ကျနော် ယူဆလို့ရတယ် ”

အဆင့်မြင့်ကွန်ဒိုတိုက်ခန်းဆောက်လုပ်နေတဲ့ နေရာဟာ အရင် အစိုးရ အဆက်ဆက် ကတည်းက သမဝါယမ အသင်းပိုင်မြေနေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တောင်ဥက္ကလာပမြို့နယ် ဝေယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာ ကွန်ဒိုတိုက်ခန်းဆောက်လုပ်မယ့်အစီအစဉ်ကို ဦးဖုန်းမြင့်အောင်က တစ်ကိုယ်တော် ကန့်ကွက် ဆန္ဒပြခဲ့ဖူးပါတယ်။ အဲဒီနေရာဟာ ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးစိုက်ရာနေရာဖြစ်ခဲ့ပြီး ရုံးမစိုက်ခင်က အစိုးရပိုင်မြေနေရာဖြစ်တယ်လို့သိရပါတယ်။

ဦးဖုန်းမြင့်အောင်ဟာ ရန်ကင်း နဲ့ တောင်ဥက္ကလာပ အပါအဝင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။

RFA