အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်းပြောကြား

ပို့စ်တင်ချိန် - 5/12/2014 05:28:00 AM


မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေ စဉ်အတွင်းမှာ ဒေသတွင်း ရွှေ့ပြောင်းအလုပ် သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီအစဉ်ကို ကြိုးပမ်းသွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြော ကြားလိုက်ပါတယ်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်လှစ်ပွဲအခမ်း အနားမှာ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတက သတင်းစာရှင်းလင်းပွဲ ကျင်းပ ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲ ပူးပေါင်းဆောင်ရွက်မယ့်အထဲမှာ ပြည်သူဗဟိုပြု အာဆီယံအဖွဲ့ဖြစ်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ တစ်ခုတည်းသော ဈေးကွက် ဖြစ်လာရေး ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးမှာ အားလုံး လက်ခံနိုင်မယ့် အကောက်ခွန်စနစ်တစ်ခု ဖြစ်လာရေး စတဲ့ ၂ဝ၁၅ အလွန် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်တွေကိုလည်း အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ အကူအညီပေးနိုင်မှုတွေမှာ ထိရောက်မှုရှိအောင် ရှိထားပြီးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက် နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်တွေကိုလည်း ပိုမိုထိရောက်အောင် ကြိုးပမ်းဖို့ ကိုလည်း အဖွဲ့ဝင်တွေက သဘောတူခဲ့ကြပါတယ်။

RFA