Eurovision ဆု ဆွတ်ခူးခဲ့သူ မုတ်ဆိတ်ပျိုမေ

ပို့စ်တင်ချိန် - 5/12/2014 06:05:00 PM


အမျိုးသား အဆိုတော်မှ မုတ်ဆိတ်မွှေးတွေနဲ့ အမျိုးသမီး အဆိုတော် အဖြစ် သရုပ်ဆောင်ပြိုင်ပွဲ ၀င်ခဲ့တဲ့ Conchita Wurst တစ်ယောက် ကမ္ဘာကျော် တစ်ဦး ဖြစ်လာခဲ့ပါတယ်။


စနေနေ့ည ပြိုင်ပွဲမှာတော့ သူမရဲ့ ဖျော်ဖြေတင်ဆက်မှုက သူမကို ရမှတ်ပေါင်း ၂၉၀ အထိ ရရှိစေခဲ့ပြီး အကောင်းဆုံးဆု လက်ခံရရှိခဲ့ပါတယ်။ ဆုအပြင် သူမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပရိသတ်တွေ ရရှိခဲ့ပြီး ကျွမ်းကျင်သူများကတော့ ပေါင် ၂၅ မီလီယံတန်ဖိုးလောက် များတဲ့ ၀င်ငွေ ရနိုင်တယ်လို့ ခန့်မှန်းကြပြီး ၁၉၇၄ ခုနှစ်မှာ ပြိုင်ပွဲဝင်ခဲ့တဲ့ Abba ပြီးတဲ့နောက် သူမဟာ အကောင်းဆုံး နဲ့ လူသိအများဆုံး အောင်မြင်သူ ဖြစ်လာခဲ့ပါတယ်။

ယခုလို အသွင်အပြင် ပုံစံ မပြောင်းခင်က Conchita Wurst ( နာမည်ရင်း Thomas Neuwirth) အသက် ၂၅နှစ် ဟာ Jetzt Anders ( အင်္ဂလိပ် ဘာသာဖြင့် Now Different) လို့ အမည်ရတဲ့ ယောက်ျားလေး အဖွဲ့မှာ အဖွဲ့ဝင်တစ်ဦး ဖြစ်ဖို့ ကြိုးစားခဲ့ပြီး အောက်မှ ပုံမှာတော့ မုတ်ဆိတ်မရှိဘဲ ရှင်းသန့်နေတဲ့ Thomas Neuwirth ကိုတွေ့ရမှာ ဖြစ်ပြီး ယခုအခါ ကမ္ဘာ့တစ်လွှားကသူတွေ အာရုံစိုက်ခြင်း ခံရတဲ့ Conchita Wurst ကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။


Jetzt Anders အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး အဆင့်အထိ ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ ဆံပင်အရှည် မျက်တောင်ကော့ကောတွေနဲ့ မိန်းကလေးတစ်ဦး ပုံစံ ၀တ်ဆင်ပြီး ပြိုင်ပွဲ ၀င်ခဲ့ရာကနေ အခုအခါမှာတော့ အားလုံး အာရုံစိုက်ခံရတဲ့ မုတ်ဆိတ်တွေနဲ့ ပျိုမေ ဖြစ်လာခဲ့ပါတယ်။

သူမ ဆုလက်ခံခဲ့ချိန်မှာတော့ သူမက အနာဂတ်မှာ  ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှု ကို ယုံကြည်သူတိုင်းအတွက် ရည်ရွယ်ခဲ့ပြီး  တို့အားလုံး တစ်သားတည်း ရှိတယ်လို့ ပြောခဲ့ပါတယ်။

ကဲသူ့ရဲ့ Rise like Phoenix ဆိုတဲ့ သီချင်းကို ဘယ်လို ဖျော်ဖြေတင်ဆက်ထားတယ် ဆိုတာကို  နားဆင်ကြည့်ရှုရအောင်နော်။


World-Myanmar News မှ ဆီလျော်အောင် ဘာသာပြန်သည်။
ref: dailymail.co.uk