စန္ဒီမြင့်လွင်ရဲ့ ကလီယို ပါထရာ တေးစီးရီးသစ်ထွက်မယ်

ပို့စ်တင်ချိန် - 5/12/2014 06:23:00 PM


အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ကလီယို ပါထရာ ဆိုတဲ့ တေးစီးရီးသစ် လက်မှတ်ရေးထိုး ဖျော်ဖြေပွဲကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။


 ဓာတ်ပုံ- စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘုတ်

ကလီယို ပါထရာ ဖြစ်သွားတဲ့ စန္ဒီမြင့်လွင်ရဲ့ အဲဒီ လက်မှတ်ရေးထိုး ဖျော်ဖြေပွဲကို ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီက ၈ နာရီထိ Junction Square မှာ ကျင်းပမှာဖြစ်တယ်လို့ စန္ဒီမြင့်လွင်က သူ့ဖေ့စ်ဘုတ်ကနေ အသိပေးထားပါတယ်။

စန္ဒီမြင့်လွင်ရဲ့ ချစ်နေတုန်းပဲ ဆိုတဲ့ တေးသီချင်းဟောင်းလေးကိုတော့ ပရိသတ်က စွဲမက်ခဲ့ပါတယ်။

အခု အသစ်ထွက်ပေါ်လာတဲ့ ကလီယိုပါထရာကိုလည်း ဘယ်လို သီဆိုဖျော်ဖြေထားတယ်ဆိုတာ လာမယ့် လဆန်းဆိုရင် ဧရာဝတီပရိသတ်လည်း သိရပါတော့မယ်။

အခုတော့ တချိန်က ချစ်နေတုန်းပဲ ဆိုတာလေးကို နားဆင်ကြည့်လိုက်ပါအုံးနော်။

 
အိမ့်သံစဉ် ~
Irrawaddy