ဖာဂူဆန်၏ကတိစကားကြောင့် မန်ယူကို ဗန်ဟား တာဝန်ယူမည်ဟု သတင်းထွက်ပေါ်

ပို့စ်တင်ချိန် - 5/12/2014 05:53:00 AM


မန်ယူနည်းပြအဖွဲ့ကို ဖိအားပေး လွှမ်းမိုးမှုများ ပြုလုပ်မည်မဟုတ်ဟု ဂန္ထ၀င်နည်းပြဟောင်း ဖာဂူဆန် ကတိပေးခဲ့ပြီးနောက် ဟော်လန်နည်းပြ ဗန်ဟားမှာ မန်ယူနည်းပြ ရာထူးကို လက်ခံခဲ့ပြီဖြစ်ကြောင်း The People သတင်းစာက ဖော်ပြသွားသည်။ မန်ယူနည်းပြ ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဗန်ဟားမှာ ဖာဂူဆန်၏ လွှမ်းမိုးမှုကို စိုးရိမ်နေသည့်အတွက် အသင်းအမှုဆောင်ချုပ် ၀က်စ်ဝုဒ်နှင့် ဆွေးနွေးခဲ့ရာတွင် ဖာဂူဆန်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ခြင်းဟု သိရသည်။

ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် ဗန်ဟားအနေဖြင့် လာမည့်သီတင်းပတ်အတွင်း နည်းပြရာထူး ရယူသွားမည်ဖြစ်ပြီး ၎င်း၏နည်းပြ အဖွဲ့တွင် ဂစ်၊ ဖီးလ်နဗီးလ်၊ နစ်ကီဘတ်တို့ကို ထည့်သွင်းရန် ကိစ္စအား ဆက်လက်ဆွေးနွေးနေကြောင်း အဆိုပါ သတင်းစာက ဖော်ပြသွားသည်။

@z (ရိုးရာလေး)